ကဗျာ သက်ခိုင်

သက်ခိုင် – ဘာမှာချင်သလဲ ချင်းမိုင်

သက်ခိုင် – ဘာမှာချင်သလဲ ချင်းမိုင်
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၄

မပြည့်တဲ့ သူတွေကြား
နင့်အလှတွေလည်း မပါးအောင်
ငါ့ကို ဘာများ
မှာသွားချင်သလဲ ချင်းမိုင်။

၉၅၊ ၉၆
ဘဝတွေ ပျောက်ကတည်းကပေါ့
နင်က ထွေးပွေ့
ငါတို့ရင်မှာ အနွေးငွေ့ရဖူးတယ်။

လန်းန (Lanna) ဆိုတဲ့ ယဉ်ကျေးမှု
သင်က အလေးဂရုမပြုအား
ငါတို့လို အမေဝေး သားတွေအတွက်
အကုန်စုံအောင် အချိန်တွေပေး
ကွယ် တို့တွေကို
လုံခြုံအောင် သင်ဖန်တီးပေးခဲ့တယ်။

ဝင်လာ၊ ထွက်သွား
ဒီလိုသူတွေကိုများ
မေတ္တာတရား မပျောက်
သင်က မျက်စိဒေါက်ထောက်
ဘဝတလျှောက် ကြည့်ခဲ့တယ်။

ဒါပေမယ့်
နှစ်ကာလတွေဟောင်း
မျိုးဆက်သစ်တွေ
အကြိမ်ကြိမ်ပြောင်းတဲ့ကြားမှာ
သင်လည်း မလှမပ
လူတကာ အလိုကျ
နှလုံးသားမှာ ငိုရ၊ ကြိုမှ
ကွယ်
အလိုကျကျ မကျကျ
ကပြခဲ့ရ။

သင်အခါခါ ငိုရတာ မသိ
သူတို့ဆန္ဒသာ ပကတိ
အဲဒီလို ဘယာဂတိတွေကြား။

နင်တို့အတွက်ထမင်း
ငါအတော်ပဲ ရှင်းပြ၊ ခင်းရ
အော် အရည်အချင်းအရ တဲ့။
ဒါကြောင့်
ငါ့ကို (ဟိုဟာလေ) ဖော်လံဖား
အဲသလို စံထားရမယ်လို့ကြွေးကြော်
အဲဒီလို အတွေးအချော်တွေကြား
သင်လည်း နားရှက်
ငါလည်း အမျက်ထွက်မိမယ်။

ဒါကြောင့်
အဲဒီလို ပေါက်တက်ကရတွေများ
မပြည့်တဲ့ သူတွေကြား
နင့်အလှတွေလည်း မပါးအောင်
ငါ့ကို ဘာများ
မှာသွားချင်သလဲ ချင်းမိုင်။

(ချင်းမိုင် = ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော်)

သက်ခိုင်
(၀၀း၁၈) ။ ၂၀၊ ၁၂၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts