About MoeMaKa

မိုးမခ ၂၀၁၅ ဖေဖော်ဝါရီလထုတ် အတွဲ ၂၊ အမှတ် ၂ တကယ်ထွက်ဖြစ်မည်

 

မိုးမခ ၂၀၁၅ ဖေဖော်ဝါရီလထုတ် အတွဲ ၂၊ အမှတ် ၂ တကယ်ထွက်ဖြစ်မည်
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅

အကြောင်းအမျိုးမျိုးသော အခက်အခဲများကြောင့် မိုးမခ၏ ၂၀၁၅ ဖေဖော်ဝါရီ ထုတ် ကြန့်ကြာနေခဲ့ရာ ယခုအခါ ပုံနှိပ်စက် တင်နေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။  

အွန်လိုင်းမှာ မဖော်ပြရသေးတဲ့ မောင်မိုးသူ၏ ဘာသာပြန် အခန်းဆက် (ရှက်ပြီးသေတဲ့ သဘောင်္)၊ မောင်အောင်မွန်၏ ၀တ္ထုတို (ခွေးတကောင်၊ ကြောင်နှစ်ကောင်နဲ့ ဘိုကတော်)၊ အိမ့်ခိုင်ဦးရဲ့ ဆောင်းပါး (ကျည်ဆံကြားက သတင်းသမား) တို့ ပါဝင်ပါတယ်။

မိုးမခ၀က်ခြံကိုယ်တိုင်ကလည်း moemaka.com ကနေ ယာယီ gita.cc နေရာကနေ တင်ဆက်နေရာက မူလ၀က်ခြံ မိုးမခဒေါ့ကွန်ဆီ ပြန်လည် ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

၂၀၁၅ မတ်လ ၊ အတွဲ၂၊ အမှတ်၃ ကိုတော့ မတ်လဆန်းမှာ စောစောထွက်နိုင်အောင် ယခုကတည်း ပြင်နေပြီလို့ အသိပေးလိုက်ပါတယ်။

ကြိတ်ကြိတ်တိုး အားပေးနေကြတဲ့ မိုးမခစာချစ်သူ ပရိသတ်အားလုံး၊ ရပ်နီး ရပ်ဝေး စာမူရှင်များအားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်။

ထုံးစံအတိုင်း မျက်နှာဖုံးနဲ့ မာတိကာကို တင်ပေးလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts