Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

Miss Universe Myanmar Organization စာနယ်ဇင်းရှင်းပွဲပြုလုပ်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

Miss Universe Myanmar Organization စာနယ်ဇင်းရှင်းပွဲပြုလုပ်
(ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၄

Miss Universe Myanmar Organization ၏ လုပ်ငန်းအစီအစဉ်များနှင့် Organization နှင့်အတူ လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိသော အလှမယ်များ၏ ဆောင်ရွက်နေမှုများ စာနယ်ဇင်းများသို့ အသိပေးခြင်းကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ စင်ထရယ် ဟိုတယ် တွင် ဒီဇင်ဘာလ (၉)ရက်နေ့ နေ့လည် (၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

Miss Universe Myanmar 2013 မိုးစက်ဝိုင်သည် ကိုယ်ပိုင်ပရဟိတလုပ်ငန်းအဖြစ် ဆယ်တန်းကျောင်းသား(၃)ယောက်ကို ပြင်ဦးလွင် မြို့တွင် တာဝန်ယူကျောင်းထားပေးပြီး အခြားလူမှုရေးလုပ်ငန်းများကိုလည်း စိတ်အားထက်သန်စွာ ဆောင်ရွက်လျက်ရှိသည်။ လတ်တလော အနုပညာ လှုပ်ရှားမှုများအဖြစ် နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုဖြစ်သော Bangkok Airways ၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး Brand  Ambassador အဖြစ် ဆောင်ရွက်လျက်ရှိသည့်အပြင်  Mistine Powder Puff ကြော်ငြာ၊စိန်နန်းတော်  Diamond & Fine Jewellery ကြော်ငြာ၊အလုံဆိပ်ကမ်းကြော်ငြာများအား ရိုက်ကူးထားပြီး Ponds Cosmetic ၏ ပရိုမိုတာအဖြစ်လည်း ဆောင်ရွက်သွားရန်စီစဉ်လျက်ရှိသည်။

Miss Universe Myanmar 2013 ၏  First Runner Up ဆုရှင် အေးချမ်းမိုးသည် လတ်တလော အနုပညာလှုပ်ရှားမှုများအဖြစ် အင်းဝဘဏ်ကြော်ငြာ၊ Tri Star ကြော်ငြာတို့ကို လက်ခံရိုက်ကူးထားပြီး ပရဟိတ လုပ်ငန်း များအပြင် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခြင်းများကို ပြုလုပ်လျှက်ရှိသည်။

Miss Universe Myanmar 2013 ၏  Second Runner Up ဆုရှင် မြတ်နှင်းဖြူသည် အော်ရီဒူး မိုဘိုင်းဖုန်းကုမ္မဏီတွင် အလုပ်ဝင်လျှက်ရှိပြီး အားလပ်ချိန်များ ၌ Organization နဲ့အတူ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်း၊အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခြင်းနှင့် အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခြင်းများကိုပြုလုပ်လျှက်ရှိသည်။

Miss Universe Myanmar 2014 First Runner Up ဆုရရှိထားသူ ရွှေစင်ကိုကိုသည် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ပရဟိတလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျှက်ရှိပြီး အနုပညာလှုပ်ရှားမှုအဖြစ် အလုံဆိပ်ကမ်းကြော်ငြာအား ရိုက်ထားပါသည်။

Miss Universe Myanmar 2015 လှုပ်ရှားမှုများအကြောင်း ယခုလို ရှင်းပြသည်။

Miss Universe Myanmar 2015 ကြိုတင်ပြင်ဆင်မှုများအဖြစ် City Director များ ခန့်အပ်ထားရာ မန္တလေးမြို့အတွက် ကိုယ်စားပြုအလှမယ်အား ရွေးချယ်ရန် ဦးရော်နီငြိမ်းမှလည်းကောင်း၊ ပြင်ဦးလွင်မြို့အတွက် ဦးစိုးမြင့် (Feel Restaurant) မှလည်းကောင်း၊ မြိတ်မြို့အတွက် မိတ်ကပ်ကိုဘိတ်မှလည်းကောင်း၊ Miss Universe Myanmar 2014 Top 20 Finalist ညီမငယ် ဟေဇယ်မှ ပဲခူးမြို့အတွက်လည်းကောင်း၊ Miss Universe Myanmar 2014 Top 20 Finalist ညီမငယ် သော်ရီကျော်မှ မုံရွာမြို့သို့လည်းကောင်းအသီးသီး ဆောင်ရွက်သွားကြမည်ဖြစ်ပြီး အခြားမြို့များအတွက် City Director များ အဖြစ် တာဝန်ယူဆောင်ရွက်လိုသူများအနေဖြင့်လည်း Miss Universe Myanmar Organization နဲ့ ဆက်သွယ်၍ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။

City Director များ ၄င်းတို့၏ ကိုယ်စားပြုယှဉ်ပြိုင်မည့်မြို့များတွင် ပြိုင်ပွဲများကို ၂၀၁၅ခုနှစ် မတ်လခန့်မှစတင်၍ ပြုလုပ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသော ကိုယ်စားပြုအလှမယ်များအနေဖြင့် Miss Universe Myanmar 2015 Top 20 Finalist သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။ Miss Universr Myanmar 2015 ပြိုင်ပွဲကြီးအား ၂၀၁၅ခုနှစ် ဇူလိုင်လတွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts