MoeMaKa VDO Radio Program ရသဆောင်းပါးစုံ

မြန်မာပြည်ကိုလွမ်းတယ် (သီချင်းအက်ဆေး)

 

မြန်မာပြည်ကိုလွမ်းတယ် (သီချင်းအက်ဆေး)

(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၁၅

ရန်ကုန် အမျိုးသားကဇာတ်ရုံ မှာ လာမယ့် ဇန်နဝါရီ ၃၀၊ ၂၀၁၅ ကျရင် ပလေးဘွိုင်သန်းနိုင် ဂီတရွှေရတုခရီး (၁၉၆၄-၂၀၁၄) ဂုဏ်ပြု စင်တင်ပွဲ ကျင်းပပါမယ်။  လူဟောင်း၊ လူသစ် အဆိုတော်တွေ ပါဝင် သီဆို ဂုဏ်ပြုကြမယ်။

၁၉၈၀ ခုနှစ်များ ရဲ့ ခင်မောင်ထူး၊ ဂျက်မြသောင်း၊ အောင်ရင်၊ ဂျော်နီ ပြည်မိုး အစရှိတဲ့ စတီရီယို အဆိုတော် များ က စလို့ ၁၉၉၀ ခုနှစ်များ ၏ ရင်ဂို အထိ စတီရီယိုအဆိုတော် အများအပြားဟာ စတီရီယိုခေတ်ဦး ပလေးဘွိုင် (တူရိယာလုလင်) တေးဂီတ အဖွဲ့က စိန်လွင်၊ သန်းနိုင် ညီအစ်ကို အဆိုကျော် နှစ်ယောက် ရဲ့ ဆိုဟန် လောင်းရိပ် အောက်က မလွတ်ဘူးလို့ ဆိုနိုင်ပါတယ်။  ရော့ခ်ကာကြီး ဇော်ဝင်းထွဋ်က အစလည်း ပလေးဘွိုင်သန်းနိုင် သီချင်းတွေ ဆိုရင်း နာမည်တည်ဆောက်ယူခဲ့ရတာပါပဲ။  ပလေးဘွိုင် အဖွဲ့ သြဇာဟာ ဗမာ့စတီရီယိုလောကမှာ ကြီးခဲ့ပါတယ်။

ပရိသတ် အနေနဲ့ဆိုလည်း ပလေးဘွိုင် အဖွဲ့ က ပုလဲ၊ သိန်းတန်၊ တော်မီကျော်နိုင်၊ စိန်လွင်၊ သန်းနိုင်၊ မြသီတာ စတဲ့ အဆိုအတီး အားလုံးရဲ့ သီချင်းတွေ၊ ဆိုတီးဟန်တွေကို နှစ်ခြိုက်သဘောကျ အားပေးခဲ့ကြတာပါပဲ။

အခု ပလေးဘွိုင်အဖွဲ့တည်ထောင်သူထဲက တယောက်ဖြစ်တဲ့ သန်းနိုင်ရဲ့ ဂီတသက်တမ်း နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် ကို ဂုဏ်ပြုတဲ့ အနေနဲ့ကော၊ ဗမာပြည် အလှရှုခင်းတွေကြည့် သီချင်းနားထောင်ရင်း အလွမ်းပြေအနေနဲ့ပါ ပလေးဘွိုင်သန်းနိုင် သြစတြေးလျကို ထွက်သွားပြီး ပြန်လာချိန်မှာ ဆိုခဲ့တဲ့ “ပြည်တော်ပြန်ပလေးဘွိုင်” သီချင်းလေးကို မိုးမခ ပရိသတ် အတွက် တင်ဆက်ချင်ပါတယ်။  ကွယ်လွန်ခဲ့ရှာပြီ ဖြစ်တဲ့ ဂီတစာဆို ကိုလေးလွင် အမှတ်တရလည်း ဖြစ်တာပေါ့။  

နေရောင်ခြည်တန်းဟာ.. နွေးနွေးလေးပဲနေလည်း.. လွမ်းစေတယ်..

မြန်မာပြည်နဲ့တော့.. ခြားနားမှု ရှိတယ်..

အရုဏ်နေ့ဦးမယ်.. ကြည့်လိုက်တို့ရဲ့.. ပြည်ရနံ့တွေရယ်..

တပြည်.. ငါရောက်တောင်.. သတိရ.. ရလို့နေ..

မြန်မာပြည်.. အဝေးကြီးပေါ့..

နေနိုင်အောင်.. ကြိုးစားတယ်..

မလွယ်ဘူးသိ.. ဒို့.. သိလာတယ်.. သိလာတယ်..

အို.. သိပါပြီ..

ပြန်တော့မယ်.. ဇာတိမြေကို..

မြန်မာပြည်ကိုကွယ်.. လွမ်းတယ်.. သွားမယ်..

မြန်မာပြည်ကိုကွယ်.. လွမ်းတယ်.. သွားမယ်..

မြန်မာပြည်ကိုကွယ်..  သွားမယ်.. ပြန်တော့မယ်..

ခြေတံရှည်လေးနဲ့ ဝါးကြမ်းခင်းထားတဲ့.. မြန်မာ့.. အိမ်မယ်..

ဘော်ငွေလရဲ့.. ဆောင်းည.. နွေးလွန်းတယ်..

ဒါတွေကို ငါမမေ့..ပြန်တွေးမိတော့..

အို.. ဆွေးစေတယ်..

ဧရာဝတီမြစ်ကြီးနဲ့.. မန္တလေးနန်းတော်.. မြတ်မုနိ..

ကမ္ဘာ့.. အံ့ဘွယ်.. ဘုရား မြတ်ရွှေတိဂုံ.. ရှိခိုး.. ဖူးမြော်ချင်တယ်..

အဝေးရောက်.. ကျွန်တော်..

မြန်မာ့စိတ်.. မြန်မာ့.. ရေမြေ..

အဝေးမှ.. ချစ်.. ချစ်လာတယ်..

ဒို့မြေကို.. ပြန်တော့မယ်..

မြန်မာပြည်ကိုကွယ်.. လွမ်းတယ်.. သွားမယ်..

မြန်မာပြည်ကိုကွယ်.. လွမ်းတယ်.. သွားမယ်..

မြန်မာပြည်ကိုကွယ်..  သွားမယ်.. ပြန်တော့မယ်..

မြန်မာပြည်သား.. အားလုံး.. အတွက်..

တေးဆို.. ကျွန်တော်.. သန်းနိုင်လေ..

ပြည်တော်ပြန်.. ခရီးဟာ.. တွေးတိုင်း..

သိပ်ကို.. သိပ်လှ..

မြန်မာပြည်ကလေးကို.. သတိရလို့.. လွမ်းတယ်..

ဟိုစဉ်.. အချိန်မျိုးကို.. တွေးပြီး.. ဆွေး..

စတိတ်ရှိုးလေးများ.. မှန်းမြင်တယ်..

မိတ်ဆွေတွေ.. ပြန်တွေ့ချင်တယ်..

ပြန်တွေ့ဖို့.. ဒို့.. ပြန်မယ်..

မြန်မာပြည်ကိုကွယ်.. လွမ်းတယ်.. သွားမယ်..

မြန်မာပြည်ကိုကွယ်.. လွမ်းတယ်.. သွားမယ်..

မြန်မာပြည်ကိုကွယ်..  သွားမယ်.. ပြန်တော့မယ်..

 

သီချင်းနားဆင်ရန် YouTube URL: http://youtu.be/oxE5p0d51uM


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts