ဝေဖန်ရေးရာ

ကိုသစ် (သီတဂူ) – ကိုယ့်ပေါင်ကိုယ် လှန်ထောင်းနေကြသူများ

 

ကိုသစ် (သီတဂူ) – ကိုယ့်ပေါင်ကိုယ် လှန်ထောင်းနေကြသူများ

(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၄

အဖြေရှာရတာ ခက်ခဲလွန်းတဲ့ အရေးပေါင်းများစွာနဲ့ ၂၀၁၃ က မြန်မာပြည်ကြီးကို အကဲစမ်း နေလိုက်တာ။ ရန်သူလို ထင်နေကြသူတွေကို မိတ်ဆွေဖွဲ့ပြီး မိတ်ဆွေတွေ ကို ရန်သူထင်။ ဒီလိုနဲ့ ၂၀၁၃ ဟာ နားလည်းရခက်တဲ့ လျှို့ဝှက်ချက် တစ်ခုဖြစ်တယ်။ တချိန်က လေးဖြူပြောခဲ့ဖူးတဲ့ စကားလေးတခွန်းက “ခင်လို့ပြောလိုက်မယ်၊ တခါ တရံ ဆွေမျိုးအရင်းတွေက သစ္စာမရှိဘူး ” တဲ့။ မြန်မာဆိုတာ ကိုယ့်ကိုယ်ကို ကာကွယ် ရင်းနဲ့ လှော်ရင်းနစ်မယ့် လှေတစင်းလား။ ပဋိပက္ခတွေ အတော်များများမှာ ခံလိုက်ရ သူတွေက ကိုယ့်ဆွေမျိုးတွေ များတယ်။ ကိုယ့်ပေါင်ကိုလှန်ထောင်း ခဲ့ကြပြီးပြီ။ အခုလည်း လှန်ထောင်းနေကြတုန်းပဲလား။ အမျိုးဘာသာ သာသနာ တိုးတက်ရေးေ ကြွးကြော်ချီတက်ရင်း ကိုယ့်အချင်းချင်းတွေ စိတ်ဝမ်းကွဲသွားကြတာ တိုင်းပြည်အတွက် အပေါင်းလက္ခဏာမဟုတ်မှန်း ကျယ်ကျယ်ပြန့်ပြန့် သိဖို့လိုအပ်ပါ တယ်။ သူများကို ပစ်ဖို့ချိန် ထားတဲ့ မျှားဦးကို ကိုယ့်ဘက်ကို ပြန်မလှန့်မိပါစေနဲ့။ ကိုယ့်အမျိုးတွေ တိုးတက်ဖို့ ဆိုတာ စကားအဖြစ်ပြောတာ လောက်နဲ့တော့ လမ်းမဆုံးစေချင် ပါဘူး။ တကယ့်လက်တွေ့ကြကြလုပ်ဆောင်ဖို့နဲ့ နည်းမှန်လမ်းမှန် လုပ်ဆောင်ကြဖို့က ကိုယ့်ဆွေမျိုးတွေအတွက် ပိုအကျိုးရှိပါတယ်။ ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။

ယုံကြည်မှုကို ကျယ်ပြန့်ချင်ရင် တဟုန်ထိုး လုပ်လို့မရပါဘူး။ လူတွေရဲ့ ယုံကြည်မှုကို လွယ်လွယ်နဲ့ မရနိုင်ဘူးဆိုတာ လူတိုင်းသိပါတယ်။ သေသေချာချာ အချိန်ယူပြီး လုပ် တာတောင် ရင်လောက်တင်တာတောင် ဒူးလောက်ကျချင်မှ ကျတာမျိုး။ ဓမ္မ စကူးလ်တွေ များများဖွင့် လိုက်တာထက် ကောင်းတဲ့အစီအစဉ် လောလောဆယ်မှာ မရှိသေးဘူး လို့ပဲ ပြောရမှာပါ။ ပလ္လင်ပေါ်ကနေ သူများကို ထိပါးပုတ်ခတ်နေတာတွေ များလွန်းတယ်။ အားမပေးချင်ဘူး။ (ဘယ်ဘာသာခြား ခေါင်းဆောင်ကမှ ဒါမျိုး ထုတ် မပြောပဲ ကြိတ်ပြီး လက်တွေ့လုပ်သွားကြတာ မြန်မာပြည်မှာ။ ထိရောက်လိုက်တာ မှ တားလို့တောင် မနိုင် ဘူး) ဒါမျိုးက လူပုံအလယ်မှာ ထုတ်ပြောရမယ့်ကိစ္စမျိုး မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ၀င်တွေရဲ့ ရင်ထဲမှာကိုက အလိုလိုစွဲနေရမယ့် အသိမျိုးပါ။ ဒီလိုဘာသာ သာသနာ အသိမျိုးရဖို့ ဆိုရင် ဓမ္မစကူးလ်တွေဟာ အထိရောက်ဆုံးပါပဲ။ ပြီးတော့ ကိုယ့်ဘာသာ ၀င်ဖြစ်တဲ့ ပုဂ္ဂိုလ်ရေး မကောင်းကြောင်းတွေ၊ အဖွဲ့အစည်း မကောင်းေ ကြာင်းေ တွ ဟောပြောတာဟာလည်း ကိုယ့်ပေါင်ကိုယ် လှန်ထောင်းနေခြင်းပါပဲ။ တကယ် မကောင်းလို့ မကောင်းဘူးပြောရင် လူတိုင်းလက်ခံမှာပါ။ ဘာဖြစ်လို့ ကိုယ့်ဘာသာဝ င်တွေရဲ့ မကောင်းတာတွေကို လူပုံအလယ်မှာ ချပြနေမှာလဲ။ ကောင်း ကျိုး ထက် ဆိုးကျိုးများပါတယ်။ ကိုယ့်ဘာသာဝင်အချင်းချင်း အကွဲအပြဲတွေ ကို ဟောပြောေ နခြင်းဟာ မနာလိုသူတွေ ၀မ်းသာကြမယ့်ကိန်းမျိုးပဲ။ အချင်းချင်းစိတ်ဝမ်းကွဲစေမယ့် အပြုအမူမျိုးပဲ။ တကယ်စေတနာရှိလို့ ပြောချင်တယ်ဆိုရင် ကိုယ်တိုင် ဆိုင်ရာပုဂ္ဂိုလ်တွေ အဖွဲ့အစည်းကလူတွေနဲ့တွေ့ပြီး သေသေချာချာ ပြောပြချပြလိုက်တာက ပိုပြီးအဓိပ္ပါယ်ရှိ ပါတယ်။

တိုင်းပြည်က ခက်ခဲကြမ်းတမ်းနေချိန်မှာ ပြည်သူအချင်းချင်း အမုန်းပွါးစေမယ့် အပြော မျိုးတွေကို အထူးသတိပြုရမှာပါ။ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးမရှိတဲ့ မကောင်းတဲ့စနစ်တခုကို မကောင်းရင် မကောင်းဘူး လို့ ဝေဘန်တာမျိုးက လူတိုင်းလုပ်ကို လုပ်ရမယ့်ကိစ္စမျိုးပဲ မဟုတ်လား။ စနစ်ကို ဝေဘန်တာနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ ကွဲပြားမှ ဖြစ်မယ်။ ကိုယ့်ဘာသာဝင်တွေ ကြားမှာ အမုန်းတရားတွေပွါးစေမယ့် အဟော အပြောမျိုးတွေကို အားမပေးချင်ဘူး။ ကိုယ်ပေါင်ကိုယ် ထောင်းသလိုမျိုးလို့ ခံစားနေမိ တယ်။ ကိုယ်က မနေ့တနေ့ကမှ လူဖြစ်လာတယ်ဆိုပေမယ့် ဘယ်သူ မကောင်း ဘူး ဘယ်သူကောင်းတယ် ပြည်သူတွေ ကလည်း သိပါတယ်။ အဒီလောက်ထိ မညံ့ပါဘူး။ လူငယ်တွေ စီးပွါးရေးကို ဒီထက်ပိုပြီး ကြိုးစားရမှာပါ။ တိုင်းပြည်တခုမှာ နိုင်ငံရေး မကောင်း ရင် စီးပွါးရေး မကောင်းဘူး။ ပညာရေး မကောင်းဘူး။ ကျန်းမာရေး မကောင်း ဘူး။ ဘာသာရေး မကောင်းဘူး။ ဘယ်ဘက်က ကြည့်ကြည့် ဘယ်ဘက်မှ မကောင်းပါ ဘူး။ 

စီးပွါးရေး ကြိုးစားနေကြတဲ့ လူငယ်တွေကို လောဘကြီးလိုက်တာလို့ မပြောဟော ကြ ပါနဲ့။ သေရင်ကိုယ့်နောက် မပါဘူး လို့ မပြောဟောမိပါစေနဲ့။ ကိုယ့်ဘာသာဝင်တွေ ဆင်းရဲနေရင် ကိုယ့်ဘာသာဝင်တွေ ပညာရေး မကောင်းနိုင်ဘူး။ ကျန်းမာရေး မကောင်း နိုင်ဘူး။ ကိုယ့်ဘာသာရေးလည်း ဘယ်လိုမှ မကောင်းနိုင် ပါဘူး။ ကမ္ဘာ့အချမ်းသာ ဆုံး သူဋ္ဌေးကြီး စာရင်းဝင် ဘီလ်ဂိတ်ကို ဘယ်ခရစ်ယာန် ဘုန်းတော်ကြီးကမှ ‘မင်းတော်ေ တာ်ေ လာဘ ကြီးတဲ့ အကောင်ပဲ၊ သေရင် မင်းနောက်မပါဘူး” လို့ ပြောတာ မကြားမိ ဘူး။ ကိုယ့်ဘာသာဝင်တွေ ဆင်းရဲရင် ကိုယ့်ဘာသာလည်း ဆင်းရဲနေတာနဲ့ အတူတူပါပဲ။

သူများ ဘာသာဝင်တွေရဲ့ဆိုင်တွေမှာ ဈေးမ၀ယ်ကြဖို့ တိုက်တွန်းနှိုးဆော်နေရုံနဲ့ မပြီးပါဘူး။ ကိုယ့်ဘာသာဝင်တွေရဲ့ဆိုင်တွေ ဈေးကြီးတွေ အများအပြား တည်ဆောက် နိုင်အောင် ပိုလုပ်ရမှာပါ။ ပြည်မာပြည်ရဲ့ သွပ်သံဈေးကွက်က ဘယ်သူ့လက်ထဲမှာရှိလဲ ..၊ ဘာကြောင့် ကိုယ့်ဘာသာဝင်တွေက ၀င်ပြီးနေရာ မယူနိုင်ကြတာလဲ..။ သူများပစ္စည်း မ၀ယ်စေချင်ရင် ကိုယ့်ပစ္စည်းကို များများထုတ်ရ မှာပါ။ ဒံပေါက်လို ဈေးကွက်မျိုးတွေကို ဘယ်သူတွေ ဘာကြောင့် အုပ်စိုးထားသလဲ..။ ကိုယ့်ဘာသာဝင်တွေက ဘာကြောင့် ၀င်မတိုးကြတာလဲ..။ များများထုတ်ပါ။ သူများဆိုင်သွားစားတော့ စားတဲ့လူက ရန်သူဖြစ် ကရော..။ သူများဆိုင် ဈေးသွား ၀ယ်တော့ ၀ယ်တဲ့သူကို အမျိုးဖျက်စာ ရင်းသွင်းပစ် လိုက်ကြရော။ သူများကို တိုက်ခိုက်နေရုံနဲ့ ကိုယ်ဘာသာသာသနာ က ပြန့်လာမှာ မဟုတ်ပါဘူး။ ကိုယ့်ထုတ်ကုန်ကို များများထုတ်မပေးပဲ တားမြစ်နေတာ က သူများ ကလေးတွေ မုန့်စားနေတာကို သွားတောင်းစားတဲ့ကလေးကို ရန်ရှာနေသ လိုမျိုးပဲ။ 

အရင်က ဆောင်ပုဒ်လေးတခုရှိဖူးတယ်။ ကုန်ထုတ်နှစ်ဆ တိုးမြင့်ကြ တဲ့။ ကုန်ထုတ်နှစ်ဆ မဟုတ်ပါဘူး ကုန်ထုတ် အဆ အရာ၊အထောင်အသောင်း အသိန်း အသန်းပေါင်းများစွာ ထုတ်လုပ်ကြရမှာပါ။ မြန်မာပြည်မှာ တရာမ၀င်း အငြင်းပွါးဖွယ် ဘာသာဝင်တွေ သိန်းနဲ့ သန်းနဲ့ ချီပြီး ရှိပါတယ်။ ဘာလို့ဝင်လာကြသလဲ..။ ဘယ်သူက ၀င်ခွင့်ပြုခဲ့တာလဲ..။ ၀င်နေတဲ့သူတွေ၊ ၀င်ခွင့်ပေးခဲ့တဲ့သူတွေက ဘာမှအပြစ်မရှိ သလို ဖြစ်ပြီး အဲလူတွေကိုတော့ ဘာမှ မပြောပဲ ဘာမှပါဝင်ပတ်သက်မှုမရှိတဲ့ ဘာမဆိုင် ညာမဆိုင် ဘေးက ကိုယ့်ဘာသာဝင်လူတွေကို ရန်သူစာရင်းသွင်းပြီး ရန်သူတွေလို အမျိုးသားသစ္စာဖောက်လိုလို ပြောဆိုနေကြတာတွေကတော့ ကိုယ့်ပေါင်ကို လှန်ေ ထာင်း ရုံ တင်မကတော့ဘူး။ ကြိတ်ချေနေတဲ့အဆင့်ကို ရောက်နေ ပါပြီ။ သူများကို အလင်းပေးမယ့်သူတွေ ကိုယ့်ကိုယ်ကို အမှောင်ချမထားကြ ပါနဲ့လို့..။။

 ပြောမယ် ဆိုရင် ပြောစရာတွေလည်း တပုံကြီးရှိသေးတယ် လို့ပဲ ပြောရ မှာပါ။ တွေ့တွေ့နေရတဲ့ လုပ်ရပ်တွေ တော်တော်များများက သေချာကြည့်လိုက်တော့ ကိုယ့်ပေါင်ကိုယ်လှန်ေ ထာင်းနေတာတွေပဲ များပါတယ်။

တိုင်းသူပြည်သားတို့အား မှန်ကန်သော လမ်းညွှန်မှုတွေကိုပဲ ပေးကြပါ။ ပြည်သူတွေကို လိမ်လည် မလှည့်ဖျားကြပါနဲ့။

ပြည်သူတွေကိုမှ မလိမ်ရရင်၊ ကိုယ့်ပေါင်ကိုယ်မှ လှန်မထောင်းရရင် စားမ၀င် အိပ် မပျော်ေ တာ့ဘူး ဆိုရင်တော့လည်း လွတ်လပ်စွာ ကွဲလွဲခွင့်တွေရှိပါတယ်။

 ဒီအိမ်မှာ အခုကလေး တယောက်မှ မရှိကြတော့ဘူး ဆိုတာကိုတော့ သတိပြုမိစေ ချင်ပါတယ်။ ကိုယ့်ပေါင် ကိုယ်လှန်းထောင်းတဲ့ အလုပ်မျိုးတွေ၊ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ အပြောမျိုးတွေ ရပ်ကြပါတော့…။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts