ကဗျာ သစ်ကောင်းအိမ်

သစ်ကောင်းအိမ် – ကမ္ဘာနှစ်ခြမ်း

 

သစ်ကောင်းအိမ် – ကမ္ဘာနှစ်ခြမ်း

(မိုးမခ) ဇန်န၀ါရီ ၂၆၊ ၂၀၁၅

 မချစ်ခင်မနှစ်သက်သူတွေနဲ့ ပြန်မဆုံချင်လို့

 နောက်ဘဝကို မယုံဘူး

ချစ်ခင်နှစ်သက်သူတွေနဲ့ ပြန်ဆုံစရာရှိသေးတော့လည်း

 နောက်ဘဝကို ယုံမိပြန်တယ်…

 နောက်ဘဝ နောက်ကမ္ဘာကို

တယောက်အခြမ်း တယောက်

စိတ်နဲ့တောင် ပြစ်မှားမရတဲ့ နံရံထူထူကြီးနဲ့ ကာထားမယ်

 နောက်ဘဝ နောက်ကမ္ဘာမှာ

 နေလည်း ဆတူ

လလည်း ဆတူ

 လေလည်း ဆတူ

ပင်လယ်ရေလည်း ဆတူ

စံပယ်ပန်းရနံ့လေးတွေ မွှေးပျံနေတာကအစ

အရာရာ သာတူညီမျှ…

တာတေတွေ… ယုတ်ချင်သလောက်သာ ယုတ်

 ကန်းချင်သလောက်သာ ကန်း

 ကိုယ့်ဘက် အခြမ်းပဲဟာ

ကိုယ့်အစွမ်း ကိုယ့်ရုံမှာသာ ရုံတင်…

ကိုယ်တို့တွေလည်း ကိုယ်အလွမ်းနဲ့ကိုယ်

ရှင်သန်ခြင်းကို ခုံမင်မယ်။

(၂၆။ ဇန်နဂါရီ။ ၂၀၁၅)

 

(တိမ်းရှောင်သူ သိဏ်းသိဏ်းအတွက် …..)

(ဓာတ်ပုံ – နီဂျူလိုင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts