ကဗျာ ခိုင်မာကျော်ဇော

ခိုင်မာကျော်ဇော – အညောင်းမိနေတဲ့ကမ္ဘာ

ခိုင်မာကျော်ဇော –  အညောင်းမိနေတဲ့ကမ္ဘာ
(သူ့ဖေ့စ်ဘွတ်) ဇန်န၀ါရီ ၂၈၊ ၂၀၁၅

နာရီတွေနဲ့ အပြေးပြိုင်
အကြိမ်ကြိမ်လည်း ကျရှုံး
လမင်းကတော့
ချိုင့်ဝှမ်းတွေပေါ်ဖြတ်သန်းရင်း
လက်ပမ်းကျနေတဲ့ပုံနဲ့ ပေါ့၊

ရာသီတွေကတော့
နေလောင်ပန်းတို့ ရဲ့
အဆုပ်လိုက်အခဲလိုက် ကျိုးကြေမှုကိုပဲ
ပန်းပုထုချင်နေလေရဲ့ ။

ရောဂါတွေကုစားဖို့ 
ဆေးတခွက်လိုတယ်
ဒါပေမဲ့လည်း
ကမ္ဘာကြီး အညောင်းမိနေတာကြာလှပေါ့၊

ဇန်န၀ါရီ ၂၇။ ၂၀၁၅

Photo – Irrawaddy Burmese News


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts