Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ကိုတင့်တို့စူပါရပ်ကွက် အောင်မြင်မှု မှတ်တိုင်အဖြစ် ကျောက်တန်းရွာတွင် သွားရောက်လှူဒါန်း

 
ကိုတင့်တို့စူပါရပ်ကွက် အောင်မြင်မှု မှတ်တိုင်အဖြစ် ကျောက်တန်းရွာတွင် သွားရောက်လှူဒါန်း
ရန်နောင်(ဗိုလ်တထောင်) ဖေဖော်ဝါရီ ၇၊ ၂၀၁၅
 
စိန်ဌေး ရုပ်ရှင် နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်လိုက်သော ကိုတင့်တို့ စူပါရပ်ကွက် အောင်မြင်မှု အထိမ်းအမှတ်အဖြစ် စိန်ဌေးထုတ်လုပ်ရေးပိုင်ရှင် ဦးဝင်းကြည် နှင့် ဇနီးဦးဆောင်ကာ ထိုဇာတ်ကားတွင် ပါဝင်သူမင်းသား၊မင်းသမီးများ သည် ပဲခူးတိုင်းဒေသကြီး ကျောက်တန်းစံပြကျေးရွာရှိ ဝေဋ္ဌုဝန်ဘုန်းတော်ကြီးကျောင်းသို့ ဖေဖေါ်ဝါရီလ (၅) ရက်နေ့ က သွားရောက်ကာ ကျောင်းသားများအတွက် ဗလာစာအုပ်များ၊စာရေးကိရိယာများ၊ မုန့်များ နှင့် ငွေကျပ် သိန်းငါးဆယ်ကို လှူဒါန်းခဲ့သည်။
 

ထိုကဲ့သို့ သွားရောက်လှူဒါန်းမှုတွင် စိန်ဌေးရုပ်ရှင် နှင့် ဗီဒီယိုထုတ်လုပ်ရေး ပိုင်ရှင် ဦးဝင်းကြည်နှင့်အတူ ဒါရိုက်တာကျော်ဇောလင်း၊ ထပ်ဆင့်အကယ်ဒမီပြေတီဦး၊ အကယ်ဒမီမင်းဦး ၊ အရိုင်း၊ မိုးပြည့်ပြည့်မောင်၊ဝါဝါအောင်၊ယွန်းရွှေရည်၊ အကယ်ဒမီ ဝါဝါအောင်၊ တက္ကသိုလ်ဂွမ်းပုံ စသည့် အနုပညာရှင်များကလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည်။

 
“ ဘယ်လိုပြောရမလဲ ညီရယ်။ပျော်တာပေါ့။ အကိုတို့ ကိုယ်တိုင်လာရောက်လှူဒါန်းရတဲ့ အတွက်ကြောင့် ပိုပြီးတော့ ဝမ်းသာတယ်၊ ပိုပြီးပီတိ ဖြစ်ရတာပေါ့ ” ဟု ထပ်ဆင့်အကယ်ဒမီပြေတီဦး က ပြောပြခဲ့သည်။
အဓိက သရုပ်ဆောင်ဖြစ်သူ ဦးအရိုင်းကလည်းယခုကဲ့သို့ ပြောပြခဲ့သေးသည်။ “ ဒီထဲမှာပါတဲ့ ထုတ်လုပ်သူရော၊ဒါရိုက်တာရော၊ သရုပ်ဆောင်တွေရော အကုန်လုံးလှူတဲ့သဘောပါ။ အလကားအပြင်မှာ ဂုဏ်ပြုပွဲ လုပ်တယ်ဆိုလဲ ဟေးလားဝါးလား နဲ့ ပြီးသွားမှာလေ။ ဒီလို ပရဟိတကျောင်းကိုလာလှူတော့ ကုသိုလ်ရတယ်။ ကြည်နှူးရတယ်လေ ”။ 
 
 
စိန်ဌေး မှ ဦးဝင်းကြည်ကလည်း ဒီနေ့အလှူက ကိုတင့်တို့စူပါရပ်ကွက် ဇာတ်ကား  ရုံတင်တဲ့အခါ စံချိန်အမြင့်ဆုံးရခဲ့တယ်။ အောင်မြင်ခဲ့တယ်။ ဒီလိုလေးလှူရတော့ ဝမ်းသာတယ်ပေါ့ ။အရမ်းလည်းကြည်နှူး ရပါတယ် ” ဟုပြောကြားခဲ့သည်။
မြန်မာ့လူမှုရေးနယ်ပယ်အတွင်း ရပ်ကွက်လေးတစ်ခုမှ လူမှုဘဝနေထိုင်မှု ပုံစံလေးတွေကိုဖော်ကျူး၊အလွဲလေးများကို တင်ပြရိုက်ကူးထားသည့် ကိုတင့်တို့ စူပါရပ်ကွက်  ဇာတ်ကားသည်  ပထမ ပတ်မှာပင် ရုံတင်စံချိန်ချိုးသွားသောကြောင့် ရုပ်ရှင်လောက မှောင်ခို တခေတ်ဆန်းကာ အောင်မြင်ခဲ့သော ဇာတ်ကားတကားဖြစ်ခဲ့သည်။ ကာတွန်း ကိုရွှေထူး(ပြည်) ၏ ရုပ်ပြဇာတ်လမ်းကို ဒါရိုက်တာကျော်ဇောလင်းက အရိုင်း ၊ုမိုးပြည့်ပြည့်မောင် တို့နှင့် စူပါသရုပ်ဆောင်မင်းသား၊မင်းသမီးများဝိုင်းကားဝန်းကာ ရိုက်ခဲ့သောကားလည်းဖြစ်သည်။
 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts