ဓာတ်ပုံသတင်း

Sk ရှန်​လိန်း​ – ချင်းပါလကအဖွဲ့ ပထမအကြိမ် စုပေါင်းသွေးလှူ


 Sk ရှန်​လိန်း​ – ချင်းပါလကအဖွဲ့ ပထမအကြိမ် စုပေါင်းသွေးလှူ

(မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၁၅

ချင်း ဗုဒ္ဓသာသနပါလကအဖွဲ့၏ ပထမအကြိမ်​ ​သွေးလှုပွဲကို ၂၀၁၅ ဇန်​နဝါရီလ ၁၈ တနင်္ဂ​နွေ​နေ့ နံနက်​ ၈း၃၀တွင်​ ​ရွှေတိဂုံဘုရားလမ်းရှိ အမျိုးသား ​သွေးလှုဘဏ်​၌ ကျင်းပရာ ချင်းဗုဒ္ဓဘာသာဝင်​ ရဟန်းရှင်​လူ ၅၀ ဦးခန့်​ တက်​​ရောက်​ခဲ့ကြ​ကြောင်း၊ ၂၅ ဦး ​သွေးလှုခွင့်​ရခဲ့​ကြောင်း သတင်းရရှိသည်​၊။

“ကျွန်​​တော်​တို့ ချင်းဗုဒ္ဓဘာသာဝင်​တွေက အလျဉ်းသင့်​သလို ​ကောင်းမှုကုသိုလ်​တွေ တဦးချင်းလုပ်​ခဲ့ကြ ပါတယ်​၊ ကျ​နော်​ဆိုရင်​ ၃၄ ကြိမ်​ ​သွေးလှုခဲ့ပါတယ်​၊ ဒီ​နေ့က​တော့ ​သွေး​ပေါင်​ချိန်​ မပြည့်​လို့လှုခွင့်​ မရပါဘူး၊​နောင်​လဲ ချင်းပါလကရဲ့​သွေးလှုပွဲ​တွေကို ဆက်​လုပ်​သွားမှာပါ” ဟု ချင်းပါလက အတွင်း​ရေးမှုး ဆလိုင်း ​ရွှေလင်းက ဆိုသည်​။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts