Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – မြန်မာနိုင်ငံနည်းပညာကုမ္ပဏီများအား Design Thinking နည်းပညာအကြောင်း မိတ်ဆက်

ရန်နောင် (ဗိုလ်တထောင်) – မြန်မာနိုင်ငံနည်းပညာကုမ္ပဏီများအား Design Thinking နည်းပညာအကြောင်း မိတ်ဆက်
(မိုးမခ) မတ်လ ၁၄၊ ၂၀၁၅

နည်းပညာကုမ္ပ္ပဏီများတည်ထောင်သူများအတွက် အလုပ်ရုံဆွေးနွေးပွဲ ကို မတ်လ ၁၃ ရက်မှ ၁၅ ရက်အထိ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းပေါ်ရှိ  ဖန်တီးရာ ရုံးခန်းတွင် ပြုလုပ်မည်ဖြစ်ပြီး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲကို မတ်လ ၁၃ ရက် နံနက် (၉) နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

ဤအလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲကို ဖြစ်မြောက်စေရန် မြန်မာနိုင်ငံ၌ ထူးခြားဆန်းသစ်သည့် နည်းပညာအသုံးပြုမှုတိုးတက် လာ စေရန် ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းဖြစ်သော ဖန်တီးရာမှ တာဝန်ယူကျင်းပခြင်း ဖြစ်သည်။ ဤအလုပ်ရုံဆွေးနွေးပွဲကျင်းပမှု တွင် တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သော Program Manager  ကိုရန်နောင်အုပ် မှ အောက်ပါအတိုင်း ပြောကြားသွားခဲ့သည်။

“ကျနော်တို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့တဝှမ်းမှာ Design Thinking ရဲ့ အရေးပါပုံကို သိရှိခဲ့ပြီး ဖြစ်ပါတယ်။ လူပုဂ္ဂိုလ် များကို စီးပွားရေးလုပ်ငန်းတွင် အဓိကထားတွေးခေါ်ပြီး ထူးခြားဆန်းသစ်သည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ရှာဖွေ သည့်အတွက် သုံးစွဲသူများ၏ အမှန်တကယ်လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို လူကုံထံသို့အရောက်ပို့ပေးနိုင်မှာဖြစ်ပါတယ်။ ကျနော်တို့ ယနေ့ Design Thinking Lab မှနေပြီး နည်းပညာကုမ္ပ္ပ္ပဏီများကို မြန်မာလူမျိုးများအမှန်တကယ်လိုအပ်နေတဲ့ Apps များနှင့် ဒီဂျစ်တယ်အထောက်အကူပစ္စည်းများထုတ်လုပ်နိုင်ရန် အထောက် အကူဖြစ်မယ်လို့ ယုံကြည်ပါတယ် ”

ယခု Design Thinking Lab တွင် ပြည်တွင်းနည်းပညာကုမ္ပ္ပ္ပဏီ ၅ ခုနှင့်လူထုအဖွဲ့အစည်း ၁ခု ပါဝင်မည်ဖြစ်ပြီး နည်းပညာ တီထွင်မှုတွင် အဆင့်အမျိုးမျိုး၌ ရောက်ရှိနေသော အဖွဲ့အစည်းများ ဖြစ်ကြပါသည်။ အချို့အဖွဲ့အစည်း များအနေဖြင့် နည်းပညာများကို စတင်ရန် စိတ်ကူးစဉ်( Idea stage) တွင်သာရှိသေးသော်လည်း အချို့အနေဖြင့် အသုံး ပြုရန်ပင်ရရှိနေမည့် နည်းပညာပစ္စည်း (Working Products) များကို တီထွင်ရရှိပြီးဖြစ်သည်။ဤအလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်သည့်ကုမ္ပ္ပ္ပ္ပဏီများ အား မိမိတို့၏ကုန်ပစ္စည်းများကို သုံးစွဲရန်အလားအလာရှိသည့် သုံးစွဲသူများနေရာတွင် ဝင်ရောက်တွေး ခေါ်စေပြီး စမ်းသပ်ခံကုန်ပစ္စည်းများ အမြန်ထုတ်လုပ်ကာ အမှန်တကယ်သုံးစွဲသူများထံမှ အကြံပြုချက်များကိုရရှိစေနိုင်မည့် ထူးခြား ဆန်းသစ်သည့် နည်းလမ်း (Creative Process ) များကို မိတ်ဆက်ပေးမည်ဖြစ်သည်။

Mobile Chat App များကိုရေးဆွဲသည့်ကုမ္ပ္ပ္ပ္ပ္ပဏီတစ်ခုဖြစ်သော “ပွား” ကို စဦးတည်ထောင်သူနှင့် လက်ရှိ CEO အဖြစ်တာဝန် ယူနေသူ ကိုစိုးသီဟ မှလည်း

“ကျနော်တို့  ဒီ Design Thinking Lab မှာပါဝင်ခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။စဦးထူထောင်ခါစ ကုမ္ပ္ပ္ပ္ပ္ပ္ပဏီ ငယ်ဖြစ်တဲ့အလျောက် အခြားသောနယ်ပယ်တူ ကုမ္ပ္ပ္ပ္ပ္ပ္ပ္ပဏီကြီးများကဲ့သို့ ကြော်ငြာနယ်ပယ်တွင် ငွေကြေးအမြောက် အမြား အသုံးမပြုနိုင်သည့်အတွက် ကျနော်တို့အနေနှင့် ဆန်းသစ်သည့် ဈေးကွက်ရှာဖွေရေး နည်းပညာများအသုံးပြုပြီး ကျနော် တို့၏ ကုန်ပစ္စည်းများအမှန်တကယ်ထိုးဖောက်နိုင်မည့် အကြံဥာဏ်ကောင်းများစွာ ရရှိနိုင်မည်ဟုလည်း ယုံကြည်ပါ တယ်” ဟူ၍ ပြောကြားခဲ့သည်။

ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် PEEL ဟု ခေါ်ဆိုသော ဂျာမနီနိုင်ငံ University of Potsdam ရှိ  Hasso Plattner Institute School of Design Thinking မှ စတင်ဖော်ဆောင်ခဲ့သောထူးခြားသည့် အလုပ်ရုံဆွေးနွေးပွဲပုံစံကို အသုံးပြုထားပြီး အ ထက်ပါ ပရိုဂရမ်မှအောင်မြင်သူ Mr.Klaus Oberbauer မှ ဦးဆောင်ပို့ချပေးသွားမည်ဖြစ်သည်။ Mr Oberbauer မှ  “ Design Thinking Lab နည်းလမ်းသည် စီးပွားရေးလုပ်ငန်းရှင်များ အား အလျင်အမြန် သုံးစွဲသူများ၏ အသေးစိတ် ဒေတာ များကိုရယူရန်ခက်ခဲသည့် နိုင်ငံများနှင့် အထူးသင့်လျော်ပါသည်” ဟုလည်း ပြောကြားသွားခဲ့သည်။

“Design Thinking Lab ” ဖြစ်မြောက်ရေးတွင် The United States Agency for International Development (USAID) , နိုင်ငံတကာ NGO အဖွဲ့အစည်းဖြစ်သော Internews နှင့်  Design Thinking နည်းပညာကို လက်ရှိအသုံးပြုလျက်ရှိသော ပြည်တွင်းကုမ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပဏီ ၂ ခုမှလည်း ပါဝင်ပံ့ပိုးထားသည်။ မြန်မာနိုင်ငံကျေးလက်ဒေသများတွင် လိုအပ်သည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများပေးအပ်လျက်ရှိသော ဆုများစွာရရှိထားသည့် Social Enterprises တစ်ခုဖြစ်သည့် Proximity Design နှင့် မြန်မာနိုင်ငံ မွန်ပြည်နယ်တွင် ဒေသခံများအတွက် Design Thinking Center ကိုဖွင့်လှစ်ထားသည့် pointB တို့မှလည်း ဖန်တီးရာနှင့် ပူးပေါင်း၍ အလုပ်ရုံဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်လျက်ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts