Uncategorized

သုထက်မှူး – လေချွန်သံနဲ့ မျှားထားတဲ့ ပင်လယ်


လေချွန်သံနဲ့ မျှားထားတဲ့ ပင်လယ်
သုထက်မှူး
အောက်တိုဘာ ၂၆၊ ၂၀၁၃


ရှိုက် ..ရှိုက်ပြီး ယူလိုက်ရတဲ့
ဝဲဘက်ရင်အုံတစ်ခြမ်းက..ချစ်ခြင်းတွေ
မို့ မောက် ဖေါင်းကားလာတဲ့ အခါ
ငါ…လေတစ်ချက်ချွန်လိုက်မိသလား …။
ကမ်းမမြင် လမ်းမမြင်
စိတ်လိုလက်ရ နာကျင်မှုဝပ်ကျင်းထဲ
ဘယ်သူဖြည့်လို့ ပြည့်လာခဲ့တာလဲ
လရောင်က.. ကိုယ့်ကျွန်းကို မရောက်သေးဘူး
“ဒီ” တက် “ဒီ” ကျက ပျားပန်းခတ်
“လှုပ်” လွယ်လွန်းတယ်
အဲဒီ..ပင်လယ်ပေါ့ …။
အဟုတ်ကို…
ငါ လေ တစ်ချက်ချွန်မိလိုက်တယ်
မို့ …မို့ပြီး ပြည့်တက်လာတဲ့
ချစ်ခြင်းကြောင့်ပေါ့
ပင်လယ်ကို မျှားမိတာပါ
လှိုင်းရယ်…
လေရယ်….
မုန်တိုင်းရယ်…
သူ့ဒဏ်ရာနဲ့သူ ကဆုန်ဆိုင်းလို့ 
ဟော့ဒီ..
ဝဲဘက်ရင်အုံ တစ်ခြမ်းတည်း သက်သက်…။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts