ကဗျာ အောင်ဝေး

အောင်ဝေး –ေ အာ င် ဆ န်း ဘု ရား ဖူး


HOMAGE TO OUR FATHER – 2
အောင်ဝေး –ေ အာ င် ဆ န်း ဘု ရား ဖူး

(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅

နှမပြာဝင်း၊ ညီသစ်ဆင်း
လင်းအရုဏ်ပြင်၊ ကြယ်နီဆင်
မြင်ယောင်စမ်းလေ- မြင်ယောင်စမ်း။

နှမပြာဝင်း၊ ညီသစ်ဆင်း
မင်းတို့ ဖခင်၊ ကျေးဇူးရှင်
သခင်အောင်ဆန်းလေ- သခင်အောင်ဆန်း။

နှမပြာဝင်း၊ ညီသစ်ဆင်း
နှင်းမုန်တိုင်းလွင်၊ ငန်းရိုင်းနှင်
မြင်ယောင်စမ်းလေ- မြင်ယောင်စမ်း။

နှမပြာဝင်း၊ ညီသစ်ဆင်း
မင်းတို့ ဖခင်၊ ကျေးဇူးရှင်
သခင်အောင်ဆန်းလေ- သခင်အောင်ဆန်း။

နှမပြာဝင်း၊ ညီသစ်ဆင်း
ကျဉ်းလှောင်ညတွင်၊ လမ်းပြရှင်
မြင်ယောင်စမ်းလေ- မြင်ယောင်စမ်း။

နှမပြာဝင်း၊ ညီသစ်ဆင်း
မင်းတို့ ဖခင်၊ ကျေးဇူးရှင်
သခင်အောင်ဆန်းလေ- သခင်အောင်ဆန်း။

နှမပြာဝင်း၊ ညီသစ်ဆင်း
တင်းနှောင်ကြိုးမျှင်၊ ချိုးဖျက်ငင်
မြင်ယောင်စမ်းလေ၊ မြင်ယောင်စမ်း။

နှမပြာဝင်း၊ ညီသစ်ဆင်း
မင်းတို့ ဖခင်၊ ကျေးဇူးရှင်
သခင်အောင်ဆန်းလေ- သခင်အောင်ဆန်း။

နှမပြာဝင်း၊ ညီသစ်ဆင်း
နှင်းဆီဦးလျှင်၊ သွေးစွန်းထင်
မြင်ယောင်စမ်းလေ- မြင်ယောင်စမ်း။

နှမပြာဝင်း၊ ညီသစ်ဆင်း
မင်းတို့ ဖခင်၊ ကျေးဇူးရှင်
သခင်အောင်ဆန်းလေ- သခင်အောင်ဆန်း။

အိုဘယ့်ညီလှ၊ အို လုံမရို့ 
နှမပြာဝင်း၊ ညီသစ်ဆင်းးတို့ 
ချင်းချင်းနီမြန်း၊ လွတ်မြောက်လမ်းသို့ 
အောင်ဆန်းဘုရား ဖူးကြစို့ ။    ။

ေ အ ာ င္ ေ ၀း
ဇန္န၀ါရီ ၅ – ၂၀၁၅။

(Photo – RFA Burmese Radio)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts