ဓာတ်ပုံသတင်း

နိုဘယ်-မြန်မာစာပေပွဲတော် မြန်မာပြည်မှာ ပထမဆုံးကျင်းပ

 နိုဘယ်-မြန်မာစာပေပွဲတော် မြန်မာပြည်မှာ ပထမဆုံးကျင်းပ

(Yangon Globe News) ဇန်န၀ါရီ ၁၉ ၊ ၂၀၁၅

နိုဘယ်-မြန်မာစာပေပွဲတော်ကို ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံတွင် ၃ ရက်ကြာ ကျင်းပလျက်ရှိရာ ယနေ့သည် နောက်ဆုံးရက်ဖြစ်သည်။

စာပေသမား အများအပြား၏ ဟောပြောပွဲ၊ ဆွေးနွေးပွဲများကို ကဇာတ်ရုံအတွင်းဘက် အပြင်ဘက်တွင် ငါးနေရာခန့် ခွဲပြီး တပြိုင်နက် ပြုလုပ်လျက်ရှိသည်။

ဂျပန်-မြန်မာ ဘာသာပြန် စာရေးဆရာ ရဲမြလွင်က ဟောပြောရာတွင် ဂျပန်၏ စာပေ အားကောင်းမှုများလည်း ပါဝင်သည်။ ငွေစက္ကူတွင် စာရေးဆရာပုံကို တလေးတစား ရိုက်နှိပ် ဖော်ပြသည့်နိုင်ငံဖြစ်ကြောင်း၊ စာပေနိုဘယ်ဆုရသူ ၂ ဦး ရှိကြောင်းလည်း ပါဝင်သည်။

ဟောပြော၊ ဆွေးနွေးပွဲများအပြင် စာအုပ်အရောင်းဆိုင် ၈၀ ခန့်ကိုလည်း တွေ့ရပြီး ပရိသတ်များက ကြိတ်ကြိတ်တိုး ၀ယ်ယူ အားပေးလျက်ရှိသည်။

ကာတွန်း၊ ပိုစတာပြပွဲကို အားပေးသူ အများအပြား ရှိသကဲ့သို့ ရုပ်ပြောင်ကာတွန်း အဆွဲခံသည့် ပရိသတ် အများအပြားလည်း ရှိသည်။

ပွဲတော် ပထမနေ့ မြင်ကွင်းတချို့ကို ဖော်ပြလိုက်ပါသည်။

(ဓာတ်ပုံများ – The Yangon Globe)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts