မာမာအေး ရသဆောင်းပါးစုံ

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ်(၅၆၇)


မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ်(၅၆၇)
ဇန်န၀ါရီ ၁၃၊ ၂၀၁၅

● အကျဉ်းဆုံး ဘုရားရှိခိုး
သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်း သာကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ။ “ပို့မယ့်ပို့ ကူးတို့ ရောက်အောင်ပို့” ဆိုတဲ့စကားမျိုးကို မာအေးတို့မြန်မာတွေသုံးကြတာ ကြားဖူးတယ် မဟုတ်လားရှင်။ မာအေးကတော့ ဒီကနေ့ လက်တွေ့သုံးတာပေါ့နော်။ ရှေ့တပတ်က သီလယူ သရဏဂုံဆောက် တည်ကြ တဲ့အခါ “သြကာသ” နိဒါန်းချီလို့ ကိုယ်ခန္ဓာစင်ကြယ် အပြစ်ကင်းချိန်မှာ ဝတ်ကောင်းစားလှ၊ နံ့သာမွှေးမြ ၊ပန်းပန်ချင်ကြ တာမျိုးလို့ ၊သီလသရဏဂုံသုံးခန်းဦးစိုက်ပန်းကိုတောင်းတော့ – သီလပေးမယ့် သံဃာတော်က နှုတ်က ရွတ်ဆိုဆောက်တည်မှ ရတဲ့ သီလ သရဏဂုံဖြစ်တဲ့အတွက် ရှေ့ကတိုင်ပေးတာကို မမှားအောင် လိုက်ဆိုကြလို့ မိန့်တော်မူတဲ့အထိဘဲ ရောက် သေးတာမို့၊ ပြီးစီးတဲ့အထိ နိဗ္ဗာန်ကူးတို့ရောက်အောင် ပို့ရမှာမို့ပါဘဲ။

သီလပေးသံဃာတော်မြတ်က “ယ- မဟံ ဝဒါမိ တံ ဝဒေထ” လို့ရွတ်ဆိုပြီးရင် ပရိတ်သတ်တို့အား “အာမဘန္တေ” ပါအရှင် ဘုရားလို့ ဆိုလိုက်ကြတာပါ။ ဒါက ကောင်းပါပြီ၊ လိုက်ဆိုပါ့မယ်အရှင်ဘုရားလို့ ဆိုလိုက်ကြတာပါ။ ဒီတော့မှ သံဃာတော်က
“နမောတဿ ဘဂဝတော အရဟတော သမ္မာ သဗုဒ္ဓ္ဗ္ဗ္ဓဿ ” ဆိုတာဟာ ဘုရားရှိခိုးစာပိုဒ်တဲ့၊ စာပိုဒ်တိုလို့ တန်ဖိုးနည်းတယ် မထင်ကြလေနဲ့။ လူတကာ၊ နတ်တကာ၊ ဗြဟ္မာတကာတို့ရဲ့ နှုတ်ဖျားမှာတောင် အလွန်ထင်ရှားပါတယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေ များစွာရှိတဲ့အထဲက “ဘဂဝါ ဂုဏ်၊ အရဟံဂုဏ်၊ သမ္မာသဗုဒ္ဓ္ဗ္ဗ္ဓ္ဓဂုဏ်” ဆိုတဲ့ ဂုဏ်တော်ကြီးသုံးပါးနဲ့ ဘုရားကို ရှိခိုးတာဖြစ်တယ်တဲ့ရှင့်။

သံဃာတော်အရှင်မြတ်က ဒီစာပိုဒ်ကို တစ်ခေါက်ပဲတိုင်ပေးတာကို မာအေးတို့တွေက သုံးခေါက်လိုက်ဆိုကြတာကိုလဲ ဆရာတော်ဘုရားကြီးက ရှင်းပြထားပါသေးတယ်။ နမောတဿဘုရားရှိခိုးအနက်ကတော့ “ဘဂဝတော- ဘဂဝါဂုဏ်တော် ရှင်ဖြစ်တော်မူသော၊ အရဟတော- အရဟံဂုဏ်တော်ရှင်ဖြစ်တော်မူသော၊ သမ္မာသဗုဒ္ဓ္ဗ္ဗ္ဓ္ဓ္ဓဿ- သမ္မာသဗုဒ္ဓ္ဗ္ဗ္ဓ္ဓ္ဓ္ဓဂုဏ်တော်ရှင် ဖြစ် တော်မူထသော၊ တဿ- မြတ်စွာဘုရားအား ၊ နမော- ရိုသေမြတ်နိုး ရှိခိုးဦးညွှတ်ပါ၏ဘုရား”  အဲဒီလိုပြန်ရတာပေါ့ရှင်။

ဒီဘုရားရှိခိုးစာပိုဒ် “နမောတဿ” ချီတဲ့ ပါဠိစာပိုဒ်ကိုဘဲ သိကြားမင်းကြီးလည်း ရွတ်ဖတ်ရှိခိုးခဲ့ပါသတဲ့။ တခါက မြတ်စွာ ဘုရား သီတင်းသုံးနေတဲ“ဣန္ဒာသာလ” မည်ကျော် လှိုဏ်ဂူတော်ကို သိကြားမင်းသွားရောက်ဖူးမျှော်စဉ်မှာ “သက္ကပညသုတ် ” ကို နာကြားရတဲ့အတွက် သောတပန်အရိယာအဖြစ် သိကြားဘဝအသစ်ကိုရခဲ့တာကြောင့် ပြန်ကာနီးမှာ မြေကြီးကိုလက်နဲ့ ပွတ်ပွတ်ပြီးတော့ “အသင်မြေကြီး မတုန်မလှုပ်သလို၊ ကျွန်ုပ်လဲဘဲ ဘုရားရတနာအပေါ်မှာ မတုန်မလှုပ်ဘဲ သက်ဝင်ယုံကြည် တဲ့။ လောကုတ္တရာသရဏဂုံတည်တဲ့ ပုဂ္ဂိုလ်တယောက်ပါဘဲဆိုတဲ့ အဓိပ္ပါယ်နဲ့ “နမောတဿ” သုံးခေါက်ဆိုပြီး ရှိခိုး ပြန်ကြွ တယ်။

သဟံပတိဗြဟ္မာကြီးတွေဘုရားတွေထံလာပြီးပြန်တယ်ဆိုရင် “နမောတဿ” သုံးခေါက် မတ်တတ်ရပ် ရှိခိုးရွတ်ဆိုပြီး ပြန် တာဘဲ။ လူ့ပြည်လူ့လောကရဲ့ မင်းပညာရှိ ပုဏ္ဏားပညာရှိတွေလည်း ဒီလိုပါဘဲ။ တချို့ကဆိုရင် မြတ်စွာဘုရားရှိရာဖက်ကို မှန်းပြီး ဒီ “နမောတဿ” စာပိုဒ်နဲ့ ရှိခိုးကြလေ့ရှိပါတယ်။

ဒါတွေကို စာကြေတဲ့ မာအေးတို့တွေရဲ့ မိဘဘိုးဘွားအထက်အထက်က လူကြီးများလည်း ဆရာသံဃာက တစ်ခေါက် ဆိုငြားသော်လည်း၊ ငါ့သား င့ါမြေး ငါ့ကလေးတို့က သုံးခေါက်ဆိုကြဟဲ့လို့ မူချပေးသွားတာဖြစ်တယ်တဲ့။

ဒီလို ဘုရားရှိခိုးစာပိုဒ်ကိုဆိုပြီးတဲ့အခါကျတော့ “ဗုဒ္ဓ္ဗ္ဗ္ဓ္ဓ္ဓ္ဓ္ပ္ပ္ပ္ပ္ပသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ” အဲဒီစာပိုဒ် သုံးပိုဒ်ဆိုနေတဲ့အချိန်မှာ ဘုရားရတနာကို ကြည်ညိုတဲ့စိတ်၊ တရားရတနာကို၊ သံဃာရတနာတို့ကို သူ့အပိုင်းနဲ့သူ ကြည် ညိုတဲ့  “သဒ္ဓ္ဗ္ဗ္ဓ္ဓ္ဓ္ဓ္ပ္ပ္ပ္ပ္ပါ” ပြီးတော့ ဘုရား၊ တရား၊ သံဃာသည် ရတနာသုံးပါးဖြစ်တယ်၊ ငါတို့တွေရဲ့ အားထားရာ ကိုးကွယ်ရာတွေဘဲလို့ သိတဲ့ “ ပညာ” ၊ အဲဒီသဒ္ဓါနဲ့ပညာ နှစ်ပါး ခေါင်းဆောင်ဖြစ်တဲ့ မဟာကုသိုလ်စိတ်တွေက အသံတစ်သံပီသအောင်ထွက်လာဖို့ရာအတွက် (၄၉)ခါဖြစ်မှ တစ်သံရတယ်လို့ ဟိုနေ့က ပြောပြီးပြီလေ၊ကဲ “ဗုဒ္ဓ္ဗ္ဗ္ဓ္ဓ္ဓ္ဓ္ပ္ပ္ပံသရဏံ ဂစ္ဆာမိ” တဲ့။ အသံ ရှစ်လုံးရှိပါတယ်။ အဲဒီမဟာကုသိုလ်စိတ်စေတသိက်အစုကို  “ဗုဒ္ဓ္ဗ္ဗ္ဓ္ဓ္ဓ္ဓ္ပ္ပ္ပ္ပသရဏဂုံ” လို့ခေါ်ပါတယ်။ “ဓမ္မံ သရဏံ ဂစ္ဆာမိ” ရွတ်လို့ ကိုယ့် သဏ္ဍာန် မှာဖြစ်ပေါ်တဲ့ မဟာကုသိုလ်စိတ်များစွာကို “ဓမ္မသရဏံဂုံ ၊ “သံဃံ သရဏံ ဂစ္ဆာမိ” ရွတ်တဲ့အခါ ဖြစ်လာတဲ့ မဟာကုသိုလ် စိတ်တွေကိုကျတော့ ပါဠိလို  “သံဃံ သရဏ ဂမန” မြန်မာလို “သံဃ သရဏဂုံ” လို့ သံဃာတော်အား ကိုးကွယ်ရာဟူ၍ ဆည်းကပ်သတ်မှတ်ကြောင်းဖြစ်သော မဟာကုသိုလ် စိတ်စေတသိတ်လို့ အဓိပါယ်ဖွင့်ပါတယ်။ သီလ၊ သရဏဂုံပန်းခိုင်တွေ မြိုင်ဆိုင်ဖို့ရာ မာအေးတို့တွေကို ဒုတိယမ္မိ၊ တတိယမ္မိ သုံးခေါက်ရွက်ဆိုတိုင်း ပေးတာပါဘဲ။ သရဏဂုံပန်းသုံးခိုင်ပန်မိသွားတဲ့အခါ၊ သီလပေးသံဃာအရှင်က “တိသရဏ ဂမနံ  ပရိပုဏ္ဏံ” လို့ ဆက်ရွတ်တော်မူပါတယ်။ တရားနာသူတွေကလည်း “ အာမဘန္တေ” လို့ဘဲ ပါဠိလိုချင်း အပြန်အလှန်ပြောကြတာဘဲနော်။ ချစ်ဆွေတို့တော့ မပြောတတ်ဖူးရှင်။ မာအေးကတော့ မသိဘဲ ရှေးက ဒီလိုဘဲလိုက်ဆိုတာကြောင့်မို့သာ – အာမဘန္တေပါအရှင်ဘုရားလို့ ဆိုခဲ့မိတာပါ။ ခုတော့ မင်းကွန်း ဆရာတော်ကြီးက နားလည်အောင်ဟောကြားခဲ့တာကို နာယူမှတ်သားနားလည်လိုက်ပါပြီ။ သံဃာတော်မြတ်က – သရဏံဂုံ ပန်းအစုံရတာ ပြည့်စုံ အားရကျေနပ်ကြပါပြီလားဆိုတဲ့သဘော၊ ပြန်ပြောကြတဲ့ မာအေးတို့ကလည်း – ပြည့်စုံပါပြီ ကျေနပ်ပါပြီ ဘုရားလို့ လျှောက်ကြတဲ့သဘောလို့ သိရပါပြီ။

မာအေးတို့ တရားနာာကသူတွေ သန့်ရှင်းစင်ကြယ် အပြစ်ပြယ်တဲ့စိတ်ခန္ဓာနဲ့ ဘုရားရှိခိုး သီလသရဏဂုံဆောက် တည်ပြီး ကြတော့ – ထာဝရဆင်မြန်းသင့်တဲ့ ပန်းမျိုးငါးပါး၊ နံ့သာမျိုး ငါးပါးနဲ့ ပမာတူတဲ့ “ငါးပါးသီလ” လိုက်ဆိုကြရပြန်တယ်။ သား သမီးကို အမိအဖက လှသည်ထက်လှစေချင်သလို ဘုရားသားတော်များက သီလပန်းတွေ ပန်ဆင်စေတာပါရှင်။  “တိသရ ဏေနသဟ  ပဉ္စင်္ဂသီလံ သာဓုကံ ကတွာ အပမာဒေန သမာဒေထ” လို့ တရားကို  အဆုံးသတ်ပေးပါတယ်။ “နှလုံးပျော့ပြောင်း သူတော်ကောင်းတို့၊ သရဏဂုံသုံးခန်းနဲ့ သီလငါးခန်း မြတ်ပန်းတွေ ပန်ဆင်မြန်းခဲ့ကြပြီး သည်ပန်းတို့နဲ့တူတဲ့ သီလ သရဏ ဂုံတို့ကို ကြီးစွာသောသတိဆောင်ပြီး မကျိုးမပေါက် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ပြည့်စုံကြပါစေလို့  ဆု တောင်းတာဖြစ်ပါတယ်။ ဘာသာသာသနာသီလ သရဏဂုံတို့ကို စောင့်ရှောက်ကျင့်ဆောင် ခေမာသောင်ရောက်ကြပါစေရှင်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts