Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

Yangon Runway ရုပ်ရှင်ဇာတ်ကားက မြန်မာသရုပ်ဆောင်များနှင့် ဂျပန်အက်ရှင်မင်းသားကြီး ဆန်နီချီးပါးတို့ စာနယ်ဇင်းတွေ့ဆုံ

  Yangon Runway ရုပ်ရှင်ဇာတ်ကားက မြန်မာသရုပ်ဆောင်များနှင့်  ဂျပန်အက်ရှင်မင်းသားကြီး ဆန်နီချီးပါးတို့ စာနယ်ဇင်းတွေ့ဆုံ
ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ၊ မတ် ၁၇၊ ၂၀၁၅

Living Songs Entertainment က ထုတ်လုပ်ရိုက်ကူးမည့်  Yangon Runway ရုပ်ရှင်ဇာတ်ကား တွင် ပါဝင်သရုပ်ဆောင်မည့် မြန်မာသရုပ်ဆောင်များနှင့် ဂျပန်အက်ရှင်မင်းသားကြီး ဆန်နီချီးပါး တို့ စာနယ်ဇင်းတွေ့ဆုံပွဲကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးပတ်လမ်း တင့်ကားကုန်း အနီးရှိ အသစ်ဖွင့်လှစ်ထားသော Hotel Esparado  တွင် ပြုလုပ်ခဲ့သည်။

Yangon Runway ရုပ်ရှင်တွင် ဂျပန်မင်းသမီးနှစ်ဦး နှင့်အတူ ဟောလိဝုဒ်စတား မင်းသားကြီး ဆန်နီချီးပါး ပါဝင်သရုပ်ဆောင်မည်ဆိုသည့်အတွက် ပရိတ်သတ်က အထူးစိတ်ဝင်စားခဲ့ကြပြီး  မြန်မာသရုပ်ဆောင်များအဖြစ် အကယ်ဒမီများရှင် မို့မို့မြင့်အောင်၊ အွန်ဆိုင်း နှင့် နာမည်ကြီး အမျိုးသားသရုပ်ဆောင်တစ်ဦးလည်းပါဝင်မည်ဖြစ်သည်။

စာနယ်ဇင်းရှင်းလင်းပွဲတွင် မင်းသားကြီးဆန်နီချီးပါး၊ အကယ်ဒမီများရှင် မို့မို့မြင့်အောင်၊ အွန်ဆိုင်း၊ ထုတ်လုပ်သူ ဒါရိုက်တာ ကိုဂျော်မရမ်တို့မှ ရှင်းလင်းပြောကြားပေးခဲ့ကြပြီး စာနယ်ဇင်းမှ သိလိုသည်များကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ပါသည်။
Yangon Runway ရုပ်ရှင်ဇာတ်ကားကို သင်္ကြန်အပြီးတွင် စတင်ရိုက်ကူးမှာ ဖြစ်ပြီး နှစ်ပတ်မြန်မာနိုင်ငံမှာအချိန်ယူရိုက်ကူးကာ ထုတ်လုပ်မှုအပိုင်းကို ၃လလောက်လုပ်ပြီးရင် ၂၀၁၅ ထဲမှာ မဟုတ်ရင်တောင် ၂၀၁၆ နှစ်ဆန်းပိုင်းမှာ ရုံတင်ပြသနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ကိုဂျော်မရမ်က ပြောပြခဲ့သည်။

Yangon Run Way ရုပ်ရှင်ဇာတ်ကား ဇာတ်လမ်းအကျဉ်းမှာ မြန်မာနိုင်ငံကိုလာရင်းနဲ့ ပြန်ပေးဆွဲခံရတဲ့ ကောင်မလေးကို အဖေဖြစ်တဲ့ မင်းသားကြီး ဆန်နီချီးပါး က လာကယ်မယ်။ မိဘမေတ္တာ ဒရာမာကားလည်းဖြစ်တယ်။ မမို့က သမီးဖြစ်တဲ့ အွန်ဆိုင်းကို ငယ်ငယ်တုန်းက ပိုက်ဆံအကြွေးကြောင့် မာဖီးရားကို ရောင်းလိုက်တယ်။ အွန်ဆိုင်းက မမို့သမီးပါအဖြစ်သရုပ်ဆောင်မှာပါ ဟုလည်း ကိုဂျော်မရမ်ထံမှ ထပ်မံသိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts