Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ဗိုလ်ချုပ်ရာပြည့် ဂုဏ်ပြု “သမိုင်းရဲ့ ကမ္ပ္ပ္ပ္ပည်းရှင် ကဗျာအော်ပရာ” ကပြ

 

 

 ဗိုလ်ချုပ်ရာပြည့် ဂုဏ်ပြု “သမိုင်းရဲ့ ကမ္ပ္ပ္ပ္ပည်းရှင် ကဗျာအော်ပရာ” ကပြ

ရန်နောင်(ဗိုလ်တထောင်) ဖေဖော်ဝါရီ ၆၊ ၂၀၁၅

သမိုင်းရဲ့ ကမ္ပ္ပ္ပ္ပ္ပည်းရှင်  ကဗျာအော်ပရာကို ဗိုလ်ချုပ်ရာပြည့်ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံကြီးတွင် ဖေဖေါ်ဝါရီလ (၄) ရက်နေ့ ည (၈)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ ကဗျာအော်ပရာသည် ဦးမင်းကိုနိုင်၏ ဗိုလ်ချုပ်ကဗျာကို ဦးမင်းကိုနိုင် နှင့် ဦးဇာဂနာ တို့ ပူးပေါင်းစီစဉ်ပြီး ဦးနန်းဝင်းက အားဖြည့်ပါဝင်ကူညီထားခြင်းဖြစ်သည်။ သရုပ်ဆောင်များအဖြစ် ဦးဇာဂနာ ၏ သရုပ်ဆောင်သင်တန်းမှ သင်တန်းသား၊သူများ ၊သွေးအလှူရှင်လူငယ်များ က ကပြဖျော်ဖြေခဲ့ကြခြင်းဖြစ်သည်။

 

ပြဇာတ်မကမှီ ပဏာမ တေးသံသာဖျော်ဖြေမှုတွင် ယူလေး၊ဂျီလတ်၊ လင်းလင်း၊ဝေလ၊ထွန်းအိန္ဒြာဗို၊ချစ်သုဝေတို့မှ သီဆိုဖျော်ဖြေခဲ့ပြီး Dream Lover Band က တီးခတ်ပေးခဲ့သည်။ ကဗျာအော်ပရာ အစီအစဉ် မစတင်မီတွင် ဦးနန်းဝင်း နှင့် ဦးမင်းကိုနိုင်တို့မှ တင်ဆက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြခဲ့သည်။ထိုအချိန်တွင် ကျောင်းသားလူငယ်လေးများက ဗိုလ်ချုပ်ပုံပါ ငွေစက္ကူများကို ပရိတ်သတ်အတွင်း လိုက်လံဝေငှပေးခဲ့သည်။

 

 

ကဗျာအော်ပရာပြဇာတ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝကို မောင်အောင်ဆန်း၊ကိုအောင်ဆန်း၊ သခင်အောင်ဆန်း ၊ဗိုလ်အောင်ဆန်း၊အမျိုးသားခေါင်းဆောင်ဦးအောင်ဆန်း စသည့် ဘဝဖြတ်သန်းမှု ကာလငါးခုကို တင်ဆက်ကပြခဲ့သည်။တေးဂီတပိုင်းကို မြန်မာပြည်ကျောက်စိမ်း နှင့် ကီးဘုတ်ဇေယျာမင်းတို့ မှ တာဝန်ယူတီးခတ်ခဲ့ပေးခဲ့ပြီး နောက်ခံစကားပြော ကဗျာများကို ဦးမင်းကိုနိုင်နှင့် ကဗျာဆရာ ဧမွန် တို့မှ ပြောပေးခဲ့သည်။

 

အဆိုပါ ကဗျာအော်ပရာကို ဖေဖေါ်ဝါရီ (၉) ရက်တွင် မန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင် ကပြသွားအုံးမည်ဖြစ်သည်။  The Action Times Foundation မှ ယင်းအစီအစဉ်ကို ဗိုလ်ချုပ်ရာပြည့် ဂုဏ်ပြုအစီအစဉ်တစ်ရပ်အနေဖြင့် ရန်ပုံငွေ ရှာပြုလုပ်သွားမည်ဖြစ်ခြင်းဖြစ်သည်။ နတ်မောက်မြို့တွင် ဖေဖေါ်ဝါရီ (၁၂) ရက်နေ့ ၌ အခမဲ့ ဖျော်ဖြေ တင်ဆက်မည်လည်းဖြစ်သည်။

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts