ခေတ်ပြိုင်အတွေ့အကြုံ

ဖိုးစီ (ရုံးတော) – ဘုန်းကြီးတွေ လူလိုမသိဘူး

 

ဖိုးစီ (ရုံးတော) – ဘုန်းကြီးတွေ လူလိုမသိဘူး

(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၄

ရွာကျောင်း ဘုန်းကြီးက အဖေ့ ညီ အရင်း။  သူ့ အရင် ဆဒေါ်တွေကလည်း အဖေ့ ဦးလေး အရင်းတွေ (၃) ဆက်လုံး။  ဆိုတော့ အဲ့ဒီ သံဃာကြီးတွေ ရဲ့ ဝေယျာဝစ္စ နဲ့ ၀တ်ကြီး ၀တ်ငယ်ကို ကျနော့် အမေက အပြု စုဆုံး ဆိုရင် အလွန်ပြောတာမဟုတ်ပါ။

ခုလည်း အမေ စင်္ကာပူ ရောက်တာ (၁) လ မပြည့်သေးခင်က ပြန်ဖို့သာ လောနေသည်။  နင့်ဘုန်းကြီးက မိဌေး နဲ့ မဖြစ်ပါဘူးချည်း ပြောနေတော့သည်။  အိမ်သူက အမေ့ကို ကောင်းပေ့ ဆိုသော ဆိုင်တွေ လိုက်ကျွေး လျှင်လည်း “ဒါမျိုး ငဒို့ ဘုန်းကြီးကပ်လိုက်ရ” ဟုသာ သြဓိသ စေတနာတွေ ၀င်နေတတ်သည်။  တနေ့က ရုံးမှ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အက်ဒမင် ဝန်ထမ်း ကောင်မလေး ဂျပန်မှ ပြန်အလာ လက်ဖောက်ခြောက်စိမ်း အကောင်းစားတွေ လက်ဆောင်ပေးရာ အမေ့ကို ပြန်ကန်တော့ ဖြစ်သည်။  အမေက ချက်ချင်းပင် သူ့အိပ်ထဲ ပြောင်းကာ “ဘုန်းကြီးဖို့” ဟု ဆိုသည်။  အပြင်သွားတိုင်းလည်း သူ့လက်ထဲက ငွေယားကလေးများသည် ကျောင်းအတွက်၊ ဘုန်းကြီးအတွက် ပစ္စည်း အဆန်းကလေးများ ဖြင့် ပြုန်းရလေသည်။  ဒါက သူ့ မတ်တော်မောင် ကျောင်းဘုန်းကြီး သာရှိသေးသည်။  သူ့မှာ သား၊တူ၊ မြေး ၀မ်းမနာသား ရဟန်းပျိုတွေ ပွစာတက်လို့ တွေးပူနေရသေးသည်။  ခုလည်း သူ့မြေး ထပ်ရဟန်းခံ မီအောင် ဒီဇင်ဘာ (၂၀) မတိုင်ခင် အပြန်လက်မှတ်ဝယ်ရမည်ဟု အမိန့်ချလိုက်သည်။

အထက်မှာ ပုံဖော်ခဲ့သော ဤလို အမေသည် တခါက ကျနော့်အား ကျောင်းဘုန်းကြီး နှင့်ပတ်သက်၍ အငေါ် တူးဖူးသည်။

“နင့် ဘုန်းကြီး လူလို မသိပါဘူ…” တဲ့။

သီးနှံသိမ်းရန် အရေးကြီးနေတဲ့ ကြားထဲ နယ်ခရီးထွက်ရန် လောဆော်နေသော ကျောင်းဘုန်းကြီးကို အငေါ်တူးခြင်း ဖြစ်သည်။  ကျောင်းက ဆဒေါ်ကို မျက်မွေးထော်လို့မှ မော်မကြည့်ဝံ့သော ကျနော်က ဒီအလုံးကလေးကို သေသေချာချာ မှတ်ထားသည်။  ကိုယ်ကလည်း ထိုစဉ်က ရှင်တပိုင်း လူတပိုင်းဆိုတော့ အမေ့ စကားကို အနာ ကောက်ချင် ချင်ကိုး။

တရက်တော့ ကျောင်းမှာ အာဂန္တု ဘုန်းကြီးတွေ စုံနေတုန်း ဧည့်သည်တွေ ရှေ့မှာ ဆရာတော်က တပည့် လက်သားများကို မြည်တွန် လျက်ရှိသည်။  နောင်တော် ဦးပဇင်းကြီးတွေ ဦးဇင်းလေးတွေ အစား ကိုရင်ကြီး ကျနော်က ရှက်ခံပြင်း လာသဖြင့် ရှိသမျှ သတ္တိကို သွန်ထုတ်၍ အမေ့ စကား လူမိုက်ငှားကာ အချင်းချင်း ပြောသလိုလို နဲ့ ပြန်ပက်လိုက်မိသည်။

“အဲဒါကြောင့် ဒကာမကြီး ပြောဖူးတာ၊ ဘုန်းကြီးတွေ လူလိုမသိဘူး လို့..”။

ကိုယ်က အအော် ခံရတော့မည်ကို မျှော်လင့်လျက် စော်ကားလိုက်ခြင်း ဖြစ်သော်လည်း ဆရာတော်က တဟားဟား ရယ်ကာ ပြန်မိန့်ပုံက

“ဟုတ်တာပဗျာ.. ဒို့ လူလို မသိလို့ ရဟန်းဖြစ်နေရသာပဲ။  လူလို သိမှဖြင့် ထွန်ကိုင်နေရမှာပေါ့။  ဘုန်းကြီး ရဟန်း လူလို မသိကောင်းဘူး ဟဲ့။  ငဒို့ လူလို လည်ဝယ်နေရင် ဒီကျောင်းပေါ်တင်ပြီး ဘဒူ (ဘယ်သူ) က ကိုးကွယ်နေလိမ့်မတုံး” တဲ့။

ကျနော်လည်း မိုက်ခနဲ ဖြစ်သွားကာ အသိတရား ၀င်ခဲ့ရသည်။  ထိုအခါမှ စ၍ လူလိုမသိသော ဘုန်းကြီး ရဟန်းများကို ကျနော် ဂါရ၀ ပိုခဲ့ပါသည်။  လူလိုသိတော့လည်း ချစ်ခင်တာပါပဲ ..။  သို့သော် လေးစားကြည်ညို ပုံတော့ဖြင့် ကွာမိလိမ့်မည် ထင်သည်။

ယနေ့ အချိန်တွင် ဦးဝိစိတ္တလေး (၀ီရသူ) တို့လို နိုင်ငံရေး မလည်ရှုပ် ဘုန်းကြီးများကြောင့် ကျနော်တို့ သာသနာရေး အတွင်းက ရဟန်း သံဃာ များ နှင့် လောကီကြောင်း ဃရာဝါသ အဆက်အစပ်များ အကြား အငြင်းအခုန်များ တိုးပွားလျက်ရှိပါသည်။  ဘုန်းကြီးတွေ လူလိုမသိဘဲ လူထဲ ၀င်တော့ လူတွေ အငြင်းအခုန် ပွားကာ အပြစ်များရသည် ဟုသာ အတ္တနောမတိ ဖြင့် ထင်မြင်မိသည်။

အမျိုး ဘာသာ သာသနာ ဟု သည်းခြေကြိုက် ခေါင်းစီးတပ်ထားသော်လည်း တကယ့်လက်တွေ့ မှာတော့ စစ်အာဏာရှင် နောက်မြီးဆွဲပြီး သင်္ကန်းခြုံ လူမိုက်ကြီးများပမာ စစ်သွေးစစ်သံ တဟီဟီ ဖြင့် မာန်ဝင့်လျက်ရှိသည်ဟု မြင်ပါသည်။

ဘာသာ သာသနာ ကို ဓမ္မစစ် ချစ်မြတ်နိုး လှသော ကျနော့် အနေဖြင့် ဘုန်းကြီးတွေ လူထဲပါတာ သဘောကျ ပါသည်။  တချို့ တချို့ ဒကာ မနိုင်သော ကိစ္စတွေ ဆရာ နှင့်သာ ဆိုင်ပေလိမ့်မည်။  သို့သော် လူထဲ အပါများရင်ဖြင့် လူလိုပြောတာဆိုတာ ခံလာရနိုင်သည်။  သည်းခံ စိတ် အရင် မွေးတော်မူပါ။  လူထဲ ၀င်မှာ ဖြင့်လည်း လူ့ ကိစ္စ ကုန်စင်အောင် ကမ္ဘာကြည့် ကြည့် မြင်တတ်အောင် အရင် လေ့လာစေချင်ပါသည်။

ကျွန်တော် တို့ သိသည့် အမျိုး ဘာသာ သာသနာ ဆိုတာ ပျှမ်းမျှ စာတတ်နှုန်း ပါ။  အမျိုး ဘာသာ သာသနာ ဆိုတာ ပျှမ်းမျှ ခြင်း လူ့သက်တမ်း နှင့် ကျန်းမာရေး  စောင့်ရှောက်ခံရမှု အဆင့်ပါ။  ဒီဘက် ခေတ်သစ်မှာ အမျိုး ဘာသာ သာသနာ ဆိုတာ ပျှမ်းမျှ ခြင်း အင်တာနက် အမြန်နှုန်း ရရှိမှု နှင့် လည်း သက်ဆိုင်ပါသည်။  အမျိုး ဘာသာ သာသနာ ဆိုတာ ကမ္ဘာ့  နိုင်ငံပေါင်းစုံက ကျွန်တော် တို့ ၏ နိုင်ငံကူးလက်မှတ်စာအုပ် ပတ်စ်ပို့ ကို ပြည်ခွင့် မလို ၀င်ခွင့်ပေးခြင်း နှင့်လည်း တိုင်းတာနိုင်ပါသည်။

အမျိုးသားရေး ဆရာတော် တချို့ ကမ္ဘာ ကို ထွက်ကြွ  ဆင်ခြင်မှု ပြုတော်မူနိုင်ကြလျှင် ကောင်းပါမည်။  ကမ္ဘာ့ ဆင်းရဲမွေတေမှု အညွှန်းကိန်းမှာ တရက် ၀င်ငွေ အနိမ့်ဆုံး ဖြစ်နေသည့် ဒကာ၊ ဒကာမတို့ ၏ ပစ္စယာ အထောက်အပံ့ နှင့် ဤအမျိုး ဤ ဘာသာ ဤ သာသနာ အသရေ တင့်နိုင်မည် ထင်နေလျှင်တော့ အရှင်တို့ မဘသ ဟာ “တု စ္ဆ – အချည်းနှီး” တွေ ချည်းသာဖြစ်တော့သည်ဟု  လျှောက်ချင်ပါသည် ဘုရား။

ဘုန်းကြီးတွေ လူလိုမသိ၊ လူအရေး မစွက်ဘဲ ရဟန်းကိစ္စ ကုန်အောင် ဆောင်နိုင်ကြမည် ဆိုလျှင်လည်း အတိုင်းထက်အလွန် ကြည်ညို တင့်တယ် ရှုချင်ဖွယ် သာသနာ ဖြစ်လာပေလိမ့် ထင်ပါသည်။

ဖိုးစီ (ရုံးတော)

ဒီဇင်ဘာ ၀၄၊ ၂၀၁၄

 

(ဆောင်းပါးရှင်သည် စင်္ကာပူ တွင် ခေတ္တ ရောက်ရှိ အသက်မွေးဝမ်းကြောင်း ပြုနေသည့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာ တစ်ဦး ဖြစ်သည်။  အွန်လိုင်း ပုံနှိပ် စာနယ်ဇင်းများတွင် အတွေ့အကြုံ၊ အမြင်နှင့် အထွေထွေ ဆောင်းပါးများ ရေးသားနေသူလည်း ဖြစ်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts

13 thoughts on “ဖိုးစီ (ရုံးတော) – ဘုန်းကြီးတွေ လူလိုမသိဘူး
  1. ဖုန်းကြီးတွေက လူလိုမသိဘူး- လူတွေက အာဏာရှင်တွေလို မပါးနပ်ဘူး- ဦးဝီရသူ ဟာ အာဏာရှင်တွေရဲ့  အသုံးချခံဖြစ်နေတယ်ဆိုတာ ကာယကံရှင်ကိုယ်တိုင် မသိသလို- လူတွေကလဲ နောက်ကွယ်က ကြိုးကိုင်သူကို မမြင်ဘူး-ခုတ်ရာတခြား ရှရာတခြားဖြစ်နေတော့ အာဏာရှင်တွေ ဆင်တဲ့ ခွင် (ဂွင်) ထဲ တန်းဝင်သွားတာပေါ့ဗျာ-

    1. အလှမ်းကျယ် အလတ် မဟုတ်မဟပ်တွေများတယ်။ကိုယ့်စည်းမလုံလို့ဖြစ်နေတာတွေ ဘာသာရေး အရေခြုံ လုပ်စားတွေများ ညာတာပါတေးတွေများတယ်။အိမ်မြှောင်အမြီးပြတ်တွေသောင်းကျန်းနေတယ်။

  2. ကောင်းလိုက်တဲ့ ဆောင်းပါး။ ကောင်းလိုက်တဲ့ ကွန်မင့်။ ထပ်ဆင့်ရရင် အဲဒီ အမျိုး ဘာသာ သာသနာ ဆိုတာနဲ့ကို ကောက်ကောက်ပါအောင် လိုက်ကြတော့တာပဲ။ (ဒီစကားကလည်း အစ္စလာမ်မစ်စတိတ်လို သည်းခြေကြိုက် စကားလုံး ဖြစ်နေရှာနေလေရဲ့။) အဲဒီလူတွေဟာ သာသနာရဲ့တန်ဘိုး၊ သာသနာရဲ့အမွေကို တကယ်သိရှိနားလည် ကျင့်ကြံအားထုတ်ပြီး လက်ဝယ်ပိုင်ပိုင်ရယူထားတဲ့သူတွေ မဟုတ်တာတော့ အသေအချာပဲ။ မြတ်စွာဘုရားက ၀က္ကလိရဟန်းကို အချည်းနှီးပဲလို့ ဆုံးမတော်မူခဲ့တာကို ဆင်ခြင်ကြဖို့ကောင်းတယ်။ ဓမ္မကို ပိုသိလေ၊ သာသနာ့အမွေကို ပိုပြီးပိုင်ဆိုင်လာလေ ဖြစ်မှာပဲ။ အဲဒီလိုမဟုတ်ရင်တော့ ဘုရားကို စေတီကွယ်၊ တရားကို ပိဋကတ်ကွယ်၊ သံဃာကို ဘုန်းကြီးကွယ်ဆိုတာလို ဖြစ်နေကြရင်တော့ ဒီမိုကရေစီကို မှေးမှိန်၊ သေးသိမ်၊ ကွေးလိမ်သွားအောင် လုပ်နေကြတဲ့ စစ်အုပ်စုရဲ့ လှည့်ဖျားမှုအောက်မှာ ဆက်နေကြရပေလိမ့်မယ်။ စစ်အုပ်စုက ဒီသည်းခြေကြိုက် စကားလုံးကို ကောင်းကောင်းအသုံချပြီး ဒီမိုကရေစီနဲ့ ပြည်သူလူထုကို ဝေးသွားအောင် လုပ်နေတာကို သိဖို့ကောင်းတယ်။

  3. At the same time we should respect the real sangha for they re the keepers of the dhamma. Buddha passed away thousands of years ago and it is because if the sangha that we know about the dhamma. King mindon says he respects the sangha for they don’t eat dinner and they don’t have wives. It s very hard to be a sangha . Even lord Buddha was a monk for just nine times when he was filling the Paramis. Do not insult the sangha for many bad things can follow for you such as accidents, cancer, loss of loved ones. Trust me I ve seen bad things happen to who insult monks. People think they know everything. What they don’t know is there ll be an affect for good or bad deeds wherever you are.

    1. ကျနော် ဘ၀တလျှောက်လုံး ဘုန်းကြီး ရဟန်းတွေ ကြားထဲ သူတို့ အဆုံးအမ နဲ့ ကြီးပြင်းလာတာဖြစ်ပါတယ် ။ ပရိယတ်စာပေလဲ အထိုက်အလျောက် သင်ယူခဲ့ပါတယ် ။ သံဃာ ကို တရားတော်ကို မြတ်ဘုရားကို ကံ ၃ပါး နဲ့ ဘယ်သောအခါကမှ မစော်ကားခဲ့ပါဘူး ။ ဒီစာကို ရေးရခြင်းမှာလဲ ကိုယ့်ဘာသာ သာသနာ ကို ဓမ္မစစ် နဲ့ ချစ်မြတ်နိုး လွန်းလို့ လတ်တလော တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ ဆရာတော် သံဃာတော်များရဲ့ အနေအထား ကို ဒကာတစ်ယောက်ရဲ့ ခံစားချက်နဲ့ ပြန်ရေးခြင်းမျှသာ ဖြစ်ပါတယ် ။ ဗမာပြည် နိုင်ငံရေးသမိုင်းမှာ ဒီနေ့ အချိန်လောက် သံဃာ့ အဖွဲ့အစည်း ရဲ့ ပါဝင်ပတ်သက်မှု မရှိဖူးသေးဘူး ထင်ပါတယ် ။ ကျနော် သူ့ဘက် ကိုယ့်ဘက် တွေ ၊ အမျိုးသားရေးတွေ ၊ ၀ါဒတွေ နဲ့ ချဉ်းကပ်ပြောတာမဟုတ်ပါဘူးခင်ဗျာ ။ တိုင်းပြည်ကောင်းဖို့ ဘာသာ သာသနာ အသရေတင့်ဖို့ ကျနော်တို့ အားလုံး သတိ သမ္ဗဇဉ် ဥာဏ် နဲ့ ယှဉ်ကြဖို့ လောဆော်တာပါ ။ ဘုန်းကြီးတွေ ကို ဦးတည်ပြောပေမဲ့ ဆရာ ဒကာ အားလုံး စိတ်ထားတတ်ဖို့ ရည်ရွယ်ပါတယ် ။ ကိုယ့်ရဲ့ ပြောဆို ပြုမူ တွေးကြံသမျှ ဟာ သံသရာတလျှောက် နွားနောက်ကို လှည်းဘီးလိုက်တဲ့ပမာ အစဉ်ပါမယ် ဆိုတာ နားလည်ထားပါတယ်ခင်ဗျား ။ အကြံပြုတာ ကျေးဇူးတင်ပါတယ် ။

      1. Yes. I lived in the us since I was 17. Here I see some are very controlling to the monks. In some monestaries, monks are like the employer of the disciples which is wrong. Some will take the money that s donated to the monk. Some ll have rules that monks cannot watch tv, read newspapers etc. some use the temple as a place for their personal affairs. Some will even sue the monestary and get their money back. I m just saying that people are not gentle and kind hearted anymore after they live in foreign countries. They forget how precious the monks are. I am just warning you not to be like them for hell exists on this earth. Visit the er or the icu or come visit my clinic and I ll show people who re suffering. We can’t judge the monks . Don’t make judgements . If you pay respect to even a fake monk it is still good kamma. In the end it s your volition or say tana that counts

  4. to reform the Buddhism (my view)
    Buddha Attitude @ Godly Attitude is final goal. Good Attitude to build at “Buddha monks” —> reform them to be “Buddha Attitude @ Godly Attitude”

    The most Holy Person is “Buddhis Monk”. Reform the monks is the most important work to do. If a monk eating dinner, drinking beer .. behavour is a very bad image.

    Monk/Soildier vs Country Pupulation = 0.4 million vs 50 million = 1:125 (0.8% of population) is Guinness World Record. Good Question is “Why so many monks”? .. my monk, your monk …his monk, my mom’s monk…

  5. What is godly attitude? You do know that we don’t believe in a creator or ever living god? I think you are trying to say that monks are bossy? Sometimes it is a good thing because they teach us to be good . But monks should not preach violence

  6. လွန်ခဲ့သောနှစ်ပေါင်း၂၅၀၀ကျော်ကဂေါတမမြတ်စွာဘုရားသည်အနာဂတ္တံသ
    ဥာဏ်တော်ဖြင့်ရှေ့ရေးကိုကြည့်ပြီး “ငါဘုရား၏ သာသနာတ်ာကို ငါ၏သားတော်များဖြစ်သော ရဟန်းများကဖျက်ကြပေလတ္တံ့ ”ဟုကြိုတင်ဟောကိန်းထုတ်ထားခဲ့ပါသည်။ ရဟန်းတုရဟန်းယောင် ရှင်တု ရှင်ယောင်တို့ ကြောင့် သာသနာတော် ဆုတ်ယုတ်လာသည်မှာ အမှန်ဖြစ်ပါသည်။ မြန်မာစစ်တပ်ကို တည်ထောင်ပေးခဲ့သူဗိုလ်ချုပ်အောင်ဆန်းမှာတော့ ဂေါတမဗုဒ္ဓကဲ့သို့ သဗ္ဗညုတရွှေဥာဏ်တော်လည်းမရခဲ့၊ အနာဂတ္တံသ ဥာဏ်တော်လည်းရှိသူမဟုတ်၍သာ စစ်တပ်၏ဖခင်ကြီးဖြစ်
    ခဲ့ဟန်ရှိပါသည်။ အနာဂတ်ကိုကြိုမြင်ခဲ့ရပါက “ကိုယ့်လူမျိုးကိုယ်နှိပ်စက်မည့်တပ်မျိုး ထူထောင်ပေးခဲ့မည့်အစား တိုင်းတပါးသားလက်အောက်ကျွန်သားပေါက်ဖြစ်နေရတာကပိုကောင်းပါလိမ့်ဦးမည်” ဟုပြောခဲ့မည်မှာ မချွတ်။

  7. I gave a similar comment to some academics earlier this year, but they were firmly of the opinion that monks getting involved in today’s ultranationalist politics were simply motivated by their quest for power. I do agree with the points Poe Si has made such as monks getting manipulated for dirty politics. However, we got a lot more things to ponder actually– excessive international praise for so called ‘Saffron Revolution’, and the use of it for political purposes is one of the root causes of pushing many towards this ugly and dangerous path. Putting the blame on them for not being attuned to the complexity of secular world alone doesn’t seem to work. Hope travelogues of monks sharing international experience will help to some extent.

  8. You probably wrote this with good intention but as a result people are upset with the sangha more or monks might not like each other and not get along. I m trying to warn you it can be a strong offense. So may be go to a monk and tell him to forgive for your doing and hopefully it will be fine. Judging the sangha might be costly.

Comments are closed.