ကဗျာ

လင်းအေးထင် – မဒမ်တူးဆိုး ဖယောင်းရုပ်

လင်းအေးထင် – မဒမ်တူးဆိုး ဖယောင်းရုပ်
(မိုးမခ) ဇန်န၀ါရီ ၈၊ ၂၀၁၅

စားစရာမရှိပေမဲ့ လျော်စရာတော့ ရှိရမယ်ဆို၊
မိန်းမောတွေဝေခြင်း (၁ဝ) စုနှစ်ချီခဲ့သော နှလုံးသားကို လက်ဖွဲ့မိတော့
နှုတ်ခမ်းထောင့်စွန်းလေးတွေတောင် ကွေးညွတ်မသွား၊
ရှေးရိုး မက္ကင်းနစ်ပုစ္ဆာကို ငြီးငွေ့သလို ကြည့်ပုံမျိုးနဲ့
အေးတိအေးစက် တုံ့ပြန်တယ်။

ကျနော့်အချစ်ဟာ ပိရမစ်ထဲထည့် ကျပ်စည်းမထားတာကလွဲလို့
တာရှည်ခံအောင်တော့ စီရင်ထားပါရဲ့၊
ရင်ခွဲရုံက ဖော်မလင်နံ့ စွန်းထင်းနေရင် သည်းသာခံပေရော့၊
အအိပ်မဲ့ညရဲ့ လက်ကောက်ဝတ်မှာ သွေးမလျှောက်တော့ဘူး။

အချိုဓာတ်ကုန်သွားတဲ့ ပီကေသဖွယ်
ခင်ဗျားထွေး အထုတ်ခံရတဲ့ ကျနော့် နှုတ်ခမ်း၊
ခင်ဗျားကို တမ်းချင်းဆိုရတိုင်း၊
အစိမ်းသရဲတို့ ငိုညည်းသည့်နှယ်
နာပျော်ဖွယ် ဘယ်ရှိပါ့မလဲ။

ခင်ဗျားရှေ့မှောက် ကျနော်ရောက်နေပေမဲ့၊
ခင်ဗျားကို ကျနော်မတွေ့ရ၊
ကျနော်မြင်နေတာ မဒမ်တူးဆိုး ကျော်ကြားသူများ ခန်းမဆောင်က
ဖယောင်းရုပ်ပေပဲ။

အိပ်မက်ဟာ မှန်တစ်ချပ်လို ကွဲကြေဖူးသွားရင်၊
ကျနော့်ဘဝနဲ့ ရင်းပြီး ဝှက်ခဲ့တဲ့ ပဟေဠိ အဖြေ
ခင်ဗျားဖော်နိုင်သွားမှာပါ၊
ပြီးရင်တော့ မြေအောက်ရထားပေါ်မှာပဲ စွန့်ခဲ့ပါ၊
ကျနော့်အချစ်ဟာ အလကားဝေတဲ့ သတင်းစာလိုပါပဲ၊
သမိုင်းတန်ဖိုး ကင်းမဲ့ပါရဲ့။    ။

လင်းအေးထင်

Lin Htin (Lin Aye Htin) Facebook:
https://www.facebook.com/linayehtin

လင်းထင် (လင်းအေးထင်) ကဗျာ၊ စာဟောင်းများ ဖတ်ရန် –

ဥသြဆွဲ တေးချင်း
http://moemaka.com/archives/41280
http://www.moemaka.blogspot.com.au/2014/12/blog-post_20.html

မန္တလေးကို ရောက်ခဲ့တယ်
http://moemaka.com/archives/41135
http://moemaka.blogspot.com.au/2014/12/blog-post_52.html

ဘုရားပေါ်မှာ
http://moemaka.com/archives/41118
http://www.moemaka.blogspot.com.au/2014/12/blog-post_22.html

လွန်ခဲ့တဲ့ (၁၅) နှစ်
http://moemaka.com/archives/41080
http://www.moemaka.blogspot.com.au/2014/12/blog-post_43.html

ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ
http://moemaka.com/archives/40853
http://www.moemaka.blogspot.com.au/2014/11/blog-post_212.html

ဘာလဲဟဲ့ ရင်ကြားစေ့ရေး
http://moemaka.com/archives/40675
http://www.moemaka.blogspot.com.au/2014/11/blog-post_14.html

အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော
http://moemaka.com/archives/39648
http://moemaka.blogspot.com.au/2014/09/blog-post_42.html

ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်
http://www.moemaka.blogspot.com.au/2013/07/linn-htin-religion-and-community-to-be.html

ဂိုဂင်နီ
http://moemaka.blogspot.com.au/2013/08/linn-htin-essay.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts