ကဗျာ

ပတ္တမြား မြေဆန်ဝေ – ဆရာတင်မိုး သို့

 
ပတ္တမြား မြေဆန်ဝေ – ဆရာတင်မိုး သို့
(မိုးမခ) ဇန်န၀ါရီ ၁၉ ၊ ၂၀၁၅
ဇာတိ ကိုယ့်မြေ
ဆိုးဖြစ်ထွေကြောင့်
တစ်ပြေ(ပြည်) ခွာပုန်း ရုန်းခဲ့သည်….၊
 
ထိုမှာ မပစ်
ကဗျာစစ်သည်
ချန်ရစ်စာပေါင်း နှောင်းလူဆီ….၊
 
နောက်ဆုံးထွက်သက်
သူ့- လက်နက်ကား
တောက်လျှက်ထွန်းဆဲ ရဲသွေးနီ….၊
 
မြန်မာပြည်ကဲ
ကမ္ဘာထဲတိုင်
ပျံဝဲရှည်တည် မြေမဟီ….၊
 
ဆရာ့မှုကောင်း
စံ – ပြုဆောင်း၍
ရေစောင်း ကျောက်အက် ထက်စေမည်….။
ပတ္တမြား မြေဆန်ဝေ
    မန်းတောင်ခြေ

 

ဇန်န၀ါရီ ၈၊ ၂၀၁၅

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts