ရဲရင့်သက်ဇွဲ

ရဲရင့်သက်ဇွဲ – နှစ်ဆယ့်ငါးနှစ်သက်တမ်း သမိုင်းသက်သေ (ကဗျာ)

နှစ်ဆယ့်ငါးနှစ်သက်တမ်း သမိုင်းသက်သေ ……
ရဲရင့်သက်ဇွဲ
အောက်တိုဘာ ၂၇၊ ၂၀၁၃


ဖ၀ါးလက်နှစ်လုးံ
ပုခုံး လက်နှစ်သစ်
——————
——————-
ဘယ်သူတွေ ဘာပြောပြော
လူမသေဘူးတဲ့ အိမ်က
မုံညှင်းဆီရှာသလိုမျိုး
ဖြတ်သန်းခဲ့တဲ့လမ်းဟာ
နှစ်ဆယ့်ငါးနှစ်သက်တမ်း
သမိုင်းသက်သေ ……
အရင်းမစိုက် လှေထိုးလိုက်သူများနဲ့ 
အငိုက်မှာ အရှိုက်ကို လက်သီးပုန်းထိုးလိုသူများရဲ့ 
အမနာပ မိုင်တိုင်များ
မီးကျိုး မောင်းပျက် စကားလုံးများကြားမှာ
တပ်ဦးဟာ
အမြစ်မှန်လို့ အပင်သန်ခဲ့ရတာ
သမိုင်းသက်သေ …..
တပ်ဦးဟာ
အမှောင်ခေတ်ကြီးထဲမှာ
သူ့ အရွယ်ရှိသလောက်
သူ့ အစွယ် ရှိသလောက်
သမိုင်းက သူ့ ပုခုံးပေါ်တင်ပေးလိုက်တဲ့
တာဝန်ကျေပွန်ဆောင်ရွက်
ပြည်သူဘက်ကရပ်ခဲ့တယ်
နှစ်ဆယ့်ငါးနှစ်သက်တမ်း
သမိုင်းသက်သေ …..
ပြည်သူအတွက်
ယုံကြည်ချက်
သံမဏိ ဓါးသွားဟာ
တပ်ဦးနဲ့ တသားတည်းပါ ….။

တပ်ဦးစိတ်ဓာတ် အဓွန့် ရှည်စေသောဝ်……။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts