ကြော်ငြာကဏ္ဍ

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အခမ်းအနား ဆန်ဖရန်ဘေးဧရိယာ မြန်မာတိုင်းရင်းသားတို့ ကျင်းပမည်

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အခမ်းအနား ဆန်ဖရန်ဘေးဧရိယာ မြန်မာတိုင်းရင်းသားတို့ ကျင်းပမည်
(မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၅

ဖေဖော်ဝါရီလ ၂၂ ရက်၊ တနင်္ဂနွေနေ့၊ ဘေးဧရိယာ၊ နယူအပ် ခန်းမဆောင်တွင် ဆန်ဖရန်စစ္စကို ဘေးဧရိယာမြန်မာမိသားစုများ စုစည်းပြီး မြန်မာပြည်၏ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ် (ဦး) အောင်ဆန်း နှစ် ၁၀၀ ပြည့် အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။ အခမ်းအနားတွင် အကျွေးအမွေးကို မြန်မာစားသောက်ဖွယ်ရာတို့ဖြင့် စတုဒိသာအလှူကျွေးမွေးမည် ဖြစ်သည်။ ဘေးဧရိယာမြန်မာမိသားစုများ အားလုံး စုပေါင်း ရွက်ဆောင်မှုအဖြစ် ကျင်းပမည်ဖြစ်ရာ အောက်ပါ ပုဂ္ဂိုလ်များကို ဆက်သွယ်နိုင်ကြပါသည်။

ကိုချို ဦး  (510-552-7973)။
ကိုမိုးကျော် (650-834-0184)။
ကိုထွန်းမြတ်ဦး (415-571-6401)။

အကျွေးအမွေး –
အထူးအစီအစဉ်အဖြစ် ဗိုလ်ချုပ်အလွမ်းပြေ  “ပဲပြုတ်နဲ့ နံပြား”

ဖျော်ဖြေရေး –
တေးသံသာဖျော်ဖြေရေ၊ အကပဒေသာ ၊ ကဗျာ ရွတ်ဖတ်ခြင်း၊ အမှတ်တရစကားပြောခြင်း။

ပညာပေး –
ဗိုလ်ချုပ်ပန်းချီကားများ ၊ မိန့်ခွန်းများ၊ စာစီစာကုံးများနှင့် အမှတ်တရ နံရံကပ်စာစောင်များ၊ ဓါတ်ပုံများ၊

ကျင်းပမည့် နေရာ –
Newark Pavilion,6430, Thornton Avenue. Newark, CA 94560

ကျင်းပမည့် အချိန် –
နံနက် ၁၀ နာရီ မှာ ညနေ ၃ နာရီ

ကျင်းပမည့် နေရက် – ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၁၅ (တနင်္ဂနွေနေ့)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts