ကဗျာ ခိုင်မာကျော်ဇော

ခိုင်မာကျော်ဇော – မန်းရှာ (သို့ မဟုတ်) မကြွေတဲ့ ကြယ်

 

 
ခိုင်မာကျော်ဇော – မန်းရှာ (သို့ မဟုတ်) မကြွေတဲ့ ကြယ်
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅

ဖေဖော်ဝါရီ ၁၄ ရက်
သွေးနဲ့ ရေးတဲ့ အက္ခရာ
‘မန်းရှာ’ တဲ့။

တပွင့်ထဲထက် တခင်းလုံးကို ပွင့်စေချင်တာ ‘မန်းရှာ’
တမြစ်ထဲထက် မြစ်တိုင်းကို စီးစေချင်တာ ‘မန်းရှာ’
တပြည်ထဲထက် ပြည်ထောင်စုကို ငြိမ်းစေချင်တာ ‘မန်းရှာ’
‘အမျိုးသားရေး’ ‘တန်းတူရေး’ ‘ငြိမ်းချမ်းရေး’ ကို
ရင်ဝက သွေးနဲ့ ရေးခဲ့တာ ‘မန်းရှာ’

‘ရှာ’ ဆိုတဲ့ ကြယ်ကြီးရေ…
နင် မကြွေဘူး
ဧရာ ပဲခူး အရှေ့ ရိုးမ
ဒေါန သံလွင် ဇွဲကပင်မှာ
ကြယ်ရောင်ဖြာဆမ်း လရောင်လွှမ်းရင်
‘မန်းရှာ’ လာပြီ ဆိုကြတယ်။

 
 (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts