ဓာတ်ပုံသတင်း

ဆန်ဖရန်ဘေးဧရိယာ၏ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် စည်ကား

 

 ဆန်ဖရန်ဘေးဧရိယာ၏ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် စည်ကား
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၅

ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅ ၊ နယူးအခ်ရိပ်သာတွင် ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများ စုပေါင်းကျင်းပသည့် မြန်မာပြည်၏ လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး၊ ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပရာ ဧည့်ပရိသတ် ၅၀၀ ခန့်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။

အခမ်းအနားတွင် အစားအသောက်အလှူရှင်များက ပဲပြုတ်နှင့် နံပြားအပါအ၀င် မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ၊ အုန်းနို့ခေါက်ဆွဲ၊ ဖွာလူဒါ၊ လဘက်ရည်၊ သောက်ရေသန့်၊ မြန်မာအသုတ်စုံများ၊ ရိုးရာစားစရာများဖြင့် စတုဒိသာ ကျွေးမွေးဧည့်ခံခဲ့သည်။

ဘေးဧရိယာရှိ သံဃာတော်များကို ပင့်ဆောင်ပြီး ဆွမ်းကျွေး၊ ရေစက်ချ တရားနာခဲ့ကြသည်။

Photo – Milton Yang, his facebook

တေးဂီတ ဂုဏ်ပြုဖျော်ဖြေမှုအဖြစ် မြန်မာတိုင်းရင်းသား အကများ၊ အဆိုအတီးများဖြင့်လည်း သီဆိုကပြ ဖျော်ဖြေခဲ့ကြသည်။

ဗိုလ်ချုပ် နှစ် ၁၀၀ ဂုဏ်ပြု နံရံကပ်စာစောင်များ၊ ပန်းချီ နှင့် ကဗျာပြပွဲများလည်း ကျင်းပခဲ့သည်။

NLD နာယကကြီး ဦးတင်ဦး၏ အခမ်းအနားဂုဏ်ပြု အမှတ်တရစကား ရုပ်သံမှတ်တမ်းကိုလည်း ထုတ်လွှင့်နားဆင်ခဲ့ကြသည်။

မြန်မာပြည်က ခေတ္တရောက်ရှိနေသူ မြန်မာ့အရေးလှုပ်ရှားသူ အမျိုးသမီးခေါင်းဆောင်တဦးဖြစ်သည့် မဇင်မာအောင်ကလည်း အခမ်းအနားတွင် အမှတ်တရ စကားပြောကြားခဲ့သည်။

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts