ဓာတ်ပုံသတင်း

Bay Area Kachin Fund Raising Pwe

ဘေးဧရိယာ၊ ဥက္ကလံ၊ ကချင်ဒုက္ခသည်များအတွက် ရန်ပုံငွေပွဲ စည်ကား

ကျော်နိုင်၊ မိုးမခဓာတ်ပုံသတင်း၊ အောက်တိုဘာ ၂၈၊ ၂၀၁၃

၂၀၁၃ ခု အောက်တိုဘာလ ၂၆ ရက်နေ့ ၊ စနေ့ တွင် ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ ဥက္ကလံမြို့ ရှိ Cesar Chavez Community Center, တွင် မြန်မာပြည်မြောက်ပိုင်းရှိ ကချင်ဒုက္ခသည်များ၊ ဒေသတွင်း ထွက်ပြေးတိမ်းရှောင်နေရသော ကချင်တိုင်းရင်းသားများအတွက် ရန်ပုံငွေရှာ ဈေးရောင်းပွဲတော်ကိုကျင်းပပြုလုပ်ခဲ့ပါသည်။


ဘေးဧရိယာရှိ မြန်မာတိုင်းရင်းသူ၊ တိုင်းရင်းသား နှစ်ရာကျော်ကျော် တက်ရောက် အားပေးခဲ့ကြပါသည်။ ရန်ပုံငွေရှာဖွေပွဲတွင် ကချင်တိုင်းရင်းသားများနဲ့ ဆိုင်ရာ ပုံဖေါ်သည့် တီရှပ်များ၊ စာအုပ်စာတန်းမျိုးစုံ၊ အစားအဆာမျိုးစုံကို အလှူခံ ရောင်းချခဲ့ကြပါသည်။ တက်ရောက်လာသော ပရိသတ်အား ကချင်တိုင်းရင်းသား ရိုးရာအကများ၊ ခေတ်သစ် မော်ဒယ်ရှိုးများနှင့် တိုင်းရင်းသားညီအကိုမောင်နှမများမှလည်း လာရောက်သီဆိုအားပေးခဲ့ကြပါသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts