သတင်းပဒေသာ ကြော်ငြာကဏ္ဍ

ကျော်ဟုန်းရဲ့ အက်စစ်ပြင်းထဲက ရွှေ အမေရိကားနှင့် ကနေဒါသို့ ဖြန့်ချိလိုက်ပြီ

ကျော်ဟုန်းရဲ့  အက်စစ်ပြင်းထဲက ရွှေ  အမေရိကားနှင့် ကနေဒါသို့ ဖြန့်ချိလိုက်ပြီ
မိုးမခ ။    ။ မတ် ၂၊ ၂၀၁၅

ကဗျာဆရာ ကျော်ဟုန်းရဲ့ အက်စစ်ပြင်းထဲက ရွှေ ကဗျာစာအုပ်ကို အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါ ဗန်ကူးဗားဘီစီတွင်
မတ်လ ၁ ရက်နေ့ က စတင်ဖြန့် ချိလိုက်ကြောင်း သိရပါတယ်။

၂ နှစ်ကြာစီစဉ်လိုက်ရတဲ့ ကျော်ဟုန်းရဲ့ကဗျာစာအုပ်ဟာ ၅ လက်မ x ၈ လက်မ ဆိုဒ်ရှိပြီး စာမျက်နှာ ၂၆၀ ရှိပါတယ်။ ကဗျာ
အပုဒ်ပေါင်း ၁၁၃ ပုဒ် စုစည်းထားတဲ့ ဒီစာအုပ်မှာ အတွင်းသရုပ်ဖော်ပုံများနဲ့ ဝေဝေဆာဆာ ဖော်ပြထားပါတယ်။ သရုပ်ဖော်
ပုံများကို ဒါရိုက်တာ ဦးဝင်းဖေ၊ မင်းကျော်ခိုင်၊ အောင်ထက် (မိုးမခ)၊ မြင့်လှိုင် (ဘားမားတူဒေး)၊ ကာတွန်း Ath ၊ ဂရပ်ဖစ်ဒီဇိုင်း
ကိုမျိုး၊ ကာတွန်းမောင်ရစ်နဲ့  မိုးမခဝိုင်းတော်သားတို့ က မွန်းမံထားပါတယ်။ မျက်နှာဖုံးကိုတော့ ဒီဇိုင်း ငြိမ်းစု( ရိုး-ခေတ္တရာ)
မှ ခြယ်မှုန်းပေးထားပါတယ်။ အတွင်းပိုင်း အပြင်အဆင်နဲ့ စာစီ-စာရိုက်မှုကို မောင်လွမ်းဏီနဲ့ ဒေါင်းအိုးဝေအဖွဲ့ သားများကကူညီဆောင်ရွက်ပေးထားတာပါ။

အမှာစာများကိုတော့ သက်ကြီးစာပေပညာရှင် ဆရာကြီးမောင်စွမ်းရည်၊ အဆိုတော် သီရိညွန့် နဲ့ ကျော်ဟုန်းတို့ က ရေးသား
ထားပါတယ်။ ဒီကဗျာစာအုပ်ကို မေတ္တာကွန်ရက်မှ စီစဉ်ထုတ်လုပ်ဖြန့်ချိတာဖြစ်ပါတယ်။

“ကျနော့်ရဲ့  အက်စစ်ပြင်းထဲက ရွှေ ကဗျာစာအုပ်ရောင်းရငွေတွေကိုစုပြီး တိုင်းရင်းသား မိဘမဲ့ကလေးများဂေဟာကို လှူဖို့ ရည်ရွယ်ထုတ်လုပ်လိုက်တာပါ။ မြန်မာပြည်ထဲမှာ မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာတွေ အများကြီးရှိနေတယ်။ အစိုးရ
က လစ်လှူရှုထားတာ။ စေတနာရှင်တွေ၊ဘုန်ကြီးတွေ၊ သီလရှင်တွေက ကိုယ်ထူကိုယ်ထလုပ်ဆောင်နေတာလို့ သိရတယ် ဗျ။ အဲ့ဒိအထဲကမှ တိုင်းရင်းသားမိဘမဲ့ကလေးတွေအတွက် အဦးဆုံးလှူဖို့ ကျနော် ဆုံးဖြတ်တယ်။ အားလုံးဂေဟာတွေကို တော့လှူချင်တာပေါ့ဗျာ။ ကျနော် ရှေးလျှောက်ရည်ရွယ်တာက ခိုးကိုးရာမဲ့ဘိုးဘွားတွေဂေဟာတွေ၊ မိဘမဲ့ကလေးများဂေဟာ တွေနဲ့ ပညာရေးကွန်ရက်တွေကို အလှည့်ကျလှူဒါန်းနိုင်အောင် ကျိုးစားသွားချင်တာ” ဟု ကျော်ဟုန်းက သူ့ဆန္ဒကို ပြောခဲ့ ပါတယ်။

သူက ဒီကဗျာစာအုပ်ကို ဝယ်ယူအားပေးတဲ့သူတိုင်းဟာ အလှူရှင်များဖြစ်ပါတယ်လို့ ဆိုပါတယ်။ သူ့ စာအုပ်ကို အကျိုးစီးပွား
အတွက် ရောင်းချတာမဟုတ်ဘဲ ဝယ်ယူသူများကို မေတ္တာလက်ဆောင်ပေးတယ်လို့ မှတ်ယူစေချင်ကြောင်း၊ သူ့ ရဲ့စာအုပ်ဟာ
အလှူခံဖြတ်ပိုင်းလို သဘောထားနိုင်ကြောင်းနဲ့  စာအုပ်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီကြသူများ၊ ကူညီဖြန့်ချိ ဒါနပြု
ကြသူများ၊ ဝယ်ယူအားပေးသူများကိုလည်း ကျေးဇူးအထူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ကျော်ဟုန်းရဲ့ အက်စစ်ပြင်းထဲက-ရွှေ ကဗျာစာအုပ်ကို ဝယ်ယူ အားပေးဒါနပြုလိုသူများအနေနဲ့ …

အမေရိကန်ပြည်ထောင်စုတွင် …
မောင်ရစ် (မိုးမခ မီဒီယာ) ။ ကိုလတ် – ဖုံး  ၂၀၆ ၅၄၉ ၀၅၆၉
ကိုနိုင် (ပို့ လန်း အော်ရီဂွန်) ဖုံး  ၉၇၁ ၃၀၂ ၃၅၁၉
ကိုချို  (နယူးယော့ခ်) ဖုံး  ၇၁၈ ၉၁၅ ၁၁၈၄
ကိုမောင်မောင်သိန်း (အလွမ်းပြေပဲပြုပ် – ဆန်ဖရန်စ္စကို )  ဖုံး  ၄၁၅ ၆၈၀ ၈၈၀၆
စောချစ်ခင် (အုက္ကလန်း) ဖုံး  ၅၁၀ ၆၉၂ ၇၈၉၆
ကိုဇော်ခနိုင် (မင်နီဆိုးတား) ဖုံး  ၆၅၁ ၇၇၂ ၃၅၄၀ သို့ လည်းကောင်း၊

ကနေဒါ၊ ဗန်ကူးဗား ဘီစီတွင် …
ကိုမြင့်ဝင်း (အပုလေး) ဖုံး  ၇၇၈ ၈၆၂ ၁၈၇၃
ကိုသန်းထိုက် – ဖုံး  ၇၇၈ ၂၃၃ ၅၀၄၇ ၊ မရီရီစိန် (မဘေဘီ) နဲ့ မမော်မော်ထံသို့လည်း ဆက်သွယ်မှာယူနိုင်ပါတယ်။

သြစတြေးလျ – ဆစ်ဒနီ၊ မဲလ်ဘုမ်းနဲ့  ဂျပန် – တိုကျိုရှိ မြန်မာမိသားစုအသိုင်းအဝန်းသို့လည်း ဆက်လက်ဖြန့်ချိနိုင်ရန် စီစဉ် လျှက်ရှိသေးကြောင်း သိရပါတယ်။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts