Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – အဖြူရောင် (ရွှေ) ၏ နတ်မြင်းပျံ ရေငန်ညစ်မှာနစ်ခဲ့ပြီလေနှင့် အခြားဝတ္တုတိုများ မိတ်ဆက်ပွဲ

ရန်နောင် (ဗိုလ်တထောင်) – အဖြူရောင် (ရွှေ) ၏ နတ်မြင်းပျံ ရေငန်ညစ်မှာနစ်ခဲ့ပြီလေနှင့် အခြားဝတ္တုတိုများ မိတ်ဆက်ပွဲ
(မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၁၅

ဝတ္တုတိုများ ရှားပါးလာသော ယနေ့စာပေလောကအတွက် စာရေးဆရာမ အဖြူရောင်(ရွှေ) ၏ နတ်မြင်းပျံ ရေငန်ညစ်မှာ နစ်ခဲ့ပြီပေါ့နှင့် အခြားဝတ္တုတိုများ စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း (အောက်ဘက်) ရှိ ဟုမ်းမီဒီယာ ခန်းမတွင် ဇန်နဝါရီလ (၂၂) ရက် ကြာသပတေးနေ့ နေ့လည် (၁) နာရီတွင် ကျင်းပခဲ့သည်။

စာရေးဆရာ ရဲသျှမ်း၊ ခင်ပန်နှင်း၊ မိချမ်းဝေ၊ မင်းဝေဟင်တို့မှ အမှတ်တရ မုဒိတာ စကားများပြောကြားပေးခဲ့ကြပြီး စာရေးသူ ဆရာမ အဖြူရောင် (ရွှေ) ကိုယ်တိုင် သူ၏ဝတ္တုတိုများအကြောင်းကို ပြောကြားပေးခဲ့သည်။ “ကျမ ပထမဆုံးအစအဆုံး တထိုင်တည်းရေးဖြစ်ခဲ့တဲ့ ချစ်ခြင်းဆေးရောင်စုံဆိုတဲ့ဝတ္တုတိုလေးကို ဒီစာအုပ်လေးထဲမှာ ထည့်ထားပြီး နောက်ဆုံးဝတ္တု တိုလို့ပြောလို့ရသေးတဲ့ မွေ့ပျော်ရာမြမြက်ခင်း ငြိမ်းချမ်းခြင်းအတိလေ ဝတ္တုတိုလေးကို အမှတ်တရအဖြစ် ထည့်ထားပါတယ် ” ဟု အမှတ်တရ ပြောကြားခဲ့သည်။

စာအုပ်မိတ်ဆက်ပွဲတွင် အခမ်းအနားမှူး အဖြစ် စာရေးဆရာမ ကြာဖြူနွယ်က ဆောင်ရွက်ခဲ့ပြီး စာရေးဆရာ၊ ဆရာမကြီးများ ၊ စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြသည်။

ဆရာကျော်စောမင်း အမှာစာ ရေးထားသော အဆိုပါ ဝတ္တုတိုပေါင်းချုပ်ကို ဦးသိန်းလွင် (လင်းလွန်းခင်စာပေ) မှထုတ်ဝေပြီး  မျက်နှာဖုံးပန်းချီ မုတ်သုံက ရေးဆွဲပြီး မျက်နှာဖုံးဒီဇိုင်းကို ဗဂျီလင်းဝဏ္ဏ က ရေးဆွဲထားသည်။ ဆရာမ အဖြူရောင် (ရွှေ) ၏  နတ်မြင်းပျံ ရေငန်ညစ်မှာ နစ်ခဲ့ပြီလေ  ဝတ္တုတိုပေါင်းချုပ်စာအုပ်ကို လင်းလွန်းခင်စာပေမှ တန်ဖိုး (၂၅၀၀) ကျပ်ဖြင့် စတင်ဖြန့် ချိလိုက်ပြီ ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts