ကဗျာ ဇေမှိုင်း

ဇေမှိုင်း – အိုင်းအနာ

ဇေမှိုင်း – အိုင်းအနာ
(မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၅
ရေတွေ ကျလာတုန်း
မိုးရွာနေသလို ထင်မိတာမျိုးပါ
အဲဒီ ခဏတာ
တပွက်စာလောက်လေးက
အလောဘ
အလောဘ
အ ဒေါသတွေရောဖြစ်မသွားနိုင်ဘူးလို့ 
ငြင်းမလားဆရာ-
တော်ပါသေးရဲ့
အိပ်မက်မို့လို့ – ဆိုတဲ့အခါ
ရှိဘူးသလား
နှုတ်ခမ်းဖျားမှာ အိပ်မက်ဟာသက
ရင်ဘတ်ထဲမှာ အနာ
သွေးစို့ခဲ့ပေမယ့်
ပြေ မတည်ခဲ့ဘူး
ပြည် မတည်နိုင်ခဲ့လို့ပါ ……။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts