စာစုတို

နေ၀န်းနီ (မန္တလေး) – အတိတ်​မှတ်​တိုင်​များဆီသို့ လွမ်းဆွတ်​ခြင်း

 နေ၀န်းနီ (မန္တလေး) – အတိတ်​မှတ်​တိုင်​များဆီသို့ လွမ်းဆွတ်​ခြင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅

တစ်​ချိန်​က သူငယ်​ချင်းတစ်​စု အတူ​ပျော်​ရွှင်​ခဲ့တဲ့ ရတနာပုံ​ကျောင်း​တော်​ရဲ့ကြီးရဲ့ ဘွဲ့နှင်းသဘင်​အခန်းမ​​ဆောင်​​ရှေ့တွင်​ ​လူငယ်​​လေးများကိုကြည့်​ရင်း တက္ကသိုလ်​​ကျောင်းသားဘဝပုံရိပ်​များက ကျွန်​​တော့်​အ​တွေးထဲတွင်​ ထိုခဏ​လေးမှာပင်​စိုးမိုး သွား​လေသည်​။

ကျွန်​​တော်​တို့ ရတနာပုံတက္ကသိုလ်​ကြီးကို မန္တ​လေးတိုင်း​ဒေသကြီး၊ အမရပူရမြို့နယ်​၊ ​တောင်​သမန်​​ကျေးရွာအုပ်​စုတွင်​တည်​ရှိ​လေသည်​။ကျောင်း​တော်​ကြီး၏ အ​ရှေ့ဘက်​တွင်​ အိုးဖို​ကျေးရွာ၊ အ​နောက်​ဘက်​တွင်​ ​တောင်​သမန်​​ကျေးရွာ၊ ​မြောက်​ဘက်​တွင်​ ထန်း​တော​ကျေးရွာတို့ရှိသည်​။ အမိတက္ကသိုလ်​ကြီး၏ အ​ရှေ့၊ အ​နောက်​၊ ​မြောက်​ဘက်​တွင်​​ တောင်​သမန်​အင်းကြီးက ဝိုင်းရံလျက်​ရှိ​လေသည်​။ ရတနာပုံတက္ကသိုလ်​သည်​ မန္တ​လေးတိုင်း​ဒေသကြီး ​ဒေသ​ကောလိပ်​မှစ၍ မြစ်​ဖျားခံ အ​ခြေတည်​ခဲ့သည်​။

၁၉၉၆ ခုနှစ်​ စက်​တင်​ဘာလ ၁၈ ရက်​​နေ့တွင်​ ရတနာပုံ​ကောလိပ်​ {မန္တ​လေး} လို့ အဆင့်​မြှင့်​​ပြောင်းလဲ ဖွင့်​လှစ်​ခဲ့သည်​။နောက်​​တော့ တဖြည်းဖြည်း​ကျောင်းသားဦး​ရေများလာသဖြင့်​ ၂၀၀၀ ပြည့်​နှစ်​၊ ​ဖေ​ဖော်​ဝါရီလ ၂၂ ရက်​​နေ့မှာ​တော့ ရတနာပုံ တက္ကသိုလ်​ဆိုပြီး အဆင့်​တိုးမြှင့်​၍ ​တောင်​သမန်​​ကျေးရွာအုပ်​စုတွင်​ တည်​​ဆောက်​ဖွင့်​လှစ်​ခဲ့​လေသည်​။ အမိတက္ကသိုလ်​သည်​ {၈၃.၂၆} ဧက ကျယ်​ဝန်း​လေသည်​။ မောင်​မယ်​သစ်​လွင်​ကြိုဆိုပွဲတွင်​ မိခင်​​ကျောင်း​တော်​ကြီး၏ သမိုင်း​ကျောင်းကို​ရှင်းပြ​ပေးတဲ့ဆရာကြီးရဲ့အသံကိုပြန်​လည်​ကြား​ရောင်​ ရင်း သူငယ်​ချင်းတစ်​စုအတူ​ ပျော်​ရွှင်​ခဲ့တဲ့ အမိတက္ကသိုလ်​ကြီးရဲ့ စာသင်​ခန်း​ရှေ့မှ တစ်​ခန်းပြီးတစ်​ခန်း ဖြတ်​​လျှောက်​လာခဲ့သည်​။

မှတ် ​မှတ်​ရရ {၁၈၊၂၊၂၀၀၄} ည ၁၂ နာရီမှစ၍ ​တောင်​သမန်​အင်းကြီးအတွင်းမှ​ရေများတားကို​ကျော်​၍​ကျောင်းဝင်းထဲသို့ ​ရေများဝင်​လာပြီး {၁၉၊၂၊၂၀၀၄} နံနက်​တွင်​ ရတနာပုံတက္ကသိုလ်​​ ​ကျောင်းဝင်းကြီးထဲသို့​ရေများဝင်​​ရောက်​လာပြီး​လှေများနှင့် ကျောင်းတက်​ခဲ့ရသည့်​ပုံရိပ်​များက​ မေ့နိုင်​ဖွယ်​မရှိ​ပေ။ ဟိုတုန်းက ​မြေညိုညိုလမ်း​လေးမှာ တစ်​​ယောက်​ပုခုံးကို တစ်​​ယောက်​ဖက်​ပြီးစရင်း​နောက်​ရင်း သီးချင်း​တွေ​အော်​ဆိုပြီး​ ကျောင်းတက်​ခဲ့ရတဲ့​နေ့ရက်​များနဲ့​ ကျောင်း​တော်​ကြီး၏ နီညို​ရောင်​​ဆေး သားများက ရင်​ထဲမှာ ထင်​ကျန်​​နေစဲပါ။ ဆိုင်​ကယ်​စတင်း (န်​)၊ မုန့်​ကင်​တင်း (န်​) နဲ့ ဦးကုလားထန်းရည်​ဆိုင်​မှာလည်း ကျွန်​​တော်​တို့​ခြေရာများစွာကျန်​ရစ်​ခဲ့​ပေသည်​။

တနေကုန်​စာကျက်​လိုက်​​ကျောင်းတက်​လိုက်​နဲ့ စိတ်​ဖိစီးမှာများလာတဲ့အခါ သူငယ်​ချင်းတစ်​စု ​လေ​အေး​တွေကိုရှူရှိုက်​ ပင်​ပန်းသမျှ​တွေအပန်း​ဖြေဖို့ ​တောင်​သမန်​တံတား​ပေါ်ဖြတ်​​လျှောက်​ပြီး တံတားက အ​ကြော်​ဆိုင်​​လေးမှာ ​ရေ​နွေး​သောက်​ရင်းအ​ကြော်​စားခဲ့အပန်း​ဖြေခဲ့သည်​။ဘဝရဲ့အစိတ်​အပိုင်း​ လေးတစ်​ခုကြားမှာသူငယ်​ချင်း​တွေခင်​ခင်​မင်​မင်​ရင်းရင်းနှီးနှီး နဲ့ ​ပျော်​ရွှင်​စွာ တစ်​​ယောက်​အခက်​ခဲကိုတစ်​ယာက်​ကူညီကြ နားလည်​မှု​တွေနဲ့​ပေးဆပ်​ရင်း ကျွန်​​တော်​တို့ရဲ့ အနာဂတ်​အတွက်​ ရတနာပုံ ဆိုတဲ့မန္တ​လေးတက္ကသိုလ်​ကြီးမှာ ပညာ​တွေရှာ​ဖွေခဲ့ကြတယ်​။

ရည်​မှန်းချက်​​တွေကိုလည်းအမိတက္ကသိုလ်​ကြီးက အ​ကောင်​ထည်​​ဖော်​​ပေးသည်​။ ကျွန်​​တော်​ စာ​ရေးဆရာတစ်​​ယောက်​ဖြစ်​​အောင်​လည်း အမိတက္ကသိုလ်​ကြီးက ​မြေ​တောင်​​မြှောက်​​ပေးခဲ့သည်​။ကျောင်းနံရံကပ်​စာ​စောင်​တွင်​ စာတို၊ ကဗျာတို​လေးများ​ ရေး ၊ ရတနာပုံတက္ကသိုလ်​ ရဲ့ နှစ်​လည်​မဂ္ဂဇင်းတွင်​ ဝတ္ထု၊ ကဗျာ၊ ​ဆောင်းပါး​လေးများကို​ရေးရင်းနဲ့ အမိတက္ကသိုလ်​က​နေ စာ​ရေးဆရာဘဝကို အစပြုလာခဲ့သည်​။ မခွဲခွာချင်​​ပေမယ့်​လည် ကျွန်​​တော်​တို့​တွေ အချိန်​ရဲ့​ခေါ်​ဆောင်​ရာကိုလိုက်​ပါလာရ သည်​။ ရင်​ထဲမှာမချိ​ပေမယ့်​လည်း အစဉ်​သတိရလျက်​ရှိသည်​။ တ​မြေ့​မြေ့​ဟောင်း​နေ​ပေမယ့်​ လွမ်း​မောစရာတက္ကသိုလ်​​နေ့ များကို ဆယ်​နှစ်​ဆယ်​မိုးကြာခဲ့​ပေမယ့်​ ကျွန်​​တော့်​ရဲ့ ​ခေါက်​ရိုးကျိုးအ​တွေးများနဲ့အတူ အမိတက္ကသိုလ်​​မြေကို ကျွန်​​တော်​ အလွမ်း​တွေနဲ့ခယလို့….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts