ဗိုလ်ထက်မင်း ဝေဖန်ရေးရာ

ဗိုလ်ထက်မင်း – တပ်မတော်ခေါင်းဆောင်ရဲ့ ဥပဒေကိုင်စွဲ ဘက်မလိုက် ရင့်ကျက်မှု လက္ခဏာတွေဆိုတာ ဘာလဲ … ဘယ်လဲ … (၂)

 ဗိုလ်ထက်မင်း – တပ်မတော်ခေါင်းဆောင်ရဲ့ ဥပဒေကိုင်စွဲ ဘက်မလိုက် ရင့်ကျက်မှု လက္ခဏာတွေဆိုတာ ဘာလဲ … ဘယ်လဲ … (၂)
(မိုးမခ) မတ်လ ၂၁၊ ၂၀၁၅

(၁)

တပ်ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်စတင်ဖြစ်တာနဲ့ လက်ခမောင်းခပ်လိုက်ပုံက ရန်ကုန်တိုင်း တိုင်းမှူးနဲ့ ကစထ ၅ မှူးတို့ကို ဖြုတ်ပစ်လိုက်ပါတယ်။ ရန်ကုန်တိုင်းမှူးဆိုရင် မိမိတိုင်းထဲကိုပင် ရုတ်တရက်ပြန်ဝင်လို့ မရတဲ့အခြေအနေထိ ကြုံခဲ့ရကာ ဒုဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးပင် သဘောမတွေ့တဲ့လေသံ ထွက်ခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး တိုင်းမှူးတွေကို အနောက်မှ အရှေ့သို့၊ တဖန် မြောက်မှ တောင်သို့ နာရီစက်ဝန်းအတိုင်း ဇစ်ဇက်ကန့်လန့်ဖြတ် စိတ်မထင်ရင်မထင်သလို ဗျောင်းဆန်အောင် ရွေ့ပစ်တဲ့စံချိန်ကျိုးတာကြောင့်

တိုင်းမှူးတွေခင်မျာ ကျောပိုးအိတ်အမြဲပိုးထားရပြီး တထိတ်ထိတ်နဲ့ သူမျက်နှာကိုပဲ နေ့စဉ်မှန်းပြီး ဆုတောင်းနေရပါတယ်။ တိုင်းလက်အောက်ခံတပ်တွေရဲ့ သက်သာချောင်ချိရေးကို ပစ်ပယ်ရတဲ့အနေအထား ဆိုက်ရောက်ခဲ့တယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျောင်းတက်စဉ်ဗိုလ်လောင်းဘ၀တုံးက သူ့ကို သူငယ်ချင်းများက ကြောင်ချီးလို့ nick name ပေးခဲ့တယ်လို့ သိရပါတယ်။ ကြောင်ချီးဆိုတာက ပျော့ပျော့လေးနဲ  နှံတဲ့သူ၊ အခုတမျိုး တော်ကြာတမျိုး၊ အပြောနဲ့လက်တွေ့ မညီ၊ မျက်နှာမှာသာသာယာယာ တွေ့ရပေမဲ့၊ စိတ်မှာဘာဖြစ်နေမှန်း ခန့်မှန်းရခက်သူ … စတဲ့ ၀ိသေသထူး စစ်ခေါင်းဆောင် အင်္ဂါရပ်များ ပိုင်ဆိုင်သူဖြစ်ပါတယ်။

သူဟာ ၁၉၉၅ ခုနှစ်မှာ ဒုဗိုလ်မှူးကြီး၊ တပ်ရင်းမှူး ဖြစ်ခဲ့ပေမဲ့ ၁၉၉၉ ခုနှစ်ကျမှ ဗျုဟာမှူး၊ ဗိုလ်မှူးကြီးဖြစ်လာရလို့ သူများထက်နောက်ကျတယ်၊ (ထိုစဉ်က ယခုပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို တပတ်စဉ်တည်း သူငယ်ချင်းဖြစ်သူက ဗိုလ်မှူးကြီး စောဖြစ်ဟန်တူပါတယ်) ဆိုပြီး အစည်းအဝေးပြီးတိုင်း အလွတ်သဘောပြောရာမှာ ငြီးတွားခဲ့တယ်လို့ သိရပါတယ်။ တဖန် သူ နပခတိုင်းမှူးဘ၀မှ တဂခ တိုင်းမှူးသို့ ထပ်မံပြောင်းရွှေ့ခံရတုံးကလည်း စိတ်အနှောက်အယှက် သူ့စိတ်တွင် ဖြစ်ပေါ်နိုင်မယ်လို့ တွက်ဆခဲ့ရာ … သူ့အနေနဲ့ ယခုလို တိုင်းမှူးများကို လုပ်တဲ့ဖြစ်စဉ်တွေဟာ ကိုယ်ချင်းစာနာစိတ် သတိရဟန်မတူကြောင်း သုံးသပ်မိပါတယ်။

(၂)

မကြာသေးမီကလေးကမှ လေးလပတ် ကကကြည်းအစည်းအဝေးအပြီး ရာထူးတိုးမြှင့်ရေးအမိန့် ကြော်ငြာစာမှာ တန်းမြှင့်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်တဦးအား ရမခ ဒုတိုင်းမှူးအဖြစ် ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။ အပြင်ကကြည့်ရင် ရာထူးတိုးတယ်သဘော ထင်ရပေမဲ့ အဲဒီတန်းမြှင့်သင်တန်းကျောင်းအုပ်ကြီးအများစုဟာ ယခင်တပ်မမှူး ဗိုလ်မှူးချုပ် ဖြစ်ကြပြီး၊ သူတို့ကို ခိုင်လုံတဲ့အကြောင်းပြ

ချက်မရှိဘဲ တိုင်မှူးမပေးချင်တော့လို့ ကျောင်းအုပ်ကြီးအဖြစ် ချောင်ပို့ ခံရသူများဖြစ်ပါတယ်။ စစ်တပ်ရာထူးကြီးစဉ်အရ တပ်မမှူးဟာ ဒုတိုင်းမှူးထက်ပိုပြီးမြင့်ပါတယ်။ ဒုတိုင်းမှူးဖြစ်လာတဲ့ အဲဒီကျောင်းအုပ်ကြီးဟာ ယခင်က တပ်မမှူး နှစ်ကြိမ် ပြောင်းရွှေ့ခံထားရသူလည်း ဖြစ်တယ်လို့လည်း သိရပါတယ်။ ပါဝါအဆင့်လိုက်မဟုတ်တော့ဘဲ စစ်အာဏာရှင်တယောက်လို လုပ်ချင်ရာလုပ်နေတဲ့သဘော ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက သိရတာက အဲဒီကျောင်းအုပ်ကြီးများဖြစ်နေကြတဲ့ တပ်မမှူးဟောင်း ဗိုလ်မှူးချုပ်တွေဟာ အလုပ်သင်ဗိုလ်လောင်းကျောင်းဆင်းတွေ၊ ဗိုလ်ချုပ်အောင်ဆန်းကိုဂုဏ်ပြုသောအားဖြင့် တေဇများဖြစ်ကြလို့ သူကိုယ်တိုင် DSA ကျောင်းတော်ကြီးစိတ်ဓါတ် ပြင်းကာ တမင်သူတို့ကိုနှိမ်ထားတယ်လို့ သိရပါတယ်။ ဒီတေဇကျောင်းဆင်းအရာရှိကြီးတွေ စစ်မြေပြင်မှာ ထူးချွန်တာကို အ

သိအမှတ်မပြုတဲ့အပြင် စာပေးစာယူဘွဲ့ကြိုးစာပြီး ရယူထားတာကိုလည်း အသိအမှတ်မပြုကြောင်း သိရပါတယ်။ အဲဒီကျောင်းဆင်းသာမက တက္ကသိုလ်များမှဘွဲ့ရပြီး OTS ကျောင်းဆင်းများကိုတောင် ထိပ်ပိုင်းကို နေရာမပေးတာ တွေ့ရပါတယ်။ ယခင်စစ်ရေးချုပ်ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ကို ကစထမှူးပြောင်းလိုက်တာတွေ၊ ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းကို နယ်စပ်စည်ပင်ဝန်ကြီးအဖြစ် ပထုတ်လိုက်တာတွေဟာ အုပ်စုဖွဲ့ ဘက်လိုက်ကာ အာဏာနီတည်ဆောက်ချင်လို့ ဖြစ်တယ်။

သူရဲ့တပည့်ဖြစ်ခဲ့ဘူးတဲ့ ဗိုလ်ချုပ်ညိုစော ဟာ လပခတိုင်းမှူးကနေ စစ်ထောက်ချုပ်ရာထူးကို သာသာယာယာနဲ့ဘဲ ခုန်တက်သွားပါတယ်။ ကိုညိုစောဟာ တပ်ချုပ် တပ်မ (၄၄) တပ်မမှူးဖြစ်ကတည်းက တပ်မ တွဲဘက်ဆိုပြီး အနီးကပ်ခေါ်ယူ မြှောက်စားခံရသူဖြစ်ပါတယ်။

(၃)

တပ်ချုပ်ဟာ သူနဲ့ မကြည်ရင်မကြည်သလို ဗိုလ်မှူးချုပ်တဦးကို စစ်သံမှူးသွားခိုင်းတာ အစဉ်အလာရှိခဲ့ပေမဲ့ တပတ်စဉ်ထဲ သူငယ်ချင်းကျတော့ သနားလို့ဆိုကာ ဗိုလ်မှူးကြီးအဆင့်နဲ့ပင် စစ်သံမှူးကိုစေလွှတ်တာလည်း တွေ့ ရပါတယ်။ အခြေခံဥပဒေအရ တပ်ချုပ်အနေနဲ့ အစိုးရအဖွဲ့မှာ ခန့်ပိုင်ခွင့် (ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်စည်ပင်ဝန်ကြီး) ဆိုပြီး ၀န်ကြီး ၃ နေရာ သတ်မှတ်သော်လည်း၊ ကေအိုင်အေနဲ့ တိုက်ပွဲများမှာ မကျေလည်လို့ ဗိုလ်ချုပ်ဇေယျာအောင်(ယခင်မပခတိုင်းမှူး)အား ရထားဝန်ကြီးအဖြစ်ဇွတ်သွတ်သွင်းတာ၊ ဒုဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ လှမင်း ကို ပြန်ခေါ်တာတွေ၊ လွတ်တော်အတွင်း တပ်မတော်အရာရှိများကို မကြာခဏ ချိန်းပစ်တာဟာ ဥပဒေနဲ့အညီ ဖြစ်မဖြစ် သံသယ ရှိပါတယ်။

Photo – DVB Burmese News


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဗိုလ်ထက်မင်း – တပ်မတော်ခေါင်းဆောင်ရဲ့ ဥပဒေကိုင်စွဲ ဘက်မလိုက် ရင့်ကျက်မှု လက္ခဏာတွေဆိုတာ ဘာလဲ … ဘယ်လဲ … (၂)
  1. corruption အဂတိလိုက်စြားမှုတွေမှာ ကိုယ်လူကိုထည့်တဲ့ nepotism က တော်တော်ဆိုးတယ်။ ပြီးတော့ ကိုယ်တက်လာရင် အရင်လူတွေ အမြစ်ကအစအကုန်ဖြုတ်တာလဲ nepotism ပါပဲ။

Comments are closed.