Business Directory Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

မြန်မာသဘာဝလူမှုဝန်းကျင် အကျိုးအတွက် TSS Tokyo Water က ဆွေးနွေး

 

မြန်မာသဘာဝလူမှုဝန်းကျင် အကျိုးအတွက် TSS Tokyo Water က ဆွေးနွေး

ရန်နောင်(ဗိုလ်တထောင်) ၊ မိုးမခ၊ ဒီဇင်ဘာ ၁၁၊ ၂၀၁၄

Myanmar Event Park တွင် ဒီဇင်ဘာလ (၄) ရက်နေ့ တွင် ပြုလုပ်သော Myanmar Water 2014 တွင် TSS Tokyo Water အနေဖြင့် ၎င်းတို့ရဲ့ အဆင့်မြင့်နည်းပညာများနှင့် အရည်အသွေးမီ ရေလည်ပတ်မှုစနစ်တွေကို ပြသသည့် ဖြစ်ကြောင်း ဥက္ကဋ္ဌ ဒေါက်တာ အက်ဆူရှီ မက်ဆူခို က ပြောကြားခဲ့သည်။ TSS က ၎င်းတို့၏ လွန်ခဲ့သော နှစ် ၁၂၀ ခန့်က အတွေ့အကြုံတွေနဲ့အတူ နည်းပညာများ၊ လုပ်ငန်း၏ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ခဲ့ပုံများ၊ အရေးပါသော အတွေ့အကြုံကောင်းများ တို့ကို ဝေမျှခြင်းနှင့် မြန်မာနိုင်ငံတွင် ၎င်းတို့၏ ရေလုပ်ငန်းဝန်ဆောင်မှုတွေကို တိုးချဲ့ရန် အကောင်းဆုံး အခွင့်အရေး အနေဖြင့် ရည်ရွယ်ပြီး ကုန်စည်ပြပွဲတွင် ပြသခြင်းဖြစ်ကြောင်းလည်း ထပ်မံပြောကြားခဲ့သည်။

ပြပွဲဖွင့်ပွဲတွင် ဒေါက်တာ အက်ဆူရှီ မက်ဆူခို က TSS ၏ ရှေ့ဆက်လုပ်ငန်းစဉ်များအနေဖြင့် သန့်ရှင်းစင်ကြယ်၍ ယုံကြည်စိတ်ချရသော သောက်သုံးရေသန့်များအား ကမ္ဘာသို့ ထောက်ပံ့ရန်အတွက် ၎င်းတို့၏ အဆင့်မြင့်နည်းပညာ၊ အရည်အသွေးတို့နှင့်အတူ ဂျပန်ကုမဏီပေါင်းများစွာတို့နှင့် ပူးပေါင်းစီမံဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ၎င်းတို့၏ ကျွမ်းကျင်မှု ၊အဆင့်မြင့်နည်းပညာ ၊လုပ်ငန်းလုပ်ကိုင်ဆေင်ရွက်ပုံတို့ နှင့်အတူ အဆင့်အတန်းနိမ့်ကျနေသော မြန်မာနိုင်ငံ၏ ရေလည်ပတ်မှု စနစ်အား ပြုပြင်ရန်အထူးပင် စိတ်ဝင်စားကြောင်း ပြောဆိုသွားခဲ့သည်။

Myanmar Water 2014 ၏ ဆောင်ပုဒ်ဖြစ်သော “ရေသည်အသက်” “ Water is Life ” ဆိုသည့်အတိုင်း ဒီနှစ် မြန်မာနိုင်ငံ၏ အဓိက အရေးအကြီးဆုံးအပိုင်းဆီသို့ နိုင်ငံတကာရေထောက်ပံ့မှု၊မိလ္လာရေဆိုး စနစ်သန့်ရှင်းရေး ၊ရေအရင်းအမြစ်လုံလောက်စွာ ရရှိနိုင်မှု၊ စွမ်းအင်ကို ထိရောက်စွာ သုံးစွဲမှု နဲ့ သန့်ရှင်းစင်ကြယ်သော သောက်သုံးရေရရှိရေးတို့အတွက် ဒုတိယအကြိမ်မြောက်ကျင်းပခြင်း ဖြစ်သည်။ နိုင်ငံတကာပြပွဲ ပွဲကြည့်စင်နေရာများတွင် မလေးရှား၊ ထိုင်း၊ ကိုရီးယား၊ဂျပန်၊ ထိုင်ဝမ်၊ စင်ကာပူ ၊နယ်သာလန်နဲ့ တရုတ်နိုင်ငံတို့နှင့်အတူ နိုင်ငံပေါင်း ၂၀ မှ ပြခန်းရှင်ပေါင်း ၁၈၀ တို့ရဲ့ တင်ပြဆောင်ရွက်မှုများကို ခင်းကျင်းပြသခဲ့သည်။

 

  ဒီတကြိမ် Myanmar Water 2014 ကို Myanmar Engineerring Society အဖွဲ့အစည်းမှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး  Myanmar Water 2013 တုန်းက ပြသခဲ့သူလုပ်ငန်းရှင် တို့ကို ပြန်လည်ကြိုဆိုခြင်းလည်းဖြစ်သလို နိုင်ငံတကာပြပွဲသို့ အချိတ်အဆက်မိရန်အလို့ငှာ အသစ်အဆန်း သော နည်းပညာပေါင်းများစွာနဲ့ အသိပညာပေါင်းများစွာတို့ကို ရရှိစေရန်နှင့် ပြည်တွင်းပြည်ပမှ ရေလုပ်ငန်းရှင်များစွာတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာလည်းရောက်မည်ဖြစ်ကြောင်း သိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts