ကဗျာ

လင်းအေးထင် – မန္တလေးကို ရောက်ခဲ့တယ်

 

လင်းအေးထင် – မန္တလေးကို ရောက်ခဲ့တယ်

(မိုးမခ) ဒီဇင်ဘာ ၀၇၊ ၂၀၁၄

ဒီ ကဗျာကို သင်္ကေတ ၀ါဒ ရဲ့

စွတ်ဆို ထိုင်းမှိုင်းရာ ထောင့် အကွေး

ငြိတွယ် ဖြစ်ထွန်းလာရာ မှိုတစ်ပွင့် ပမာ

နင်ယူဆပါလေ။

ဝမ်းတွင်း မှာ ငါတို့ သောက်ခဲ့တဲ့ နို့တွေလို

ငါ့ အာရုံဟာ ဖြူလျော် စေးပြစ် ချိုအီလို့၊

လေတဟူးဟူး ကြား ၀ါးပက်လက် ကုလားထိုင်တွေပေါ်

ဂျင်းဂျက်ကက် နှစ်ထည်ဟာ ပုံ့ပုံ့လေး၊

နိုးထခြင်း တစ်ဝက်

ငိုက်မြည်းခြင်း တစ်ဝက်မှာ ဆံနွယ်ချင်း ရောယှက်ခဲ့၊

အနမ်းဆိုတာနဲ့ နှုတ်ခမ်းတွေ အကြားမှာ ဘာလီ ချိုချဉ်များ။

အင်ဂျင်နံ့ စက်ဆီနံ့၊

ပွတ်တိုက်မှုကြောင့် ကား ဘီး တာယာတို့ ကျွမ်းလောင်နံ့၊

နင် မုန်းတယ်ဆိုတဲ့ ကားရပ်ထားတဲ့ အနံ့၊

ဒီ အနံ့အသက်ဟာ အဲဒီ့ ညရယ်… နောက်ညရယ်…

နောက်ညတွေမှာရယ်…

ငါ့ မျက်ခွံပေါ် အိပ်မက်နဲ့ အတူ ယီးလေးခို၊

သိလား… ငှက်တွေ အုပ်ဖွဲ့ အိပ်တန်း တက်ကြသလို။

ဖျတ်ခနဲ နိုး အထ၀ယ်

စွယ်တော် ဘုရား နံဘေး ငါတို့ ရောက်နေတယ်၊

သိပ်စောလွန်းနေသေးတယ်.. ကားကြီးဝင်း မဖွင့်သေးဘူး၊

စွယ်တော်ဘုရား ဖူးနေကြရော့တဲ့။

ဒီလိုနဲ့ အရုဏ်သောက်ခဲ့တယ်၊

ဒီလိုနဲ့ ဆိုကြပါစို့… မန္တလေးရောက်ခဲ့တယ်။

ကဗျာဟာ ဒီနေရာမှာ ပြီးသင့်ပေမဲ့

လွတ်မြောက်ရာ ဆိုက်ရောက်ရာ တရားမှ သွေဖည်သူမို့

မြစ်ကို အလျားလိုက်သာ ကူးခတ်ခဲ့ကြောင်း၊

သင်္ကေတ ၀ါဒရဲ့ ဖောက်ပြန်မှုနဲ့ ကမောက်ကမ နိုင်မှုတို့မှာ

ချစ်ခြင်း တရားသည် စီးဆင်းခဲ့လေကြောင်း။

လင်းအေးထင်

Lin Htin (Lin Aye Htin) Facebook:

https://www.facebook.com/linayehtin

×××××

လင်းထင် (လင်းအေးထင်) ကဗျာ၊ စာ ဟောင်းများ ဖတ်ရန် –

ဘုရားပေါ်မှာ

http://moemaka.com/archives/41118

http://www.moemaka.blogspot.com.au/2014/12/blog-post_22.html

လွန်ခဲ့တဲ့ (၁၅) နှစ်

http://moemaka.com/archives/41080

http://www.moemaka.blogspot.com.au/2014/12/blog-post_43.html

ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ

http://moemaka.com/archives/40853

http://www.moemaka.blogspot.com.au/2014/11/blog-post_212.html

ဘာလဲဟဲ့ ရင်ကြားစေ့ရေး

http://moemaka.com/archives/40675

http://www.moemaka.blogspot.com.au/2014/11/blog-post_14.html

အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော

http://moemaka.com/archives/39648

http://moemaka.blogspot.com.au/2014/09/blog-post_42.html

ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်

http://www.moemaka.blogspot.com.au/2013/07/linn-htin-religion-and-community-to-be.html

ဂိုဂင်နီ

http://moemaka.blogspot.com.au/2013/08/linn-htin-essay.html

×××××

ခေါင်းစီး ဓာတ်ပုံ – Credit to Photographer Wunna Zaw (UCSM) (NON COMMERCIAL USE ONLY, NEED PERMISSION TO REUSE.)

https://www.facebook.com/kowunnazaw

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts