သတင်းဆောင်းပါး လောကဓာတ်ခန်း

ဖေသက်နီ ဘာသာပြန် – နှစ်ပေါင်း ၂သန်း သက်တမ်းရှိ ရုပ်ကြွင်းစု တွေ့ရှိခဲ့ပုံ

ဖေသက်နီ ဘာသာပြန် – နှစ်ပေါင်း ၂သန်း သက်တမ်းရှိ ရုပ်ကြွင်းစု တွေ့ရှိခဲ့ပုံ
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၅
 
 
New Species of Early Man Found in South Africa – လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်သန်းလောက်က ရှေးဦးလူသားရဲ့ ရုပ်ကြွင်းစုကို တောင်အာဖရိကနိုင်ငံမှာ ၂၀၁၀ ခုနှစ်က ရှာဖွေတွေ့  ရှိခဲ့ခြင်း
 
(သဘာဝပါတ်ဝန်းကျင်ရေးရာ သတင်းဌာန ‘Environment News Service’ ရဲ့ ၂၀၁၀ ခုနှစ် ဧပြီလ ၄ ရက်နေ့ ထုတ် သတင်းစာမျက်နှာမှာ ဖေါ်ပြထားပြီး မောင်ဖေသက်နီက ဘာသာပြန်ပါတယ်)
 
http://www.ens-newswire.com/ens/apr2010/2010-04-08-02.html
 
ဂျိုဟဲန်နက်စ်ဘာ့ဂ်၊ တောင်အာဖရိကနိုင်ငံ။ ၂၀၁၀ ခုနှစ် ဧပြီလ (၈) ရက်နေ့ ။ ။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သန်း (၂ ၀၀၀ ၀၀၀) လောက်ခန့် ကလို့  ယူဆရတဲ့ ရှေးဦးလူသားတဦးရဲ့ ရုပ်ကြွင်းတွေကို တောင်အာဖရိကနိုင်ငံ ဂျိုဟဲန်နက်စ်ဘာ့ဂ်မြို့ ရဲ့ အရှေ့ မြောက်ဘက် မိုင် ၁၇၀ ခန့် လောက်မှာ ရှာ ဖွေတွေ့ ရှိခဲ့တယ်လို့  Cradle of Humankind World Heritage Site လို့ ခေါ်တဲ့  ခရက်ဒယ်လ်ရှေးခေတ်လူသားတွေရဲ့ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ က ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။ 
 
အဲဒီ့သုတေသနအဖွဲ့ ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဂျိုဟဲန်နက်စ်ဘာ့ဂ်မြို့ မှာရှိတဲ့ ၀စ်ဝါးတားစ်ရဲန်းတက္ကသိုလ် University of the Witwatersrand ရဲ့ ရှေးဟောင်းရုပ်ကြွင်းသုတေသနဗေဒ ပါမောက္ခ လီး ဘာဂါ Lee Berger က အရင်တုန်းက လုံးဝမသိခဲ့၊ မတွေ့ ရှိခဲ့ဖူးတဲ့ ရှေးခေတ်လူသားလို့  ယူဆရတဲ့ လူသားရဲ့အရိုးစု နှစ်စုံတွဲကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်လို့ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။ သူ့ သုတေသနအဖွဲ့ ကရှာဖွေတွေ့ ရှိခဲ့တဲ့ အရိုးစုတွေ ကို သြစထရယ်အိုပီဿဲကျု ဆေဒီဘာ Australopithecus sediba လို့ ပါမောက္ခ လီး ဘာဂါ ရဲ့သုတေသနအဖွဲ့ က  နာမည်ပေးထားခဲ့ပါတယ်။
 
“သဘာဝနွေဦးရာသီမှာဖြစ်ပေါ်လေ့ရှိတဲ့ ‘ရေပူစမ်းတွေကထွက်တဲ့ရေပန်း’ ၊ ဒါမှမဟုတ် တောင်အာဖရိကနိုင်ငံက ဘာသာစကားပေါင်း ၁၁ မျိုးထဲက တခုဖြစ်တဲ့ ‘ဆိုသို Sotho’ ဘာသာစကားအရ ‘ရေပူစမ်း’လို့ အဓိပ္ပါယ်ရှိတဲ့ ‘ဆေဒီဘာ Sediba’ ဟာ ‘ဟိုမို Homo’ လို့ ခေါ်တဲ့ လူသားမျိုးစိတ် တွေဟာ စတင်ပေါ်ပေါက်လာခဲ့တဲ့ လမ်းစပါပဲ” လို့ ပါမောက္ခ လီး ဘာဂါ က ပြောပြခဲ့ပါတယ်။
 

 

သိပ်မကြာသေးမီက ထုတ်ခဲ့တဲ့ (ဘာသာပြန်သူရဲ့ဖြည့်စွက်ချက်။ ။ ဒီ မူရင်း ဆောင်းပါး ရေးခဲ့တဲ့ ၂၀၁၀ ခုနှစ် ဧပြီလ ကအချိန်နဲ့ ချိန်ဆကြည့်လိုက်တဲ့အခါ ၂၀၁၀ ခုနှစ် နှစ်ဆန်းပိုင်း လောက် ဒါမှမဟုတ် ဇန်န၀ါရီလ၊ ဖေဖေါ်ဝါရီလ၊ မတ်လ တခုခုလောက်မှာ ဖြစ်နိုင်ပါတယ်) သောကြာနေ့ တိုင်း ထုတ်ဝေဖြန့် ချိတဲ့ ‘သိပ္ပံ Science ဂျာနယ်’ ထဲမှာ ပါမောက္ခ လီး ဘာဂါ Lee Berger နဲ့ သြစတြေးလျနိုင်ငံ၊ ယခင်က ၀စ် ဘူမိဇီဝသုတေသနဌာန Wits School of Geosciencesလို့ ခေါ်ပြီး (ယခု ဂျိမ်းစ်ကွတ် တက္ကသိုလ် James Cooke University) ပါမောက္ခချုပ် ပါမောက္ခ ပေါ်လ် ဒါ့တ်က် Paul Dirksတို့ ရဲ့ သုတေသနဆောင်းပါးတွေကလည်း အခုအဖွဲ့ တွေ့ ရှိပုံတွေက ခပ်ဆင်ဆင်တွေဖြစ်ပါတယ်။
 
သုတေသနပြုတဲ့နေရာကို အခုထက်တိုင် (ဘာသာပြန်သူရဲ့ဖြည့်စွက်ချက်။ ။ အခု ဆောင်းပါး ရေးခဲ့တာ ၂၀၁၀ ခုနှစ် ဧပြီလဆန်းပိုင်းမှာဆိုတော့ ဇန်န၀ါရီလဆန်း၊ ဖေဖေါ်ဝါရီလဆန်း၊ မတ်လဆန်းလောက်အထိ တွေ့ နိုင်သေးတယ်လို့ ပြောတာလည်းဖြစ်နိုင်ပါတယ်) တွေ့ မြင် နိုင်ပါသေးတယ်။ အလျားအနံ ၁၀×၁၀ ပေ နဲ့ အနက် ၈ ပေရှိတဲ့ မြေကျင်းဖြစ်ပြီး အဲဒီ နေရာ ကို ၂၀၀၈ ခုနှစ် သြဂုတ်လထဲမှာ တူးဖေါ်ခဲ့တာဖြစ်ပါတယ်။ တွေ့ ရှိခဲ့တဲ့ အရိုးစုတွေကို ပထမဦးဆုံးစတင်မြင်တွေ့ ရှိခဲ့သူဟာ အသက် ကိုးနှစ်အရွယ်ပဲရှိသေးတဲ့ ပါမောက္ခ လီး ဘာဂါ Lee Berger ရဲ့ သားပါပဲလို့ သုတေသနအဖွဲ့ က အတည်ပြုပြောပြခဲ့ပါတယ်။ 
 
ရှာဖွေတွေ့ ရှိခဲ့တဲ့ အရိုးစုတွေဟာ ရာဇ၀တ်မှုတခုကိုကျူးလွန်ပြီး သူ့ ပြစ်မှုကြောင့် အသက် သေဆုံးသူဖြစ်ပြီးတွေ့ ရှိခဲ့ရတဲ့ နောက်အရိုးစုတစုံကတော့ အမျိုးသမီးတယောက်ရဲ့ အရိုးစု တွေပါပဲ။ အရိုးစုတစုံက မီးလောင်တာ၊ ဒါမှမဟုတ် အရိုက်ခံရတာမျိုးကြောင့် သေဆုံးခဲ့ရ တာဖြစ်နိုင်ပါတယ်။ တခြားကျန်ရှိနေသေးတဲ့ ခန္ဓာကိုယ်အကြွင်းအကျန်တွေကိုတော့ အနီး အနားမှာရှိတဲ့ မာလာပါ Malapa ဂူ နေရာတ၀ိုက်မှာ တွေ့ ရှိခဲ့ပါတယ်။ (ဘာသာပြန်သူဆို ရဲ့ဖြည့်စွက်ချက်။ ။ ‘မာလာပါ’ ဆိုတဲ့ ဝေါဟာရဟာ တောင်အာဖရိကနိုင်ငံရဲ့ ‘ဆဲဆိုသို Sesotho’ဒေသမှာ ‘လယ်ယာကိုင်းကျွန်း’ လို့  အဓိပ္ပါယ်ရတဲ့ စကားလုံးဖြစ်ပါတယ်)
 
ဘူမိဓာတုသုတေသနပြုအဖွဲ့ က ရှာဖွေတွေ့ ရှိတဲ့အရိုးတွေနဲ့ မလှမ်းမကမ်းမှာ သေဆုံးသူတွေရဲ့ ပဲ့နေတဲ့အရိုးစတွေကို ထပ်မံတွေ့ ရှိရပြီး အဲဒီ အရိုး အပဲ့အစတွေကို စစ်ဆေးကြည့်တဲ့အခါအလောင်းဟာ အခုရှာဖွေတွေ့ ရှိခဲ့တဲ့နေရာနဲ့ မနီးမဝေးမှာ မီးရှို့ ပြီး မြေမြှုပ်ခံခဲ့ရတာလို့ သုတေသနအဖွဲ့ ရဲ့ သုတေသီတွေက ပြောဆိုခဲ့ကြပါတယ်။ 
 
တက္ကဆက် အေ အဲန် အမ် တက္ကသိုလ် Texas A&M University မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒါရီလ် ဒီ ရွီတာ Darryl de Ruiter ဟာ သွားဗေဒဆိုင်ရာ အထူးစစ်ဆေးရေးမှူး Craniodental Specialist တယောက်အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူဟာ သွားတွေ ကို စစ်ဆေးပြီး သွားပိုင်ရှင်ရဲ့ အသက်နဲ့ လိင်၊ ယောက်ျား၊ မိန်းမတွေကိုပါ ခွဲခြားသတ်မှတ်နိုင်တဲ့ သုတေသီတယောက်ဖြစ်ပါတယ်။ သူ့ အဆိုအရ ရှာဖွေတွေ့ ရှိခဲ့တဲ့ ဦးခေါင်းခွံဟာ အခုခေတ်လူသားတယောက်ရဲ့ ဦးခေါင်းခွံထက် မဆိုသလောက်သေးငယ်တာကလွဲပြီး တပုံစံထဲပါပဲလို့ သိရှိရပါ တယ်။ အရိုးစုတွေရဲ့ သွားတွေကတော့ လူသားတယောက်ရဲ့ သွားတွေထက် အနည်းငယ်သေးငယ်ပေမယ့် လူသားတယောက်ရဲ့သွားတွေနဲ့ တပုံစံ ထဲပါပဲလို့ ဆက်ပြောပြခဲ့ပါတယ်။
 
“ကျနော်တို့ သုတေသနလုပ်ခဲ့တာက ကြားကာလ (အသွင်ကူးပြောင်းကာလ) ကို အဓိက လုပ်ခဲ့တာပါ။ ‘ဟိုမို’ လို့ ခေါ်တဲ့ လူသားမျိုးနွယ်စု စတင် ပေါ်ပေါက်လာတာ ဘယ်လောက်ကြာပြီလဲလို့ သိရဖို့ ပါ” လို့  ဒါရီလ် ဒီ ရွီတာ က ဆက်ရှင်းပြခဲ့ပါတယ်။
ရှာဖွေတွေ့ ရှိခဲ့တဲ့ သြစထရယ်အိုပီဿဲကျု ဆေဒီဘာ Australopithecus sediba လို့ ခေါ်တဲ့ အရိုးစုဦးခေါင်းခွံနဲ့ သွားတွေရဲ့ပုံ (ဒီဓါတ်ပုံကို Science လို့ ခေါ်တဲ့ သိပ္ပံမဂ္ဂဇင်းမှ ရယူပါတယ်)
 
“တွေ့ ရှိခဲ့တဲ့ အရိုးစုတွေဟာ သြစထရယ်အိုပီဿဲကျု ဆေဒီဘာ Australopithecus sediba လို့ ခေါ်တဲ့ ‘တောင်ပိုင်းဒေသမျောက် South-ern Ape’ လို့ ခေါ်ဆိုပြီး သစ်ပင်တွေပေါ် အနေများတဲ့အတွက် ‘မျောက်လူသား’ ရဲ့ အရိုးစုတွေလို့ နာမည်ပေးထားကြပါတယ်။ သူတို့ ဟာ တခါ တရံမှသာ မြေကြီးပေါ်ကိုဆင်းလာပြီး လူသားတွေလို ခြေနှစ်ချောင်းပေါ်ရပ်ပြီး လူသားတွေအတိုင်း သွားလာလှုပ်ရှားကြတာပါ” လို့  ဒါရီလ် ဒီ ရွီတာ က ဆက်ပြောခဲ့ပါတယ်။
 
အခုနောက်ဆုံး ရှာဖွေတွေ့ ရှိခဲ့တဲ့ အရိုးစုတွေဟာ တကယ့်မျောက်ဝံတကောင်ရဲ့ လက်အရှည်တွေအတိုင်းတူနေပေမယ့် အားသန်တဲ့လက်ချောင်း တဖက်ဟာ ပုံမှန်မျောက်ဝံရဲ့ အားသန်တဲ့လက်ချောင်းထက် မဆိုစလောက်လေးတိုနေတာကို တွေ့ ကြရပါတယ်။ ဒါပေမယ့် လူသားတယောက်လိုမျိုး ပြေးလွှားနိုင်လိမ့်မယ်လို့ ယူဆနိုင်ပါတယ်။ (ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်။ ။ အခုရှာဖွေတွေ့ ရှိရတဲ့ အရိုးစုရဲ့ လက်မောင်းရိုးအရ အရိုးပိုင်ရှင် ဟာ လူသားသတ္တ၀ါအဖြစ် အသွင်ကူးပြောင်းလာနေတဲ့ သြစထရယ်အိုပီဿဲကျု ဆေဒီဘာ Australopithecus sediba လို့ ခေါ်တဲ့ မျောက်ဝံ တကောင်ရဲ့ အရိုးဆိုတာဖြစ်နိုင်ချေပိုများပါတယ်။ ဘာလို့ လဲဆိုရင် အရိုးစုတွေအရ သူတို့ ရဲ့ ခန္ဓာအောက်ပိုင်းဟာ အာဖရိကန်မျောက်ဝံတွေလိုမျိုး အောက်ပိုင်းတိုတဲ့ ခန္ဓာကိုယ်ဖွဲ့ စည်းပုံဖြစ်နေလို့ ပဲလို့ သုတေသီတွေက အဲဒီလို ယူဆခဲ့ကြတာပါ) နောက်ပြီး သူတို့ ဟာ ‘ဟိုမီနစ် hominids’ လို့  ခေါ်တဲ့ မနုဿဗေဒဘာသာရပ်အလိုအရ သမိုင်းမတင်မီခေတ်ကာလက ကျင်လည်ကျက်စားခဲ့တဲ့ ဟိုမီနီဒေ Hominidae အုပ်စုဝင် သြစထရယ် အိုပီဿဲကျု  Australopithecus မျိုးနွယ်စုဝင်တွေအတိုင်း အပင်တွေပေါ်လည်း တက်ရောက်နိုင်ကြပါတယ်။
 
“သူတို့ ရဲ့ လက်အရှည်ဟာ ၁.၂၇ မီတာ (လက်မ ၅၀) လောက်ရှိပြီး သူတို့ ရဲ့ သဘာဝအရ အသက်အရွယ်ကြီးစဉ်နဲ့ စာရင် ငယ်စဉ်က လက်တွေရဲ့ ကြီးထွားနှုန်းဟာ ပိုပြီးလျင်မြန်နိုင်လိမ့်မယ်လို့ ယူဆရပါတယ်။ အမတကောင်ရဲ့ ကိုယ်ခန္ဓာအလေးချိန်ဟာ ၃၃ ကီလိုဂရမ် (၇၂ ပေါင်) ခန့် ရှိပြီး ကလေးတွေဟာ ၂၇ ကီလိုဂရမ် (၅၉ ပေါင်) ခန့် ရှိပြီး သူတို့ သေဆုံးချိန်အထိ အဲဒီအလေးချိန်လောက်ပဲ ဆက်ရှိနေတတ်ပါတယ်” လို့  ပါမောက္ခ လီး ဘာဂါ က ပြောပြခဲ့ပါတယ်။
 
“ဦးနှောက်ရဲ့ အတိုင်းအထွာအရ ယေဘုယျအားဖြင့် ကုဗစင်တီမီတာ ၄၂၀ နဲ့  ၄၅၀ အကြားမှာရှိတဲ့အတွက် သေးငယ်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် သူ့ ဦးနှောက်သဏ္ဍာန်ကိုကြည့်ရတာ သြစထရယ်အိုပီဿဲကျု Australopithecus မျိုးနွယ်စုဝင်တွေလိုမျိုးတွေထက် အသိဉာဏ်ပိုမိုထက်မြက် လိမ့်မယ်လို့ ယူဆရပါတယ်” လို့  လီး ဘာဂါ က ဆက်လက်ရှင်းပြခဲ့ပါတယ်။
 
ခေတ်မီကိရိယာတွေသုံးပြီး အသေအချာထပ်မံ စစ်ဆေးကြည့်တဲ့အခါမှာ အခုတွေ့ ရှိခဲ့တဲ့ အရိုးစုတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သန်းလောက်မှာ အသက်ရှင်ရပ်တည်နေခဲ့တဲ့ လူသားတဦးရဲ့ အရိုးစုတွေဖြစ်တယ်လို့ စိတ်ဝင်စားဖွယ်စစ်ဆေး တွေ့ ရှိခဲ့ရပါတယ်။
 

 

 
“ရှာဖွေတူးဖေါ်ရခဲ့တဲ့ မြေကြီးတ၀ိုက်မှာ မြေကြီးတွေကို စစ်ဆေးကြည့်တဲ့အခါ ယူ၊ ပီဘီ U-Pb လို့ ခေါ်တဲ့ သမိုင်းမတင်မီခေတ်ကရှာဖွေတွေ့ ရှိခဲ့တဲ့ ပစ္စည်းတွေကို ဓါတ်ခွဲကြည့်တဲ့နည်းနဲ့ စမ်းသပ်ကြည့်တဲ့အခါ တွေ့ ရှိခဲ့တဲ့ အရိုးစုတွေဟာ လွန်ခဲ့တဲ့ (နှစ်သန်းပေါင်း) ၁.၉၅ နဲ့  ၁.၇၈ အကြားကလို့  ယူဆနိုင်ပါလိမ့်မယ်။ ရေဒီယိုသတ္တိကြွပစ္စည်းတွေအသုံးပြုများလာတဲ့ အခုခေတ်ကာလမှာ ကမ္ဘာကြီးရဲ့ မြေမျက်နှာအသွင်အပြင်နဲ့ သတင်းအချက် အလက်တွေနဲ့ မြေမျက်နှာပြင်မှာရှိနေတဲ့ ဂူတလုံးရဲ့ အတိမ်အနက်နဲ့ တည်ရှိနေခဲ့တဲ့ ခေတ်ကာလကိုလည်း သိအောင်လုပ်လို့ လည်းရပါတယ်” လို့  ပါမောက္ခ ပေါ်လ် ဒါ့တ်က် Paul Dirks ကပြောကြားခဲ့ပါတယ်။
 
အစွယ်ရှိတဲ့ တောကြောင်၊ တောသမင်၊ တောကြွက်နဲ့ ယုန်သတ္တ၀ါတွေမှာရှိတဲ့ အရိုးတွေထဲက အလယ်ကျောရိုးဟာ အားအကောင်းဆုံးနဲ့ အား အသန်ဆုံးလို့ လေ့လာသိရှိခဲ့ရပါတယ်။ အဲဒီ့ အလယ်ကျောရိုးတွေဟာ မာကျောသလို အင်မတန်လည်းကျစ်လစ်သိပ်သည်းပါတယ်။ ကယ်လ်စီယမ် ဓါတ်အားကောင်းတဲ့ ပလပ်စတစ်တွေလိုမျိုး မာကျောသန်မာလှသလို ကမ္ဘာမြေအောက်အတွင်းပိုင်းရှိ ရေစီးကြောင်း၊ ဒါမှမဟုတ် မြေအောက်ရှိ မီတာ အနက် ၃၀ နဲ့  မီတာ ၅၀ ကြား ရေသိုမှီးထားတဲ့အရပ်မှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁.၉ လောက်က ရှင်သန်ခဲ့ဖူးတဲ့ သတ္တ၀ါမျိုးတွေထဲက တမျိုးလည်း ဖြစ်နိုင်ပါတယ်။ 
မြေအောက်ရုပ်ကြွင်းသုတေသီတွေဟာ တွေ့ ရှိခဲ့တဲ့ အရိုးစုတွေကို တနှစ်ခွဲကျော်ကြာ စမ်းသပ်လေ့လာခဲ့ကြတာပါ။ တကမ္ဘာလုံးက သိပ္ပံပညာရှင် ပေါင်း ၆၀ လောက်နဲ့  တဒါဇင်ကျော်လောက်ရှိတဲ့ ကျောင်းသားကျောင်းသူတွေဟာ တွေ့ ရှိခဲ့တဲ့ အရိုးစုရုပ်ကြွင်းတွေကို အရင်တွေ့ ရှိထားခဲ့ကြတဲ့ ရုပ်ကြွင်းတွေနဲ့ နှိုင်းယှဉ်ပြီး သုတေသနပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 
 
အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ်က မနုဿဗေဒပညာရှင် ခရစ္စတီယဲန် ကာလ်ဆင် Kristian Carlson ဟာ အခု သုတေသနပြုလုပ်ခဲ့ ကြတဲ့အဖွဲ့ ထဲက အဓိက တာဝန်ရှိသူတဦးဖြစ်ပါတယ်။
“မာလာပါ Malapa ဂူ နေရာတ၀ိုက်မှာ တွေ့ ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ ကျနော် လေ့လာသုတေသနပြုလုပ်ခဲ့ဖူးတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းဆိုင်ရာမနုဿဗေဒ Paleoanthropology တခုလုံးရဲ့  အဓိကကျတဲ့ အစိတ်အပိုင်းတခုပါပဲ။ ကျနော့် စိတ်ထဲမှာ အခုလုပ်နေတဲ့ သုတေသနမျိုးတွေဟာ အရေးကြီးတဲ့ အချက်တချက်ဖြစ်သလို လူသားဖြစ်ပေါ်လာမှုသမိုင်းထဲက ရှေးဟောင်းလူသားတွေဟာ ဘယ်နည်းဘယ်ပုံ အသက်ရှင်ရပ်တည်ပြီး ခန္ဓာကိုယ်ဖွဲ့ စည်းမှုစနစ် Morphology နဲ့  လူတွေဘယ်နည်းဘယ်ပုံ အုပ်စုဖွဲ့ နေထိုင်ခဲ့ကြသလဲဆိုတာကိုပါ လေ့လာခွင့် မရရှိကြသေးပေမယ့် လေ့လာနိုင်ခွင့်ရလာမယ့် လမ်းစကိုအစပြုနိုင်ခဲ့ပါတယ်”
အင်ဒီယားနားတက္ကသိုလ်က မနုဿဗေဒပညာရှင် ခရစ္စတင်း ကာလ်ဆင် (အင်္ကျီအနက်ရောင်ဝတ်ဆင်၍ ဦးထုပ်ဆောင်းထားပြီး မြေကြီကို တူးဖေါ်နေလျက်)၊ အဖွဲ့ ဝင်တဦးနဲ့ အနီရောင်ဘောင်းဘီနဲ့ အင်္ကျီအနီဝတ်ထားသူ ဂျိုဟဲန်နက်စ်ဘာ့ဂ်မြို ၀စ်ဝါးတားစ်ရဲန်း တက္ကသိုလ်က ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် ဂျော့ ကီဘီ  Job Kibii တို့ ဟာ “မာလာပါ” ဂူမှာ သုတေသနပြုလုပ်နေစဉ် (ဓါတ်ပုံကို  L.R. Berger ထံက ရယူပါတယ်)
 
အခုပြုလုပ်ခဲ့တဲ့ ရှာဖွေတွေ့ ရှိခဲ့တဲ့ အရိုးစုတွေကို သုတေသနပြုလုပ်ပြီးတဲ့အခါ သြစထရိုပီဿဲကျု Australopithecus နဲ့ ’ဟိုမို Homo’ လို့  ခေါ်တဲ့ လူသားမျိုးစိတ်တွေရဲ့ ကွဲပြားမှုနဲ့ သြစထရယ်လ်ပီဿဲကျု အာဖရိကန်နု Australopithecus Africanus ဆိုတဲ့လူသားမျိုးစုတစုနဲ့  လက်တံက ခြေတံတွေထက်ပိုရှည်တဲ့ ဟိုမို အဲရက်တတ်စ် Homo erectus လို့ ခေါ်တဲ့ ခန္ဓာကိုယ်အရွယ်အစား အနည်းငယ်ပိုသေးတဲ့ ရှေးဟောင်း လူသားမျိုးနွယ်စုဝင်သတ္တ၀ါတမျိုးဟာ အာဖရိကတိုက် အရှေ့ ပိုင်းဒေသမှာသာမကပဲ အာဖရိကတိုက် နေရာအနှ့ံမှာကျင် လည်ခဲ့တဲ့အကြောင်း အမေရိကန်နိုင်ငံက အင်ဒီယားနားတက္ကသိုလ် Indiana University က မနုဿဗေဒပါမောက္ခ ကယ်ဗင်ဟန့် တ် Kevin Hunt က ပြောဆို ခဲ့ပါတယ်။
 
“ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပဲ တမူထူးခြားနေတာက တခြားသတ္တ၀ါတွေမှာ တွေ့ ရလေ့ရှိတဲ့ အပြုအမူ၊ အလေ့အထမျိုးတွေကိုလည်း သူတို့ မှာရှိနေကြတာ ပါပဲ။ သြ၊ အာဖရိကန်နု (ရှေ့ ဆက်ပြီး “သြစထရယ်လ်ပီဿဲကျု  အာဖရိကန်နု” အစား “သြ၊ အာဖရိကန်နု” လို့ သုံးစွဲသွားတော့မှာဖြစ်ကြောင်း ကြို တင်အသိပေးထားပါရစေ) ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်ငါးသိန်း၊ ဒါမှမဟုတ် တသန်းလောက်ကအထိ ကျင်လည်ကြက်စားခဲ့ကြလိမ့်မယ်။ ဒီလိုပြောလိုက် လို့  အခုတွေ့ ရှိခဲ့တဲ့ အရိုးစုရှင်တွေဟာ ကမ္ဘာပေါ်က တခြားသတ္တ၀ါတွေနဲ့ အမူအကျင့်နဲ့ ဓလေ့ထုံးစံတွေ ထပ်တူကြလိမ့်မယ်လို့ မဆိုလိုပေမယ့် ‘ဟိုမို Homo’ လို့ ခေါ်တဲ့ လူသားမျိုးစိတ်တွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သန်းက အခုနဲ့ အတူတူပါပဲ” လို့  မနုဿဗေဒပါမောက္ခ ကယ်ဗင် ဟန့် တ် က ဆက်ပြောခဲ့ပါတယ်။
 
“ဒီနေ့ ခေတ်ဖြတ်သန်းနေရတဲ့ ကျနော်တို့ လူသားတွေဟာ ကျနော်တို့ ရဲ့ ဘိုး၊ ဘွား၊ ဘီ၊ ဘင် တို့ ကနေ တဆင့်ပြီးတဆင့်၊ မျိုးဆက်တခုပြီးတခု၊ ခေတ်တခေတ်ပြီးတခေတ် အဲဒီလို ဖြတ်သန်းကျော်လွှားခဲ့ကြပြီး ဟိုမို အဲရက်တတ်စ် Homo erectus လို့ ခေါ်တဲ့ အခုလက်ရှိကမာကြီးမှာ ကျင် လည်ကြက်စားနေကြတဲ့ ကျနော်တို့ ရဲ့ အခုခေတ်ကို ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ တောင်အာဖရိကတိုက်ကနေ ရှာဖွေတွေ့ ရှိခဲ့တဲ့ ကျောက်ဖြစ် ရုပ်ကြွင်းအရိုးစုတွေရဲ့ မူလသတ္တ၀ါပိုင်ရှင်ရဲ့ မျက်နှာအသွင်အပြင်ဟာ ချောမွေ့ မှုမရှိပဲ ကြမ်းတမ်းခတ်တရော်ပြီး သူတို့ ရဲ့ အံသွားတွေဟာလည်း အခု ခေတ်ကထက် ပိုပြီးကြီးမားနိုင်ပါတယ်။ အဲဒီလိုမဟုတ်ခဲ့ရင်တောင် အာဖရိကတိုက်အရှေ့ ပိုင်းမှာရှာဖွေတွေ့ ရှိခဲ့တဲ့ တက္ကဆွန် ဟိုမို ဟာဘီလိစ် Taxon Homo Habilis လို့ ခေါ်တဲ့ မျိုးနွယ်စိတ်ဝင်တွေရဲ့ သတ္တ၀ါအနွယ်ဝင်တွေပဲ ဖြစ်ကြပါလိမ့်မယ်” လို့  ကယ်ဗင်ဟန့် တ် ကပြောပြခဲ့ပါ တယ်။
 
“အခု တူးဖေါ်တွေ့ ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ အရှေ့ အာဖရိကတိုက်နဲ့ တောင်အာဖရိကတိုက်တွေမှာ တူးဖေါ်တွေ့ ရှိခဲ့တဲ့ ကျောက်ဖြစ် ရုပ်ကြွင်းတွေနဲ့ တနည်းမဟုတ်တနည်း ပါတ်သက်ဆက်နွယ်နေကြလိမ့်မယ်” လို့  ကယ်ဗင်ဟန့် တ် က ဆက်ပြောပြခဲ့ပါတယ်။
 
“ကျနော်ကတော့ တောင်အာဖရိကတိုက်မှာ တူးဖေါ်တွေ့ ရှိခဲ့တဲ့ မျောက်လူ ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့သြစထရယ်လ်ပီဿဲကျု အာဖရိကန်နု Australopithecus Africanus ဆိုတဲ့လူသားမျိုးစုတစုတို့ ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ (ဘာသာပြန်သူရဲ့ ကိုးကားဖြည့်စွက်ချက်။       ။ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်သန်းကနေ ခုနှစ်သိန်းလောက်အထိ တကွဲတပြားစီဖြစ်နေခဲ့ရတဲ့ လူ့ အရိုးစုတွေထဲက မစ္စ ပလဲ(စ်) Mrs Ples ဦးခေါင်းရိုးကို ၁၉၄၇ ခုနှစ်မှာ တူးဖေါ်တွေ့ ရှိခဲ့တာဖြစ်ပါတယ်လို့ Cradle of Humankind World Heritage Site ဆိုတဲ့ ခရက်ဒယ်လ် ရှေးခေတ် လူသားတွေရဲ့ အမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့ ကပြောဆိုခဲ့တာပါ) အဲဒီ့ ဦးခေါင်းခွံဟာ အသက်အရွယ် (၈၁) နှစ်အရွယ်ရှိတဲ့ ယောက်ျားတယောက် (တချို့ သုတေသီတွေက အမည်နာမ ခွဲခြားမသတ်မှတ်နိုင်တဲ့ မိန်းမတယောက်ရဲ့ ဦးခေါင်းခွံဖြစ်တယ်လို့ နှစ်ပေါင်းအတော်ကြာမှ ပြောဆိုတာကို ထပ်မံသိရှိခဲ့ရပါတယ်) အဲဒီ့ ဦးခေါင်းခွံဟာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်သန်းလောက်က သေဆုံးခဲ့တဲ့ လူတယောက်လို့  Cradle of Humankind World Heritage Site လို့ ခေါ်တဲ့  Maropeng a’Africa ဒေသမှာရှိတဲ့ ခရက်ဒယ်လ်ရှေးခေတ်လူသားတွေရဲ့ အမွေအနှစ်စောင့်ရှောက် ရေးအဖွဲ့ က ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ 
 
တက္ကဆက် အေအဲန်မ်အမ် တက္ကသိုလ် Texas A&M University မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒါရီလ် ဒီ ရွီတာ Darryl de Ruiter၊  အမေရိကန်နိုင်ငံ၊မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာရှိတဲ့ ဒျု(က်)တက္ကသိုလ် Duke University က စတီဗင် ချာချီလ် Steven Churchill၊ ဂျာမဏီနိုင်ငံ ဇူးရစ်မြို့ မှာရှိတဲ့ ဇူးရစ်တက္ကသိုလ် University of Zurich က ပီတာ ရှမစ်(ဒ်) Peter Schmid၊ တောင်အာဖရိကနိုင်ငံ       ဂျိုဟဲန်နက်စ်ဘာ့ဂ်မြို့ မှာရှိတဲ့ ၀စ်ဝါးတားစ်ရဲန်းတက္ကသိုလ် University of the Witwatersrand က ဂျော့ ကီဘီ  Job Kibii တို့ ဟာ သုတေသနတွေကို အတူပူးပေါင်းပြုလုပ်ပြီး သူတို့ တွေ့ ရှိချက်တွေကို အများသိအောင် ရေးသားတင်ပြခဲ့ကြတာပါ။
 
“အခုသူတို့ ပြုလုပ်ခဲ့ကြတဲ့ သုတေသနလုပ်ငန်းတွေအတွက် တောင်အာဖရိကနိုင်ငံမှာရှိတဲ့ သိပ္ပံနဲ့ နည်းပညာတက္ကသိုလ် South African Department of Science and Technology၊ တောင်အာဖရိကနိုင်ငံရဲ့ အမျိုးသားသုတေသနဖောင်ဒေးရှင်း South African National Research Foundation၊ လူသားများအဆင့်ဆင့်ပြောင်းလဲလာမှုသိပ္ပံ Institute for Human Evolution၊ ကျောက်ဖြစ် ရုပ်ကြွင်းလေ့လာရေးအမွေအနှစ်အဖွဲ့ Paleontological Scientific Trust၊  အင်ဒရူး ဒက်ဘဲလ်လျူ မဲလွန် ဖောင်ဒေးရှင်း Andrew W. Mellon Foundation၊ အာဖရိကအာရေး ပရိုဂရမ် AfricaArray Program (ဘာသာပြန်သူ့ ဖြည့်စွက်ချက်။      ။ အာဖရိကအာရေး ပရို ဂရမ် AfricaArray Program ဟာ အာဖရိကတိုက်အတွင်းရှိ နေရာဒေသတွေမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် လူထုကိုပညာပေးမှု၊  သုတေသနပြုလုပ်နိုင်ဖို့ နဲ့ အဲဒီစနစ်လုံးဝအမြစ်ပြတ်သွားစေရေးအတွက် ရည်ရွယ်ပြီးဖွဲ့ စည်းထားတဲ့ အဖွဲ့ တဖွဲ့ ဖြစ်ပါတယ်)၊ တောင်အာဖရိကနိုင်ငံ ဆိုင်ရာ အမေရိကန်သံတမန် ဆာ ရစ်ချာ့ဒ် ဘရန်ဆင် Sir Richard Branson တို့ က ဘဏ္ဍာရေးအကူအညီတွေကို အထောက်အပံ့ပေးခဲ့  တာပါ” 
 
အဲဒီ သုတေသနပြုလုပ်ခဲ့တဲ့ဒေသမှာ လူသားတွေမသိကြရသေးတဲ့ လူသားရဲ့ဖြစ်ပေါ်တိုးတက်မှုအကြောင်းတွေကို ဆက်လက်ပြီးသုတေသနပြုလုပ် ဖို့ လိုနေသေးတယ်လို့ သိပ္ပံပညာရှင်တွေက ပြောဆိုထောက်ပြခဲ့ကြပါတယ်။
 
အခုလို မသိရှိကြသေးတဲ့ လူသားဖြစ်စဉ်တွေကို တောင်အာဖရိကနိုင်ငံက ကလေးတွေ စတင်သိရှိခဲ့တဲ့အပေါ် ထပ်ဆင့်သုတေသနပြုလုပ်ရာကနေ သက်တမ်းနုအရိုးစု Juvenile Skeleton တွေကို တောင်အာဖရိကနိုင်ငံမှာ တူးဖေါ်တွေ့ ရှိခဲ့ကြတာဖြစ်ပါတယ်။
 
အခုတွေ့ ရှိခဲ့တဲ့ သက်တမ်းနုအရိုးစု Juvenile Skeleton တွေကို တောင်အာဖရိကနိုင်ငံကပိုင်ဆိုင်တာပါ။ တောင်အာဖရိကနိုင်ငံ ဂျိုဟဲန်နက်စ် ဘာ့ဂ်မြို့ မှာရှိတဲ့ ၀စ်ဝါးတားစ်ရဲန်းတက္ကသိုလ် University of the Witwatersrand ကသိပ္ပံပညာရှင်တွေက သုတေသနပြုလုပ်ခဲ့ကြတာဖြစ် ပါတယ်။ အဲဒီနေရာကို Cradle of Humankind World Heritage Site လို့ ခေါ်တဲ့ Maropeng a’Africa ဒေသမှာရှိတဲ့ ခရက် ဒယ်လ် ရှေးခေတ်လူသားတွေရဲ့ အမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့ က ၂၀၁၀ ခုနှစ် ဧပြီလ (၁၈) ရက်နေ့ အထိ ဖွင့်လှစ်ပြသသွားမယ်လို့ သိရပါ တယ်။ အချိန်ကာလ အတော်ကြာပြီးနောက်ပိုင်း ၂၀၁၀ ခုနှစ် ဧပြီလ (၁၉) ရက်နေ့ ကစပြီး “ရှေးဟောင်းရုပ်ကြွင်းဆိုင်ရာအပါတ်စဉ်ဂျာနယ်” မှာ အပါတ်စဉ်ဖေါ်ပြပေးသွားမယ်လို့ ထုတ်ပြန်ကြေညာထားပြီး ၀စ် Wits ဘူမိဇီဝသုတေသနအသင်းဌာနကို ၂၀၁၀ ခုနှစ် မေလထဲမှာ ဖွင့်လှစ်ပေးသွား မယ်လို့ သိရှိရပါတယ်။ နေ့ ရက်အတိအကျကို ထုတ်ပြန်ကြေညာပေးပါမယ်။ 

 

 
(သဘာဝပါတ်ဝန်းကျင်ရေးရာ သတင်းဌာန ‘Environment News Service’ ရဲ့ ၂၀၁၀ ခုနှစ် ဧပြီလ ၄ ရက်နေ့ ထုတ် သတင်းစာမျက်နှာမှာ ဖေါ်ပြထားပြီး မောင်ဖေသက်နီက ဘာသာပြန်ပါတယ်) 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts