သက်ခိုင် – တမိုးသောက်တဲ့အခါ
(မိုးမခ) ဇန်န၀ါရီ ၃၁၊ ၂၀၁၅
တမိုးသောက်တဲ့အခါ
……………………..
အပွင့် အဆံ အလှတွေနဲ့ အတင့်တင့်ထူး
အသစ် တဖန် ဘဝတွေနဲ့ အဆင့်ဆင့်ကူး
အော်
အစစ်အမှန် ကာလတွေမှာ ပွင့်ပြီးရင်း ဖူးကြပါစေကွယ်။
ကျောင်းသားဆိုတာ
မှန်ရာကိုဖတ်
သံသရာအတွက်
ခန္ဓာတောင်ပေးဆပ်ရဲတယ်။
အောင်ကျော်၊ (ဆလိုင်း) တင်မောင်ဦး
ဒီလူထူးတွေရဲ့ မျိုးဆက်
ဖုန်းမော်၊ စိုးနိုင် အသက်
ရင်းခဲ့ရတာတွေလည်း သိမယ်
ကွယ်
သတင်းမရခဲ့တာတွေလည်း ရှိမယ်။
ဒီလိုနဲ့ကျော်ဖြတ်
သမိုင်းအရေးကို ဆက်ဖို့အတွက်
ဒါဟာ ရာဇဝင်မှာ မပြတ်
……………
……………
သင်တို့က ချီတက်
ပြည်သူက မတ်မတ်ဆီးကြို
အော်
တိုင်းပြည်က ငို
………………
………………
ပြိုခဲ့တဲ့ ပြည်တခွင် အတွက်
အသစ်တဖန် သမိုင်းကို ပြန်လောင်း
ကလေးတွေရဲ့ ကံကြမ္မာကောင်းကို
………………….
…………………..
သင်တို့ရဲ့
ရဲရင့်မှုတို့နဲ့ မပြတ် တိုး
အဲဒီလို
တရားသင့်တဲ့ ဆန္ဒတွေ ကိုပျိုး
………………..
……………………
ဟိုး…….. တိုင်းတခွင် ရှစ်သောင်း
ပြည်သူတွေချစ်တဲ့
ခွပ်ဒေါင်းတွေ သွေးပြကြပါရဲ့
ဒါဟာ တကယ်တော့
သမိုင်းချီတဲ့ ဒေါင်း။
ဒါကြောင့်
……………………….
……………………….
တမိုးသောက်တဲ့အခါ
အပွင့် အဆံ အလှတွေနဲ့ အတင့်တင့်ထူး
အသစ် တဖန် ဘဝတွေနဲ့ အဆင့်ဆင့်ကူး
အော်
အစစ်အမှန် ကာလတွေမှာ ပွင့်ပြီးရင်း ဖူးကြပါစေကွယ်။
(ဒီမိုကရေစီ ပညာရေးအတွက် အနစ်နာခံ ပေးဆပ်နေသော သပိတ်မှောက် ကျောင်းသားများအတွက် အမှတ်တရ)
သက်ခိုင်
(၂၂း ၁၁) နာရီ ၃၀.၁.၂၀၁၅)
Photo from Facebook
ကဗျာက သိပ်ကောင်းပါတယ် ကိုသက်ခိုင်။ ၁၉၂၀ သပိတ်က စပြီး ကျောင်းသားများ တာဝန်ကျေခဲ့ကြပါတယ်။ မျိုးဆက်သစ်များ လက်ဆင့်ကမ်း လွှင့်ထူခဲ့ကြတဲ့ ခွင်ဒေါင်းအလံတော်ကို အလေးပြုရင်း ကျောင်းသားထုရဲ့ အစဉ်အလာကြီးမားလှတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ပါတယ်။
ကျေးဇူးပါ
သိပ်ကြိုက်တယ်ဗျာ