Huawei Company မှ ရန်ကုန်မြို့အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ မှော်ဘီနည်းပညာတက္ကသိုလ်၊ သန်လျင်နည်းပညာ တက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်မှ ကျောင်းသား ကျောင်းသူ အယောက် (၅၀) ကို ပညာသင်ဆုပေး အပ်ချီးမြှင့်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ် မင်းတုန်းခန်းမတွင် မတ်လ (၁၃) ရက် နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ရာ သိပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပံနှင့် နည်းပညာ ဒုဝန်ကြီး ဒေါက်တာအောင်မြတ်ကျော် တက်ရောက်၍ ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။
Huawei ၏ မန်နေဂျင်းဒါရိုက်တာ Mr .LI Zhao က ပညာသင်ဆုပေးအပ်ရခြင်းနှင့်ပတ်သက်၍ “ယခု ပညာသင်ဆုအစီ အစဉ်နှင့် HANA Program တို့က မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍအတွက် အရေးပါပြီး စဉ်ဆက်မပြတ်လုပ်ဆောင်သွားမည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ရုံသာမက HANA Program သည် မြန်မာနိုင်ငံတက္ကသိုလ်များရှိ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများအားလုံး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာနယ်ပယ်တွင် ၎င်းတို့၏ စွမ်းဆောင်ရည်ကိုပိုမိုမြှင့်တင်မည့် အစီအစဉ်တစ်ခုဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း ” ပြောကြားခဲ့ပါတယ်။
ထို့နောက် HANA Program ကို Mr. Zhou Shunyang မှ ဗွီဒီယိုဖြင့် မိတ်ဆက်ပေးခဲ့ပါတယ်။
ဆက်လက်၍ ဟွာဝေးမှ မန်နေဂျင်းဒါရိုက်တာနှင့် သန်လျင်နည်းပညာတက္ကသိုလ်မှ ကထိကတို့မှ HANA Program အတွက် စာချုပ်ဆိုကြသည်။ ထို့နောက် ဆုရရှိသောကျောင်းများကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ဆုရကျောင်းသား ကျောင်းသူများကိုယ်စား ဆုရကျောင်းသူတစ်ဦးဖြစ်သူ မသီရိဝေက ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
Huawei ပညာတော်သင်ဆုမှာ ကျောင်းသားကျောင်းသူတစ်ဦးလျှင် တယောက် ဒေါ်လာ တထောင်စီဖြစ်ပါတယ်။
Huawei သည် မြန်မာနိုင်ငံအတွင်းလူမှု အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျှက်ရှိပြီး စာသင်ကျောင်း များနှင့် အစိုးရတက္ကသိုလ်ကောလိပ်များသို့ နည်းပညာဆိုင်ရာသင်ထောက်ကူပစ္စည်းများလှူဒါန်းခြင်း၊သဘာဝဘေးအန္တရာယ် ကာကွယ်ရေးပစ္စည်းများလှူဒါန်းခြင်းနှင့် အိုင်စီတီနယ်ပယ်မှ မြန်မာလူငယ်များပိုမိုထူးချွန်ထက်မြက်လာစေရန် ကူညီပံ့ပိုးမှုများစွာပြုလုပ်လျှက်ရှိသည်။ Huawei အနေဖြင့် အခြေခံပညာကျောင်းများသို့ငွေကြေးများထောက်ပံ့မှုများလှူဒါန်းခြင်း၊ SEA Games ကာလအတွင်း ကူညီထောက်ပံ့မှုများပြုလုပ်ခြင်း၊ ဆိုင်ကလုန်းနာဂစ်တိုက်ခတ်ပြီးနောက် ပျက်စီးသွားသော ဆက်သွယ်ရေး ကွန်ယက်များ အတွက် လိုအပ်သော စက်ပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာကူညီပံ့ပိုးမှုများကို တက်ကြွစွာလုပ်ဆောင်ခဲ့ပါတယ်။