ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – ရန်ကုန်တက္ကသိုလ်နှင့်ဂျပ်ဆင် @ ဆရာယုဒသန်၏ ဘ၀ဖြစ်စဉ်

ရန်ကုန်တက္ကသိုလ်နှင့်ဂျပ်ဆင် @ ဆရာယုဒသန်၏ ဘ၀ဖြစ်စဉ် – To The Golden Shore
ဇော်အောင် (မုံရွာ)
အောက်တိုဘာ ၂၈၊ ၂၀၁၃

2013 သည် မစ္စတာဂျပ်ဆင် ဟုခေါ်သူ ဆရာယုဒသန်မြန်မာပြည်ရောက်ရှိခြင်း အနှစ်၂၀၀ပြည့်ဖြစ်သည်။ အသက်၂၂နှစ်အရွယ်တွင် Ph.D ရရှိခဲ့ပြီး၊ အမေရိကန်မြို့ကြီး နယူးယောက်သို့ နာမည်ကျော်ဖြစ်ရန် ချီတက်၊ ကြိုးစားခဲ့ရာ ဆုံးရှုံးမှုများ၊ မအောင်မြင်မှုများဖြင့် ငယ်ရွယ်စဉ်မှာပင် လောကဓံကိုခံစား၊ အရှုံးပေးခဲ့ရသည်။ ဘုရားအလုပ်ပဲလုပ်တော့မည် ဆုံးဖြတ်က အမေရိကန်၏ ပထဆုံးနိုင်ငံခြားမစ်ရှင်အဖြစ် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ မြန်မာ့စာပေလောကအကျိုးဆောင်တစ်ဦး၊ ပါဠိ-မြနမာ-အင်္ဂလိပ်အဘိဓါတ်ပြုစုသူတစ်ဦး၊ မြန်မာပြည်တွင် ပထမဆုံး ဂူဒင်ဘတ်ပုံနှိပ်စက်ကို စတင်တည်ထောင်၊ ပုံနှိပ်လုပ်ငန်းစတင်ခဲ့သူတစ်ဦး၊ နှစ်ခြင်းခရစ်ယန်ဘာသာကို စတင်ခဲ့သူတစ်ဦး။ ခရစ်ယန်သမ္မာကျမ်းစာ Bible ကို Hebrew (Jew) နှင့် Greek ၂ဘာသာမှ မြန်မာဘာသာသို့ပြန်ဆိုပြုစုခဲ့သူ..စသဖြင့် မှတ်တမ်းတင်ကြပါသည်။ 
ရန်ကုန်တက္ကသိုလ်တွင် ဂျပ်ဆပ်အဆောက်ဦကို တက္ကသိုလ်၏ အမှတ်တရအဆောက်အဦးတစ်ခုအဖြစ် အောက်မေ့ဘွယ်ရာ တည်ဆောက်ထားခဲ့ပါသည်။ (ဓါတ်ပုံ)။
ဆရာယုဒသန် (ဂျပ်ဆန်)သည် မြန်မာလိုဝတ်စားနေထိုင်ပြီး၊ ပါဠိဘာသာကို ၄နှစ်လေ့လာက ပါရဂူအဆင့်ရောက်ခဲ့သည်။ အလွန်မလုပ်ချင်သော ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်အဘိဓါန်ကို နှစ်ပေါင်းများစွာ ပြုစုခဲ့ခြင်းမှာ မြန်မာလူမျိုးများအဖို့ အလွန်ထူးခြားသော စာပေသမိုင်းကြီးဖြစ်သည်။ ဆရာယုဒသန်နှင့်ဇနီး အသက်၂၄နှစ်အရွယ် ရန်ကုန်ရောက်ရှိပြီး မြန်မာဘုရင်ဘုန်းကြီးစဉ်ကာလဖြစ်သည်။ စစ်ဝါဒီ ဘကြီးတော်ဘုရား ၁၈၁၉ နန်းတက်ပြီး၊ ရခိုင်ပြည်ကို အောင်နိုင်ခဲ့သည်။ အင်္ဂလိပ်၏ စစ်ပရိယယ်ကို ဂရုမစိုက်ပဲ ရခိုင်မှဘင်္ဂလားဒေ့ခ်ျအထိ စစ်ပမ်းအောင် စစ်သူကြီးမဟာဗန္ဓုလအား စေလွှတ်တိုက်ခိုက်စေပြီး စစ်သွေးကြွခဲ့သည်။ ၁၈၂၄တွင် မြန်မာဘုရင်စစ်တပ်ကြီး ရခိုင်၊ဘင်္ဂလားတွင် စစ်ကြွံနေစဉ်၊ ကမ္ဘာကျော် အင်္ဂလိပ်ရေတပ်ကြီးက ရန်ကုန်၊ မော်လမြိုင်၊ ဘိတ်မြို့များကို စစ်သင်္ဘောများဖြင့်တိုက်သိမ်းပိုက်ကာ မြန်မာတို့စစ်ရှုံးခဲ့သည်။ မြန်မာစစ်ဝါဒီ ဘကြီးတော်ဘုရားက အမေရိကန်လူမျိုးဖြစ်သော ဆရာယုဒသန်ကို မျက်နှဖြူ-အင်္ဂလိပ်နှင့်အတူ သဘောထားပြီး လက်မရွံထောင်တွင် နှစ်များစွာ ညှင်းပမ်းနှပ်စက်၊ အကျဉ်းချခဲ့သည်။ ဆရာယုဒသန်၏ ဇနီးသည်မှ မျက်ရည်ဖြင့်သွားရောက်နှစ်သိမ့်ခဲ့ရသည်။ မြန်မာဘုရင်က အမေရိကန်သည် အင်္ဂလိပ်ကိုလိုနီများကို တိုက်ခိုက်လွတ်လပ်ရေးရယူခဲ့ခြင်းကို နားမလည်ပဲ အမေရိကန်လူမျိုး ဆရာယုဒသန်ကို နယ်ချဲ့အင်္ဂလိပ်ဟု အမြင်မှားခဲ့သည်။ နောက်ပိုင်းတွင် စစ်ရှုံးသော ဘကြီးတော်ဘုရားနန်းကျပြီး၊ သာယာဝတီမင်းနန်းတက်ခဲ့သည်။ 
ဆရာယုဒသန်သည် မြန်မာစာပေနှင့်ခရစ်ယာန်မစ်ရှင်ဆရာသာ ဖြစ်သည်။ မြန်မာဂန္တဝင်စာပေလောကကို အင်္ဂလိပ် Literature နှင့်ယှဉ်ပြီးလေ့လာလိုသူတိုင်း ဆရာယုဒသန်ပြုစုသော အဘိဓါန်နှင့်သမ္မာကျမ်းစာကို မြန်မာ-အင်္ဂလိပ်ယှဉ်တွဲလေ့လာရသည်။ မြန်မာ့ရာဇ ဝင်ကို အင်္ဂလိပ်ဘာသာဖြင့် ကမ္ဘာကိုထိုးဖောက်ရန် ဆရာယုဒသန်သည် ပထမဆုံးလုပ်ဆောင်ခဲ့သူ နိုင်ငံခြားသားဖြစ်သည်။
မြန်မာလူမျိုးနှင့်ယဉ်ကျေးမှုများကို ချစ်မြတ်လှသော သူဖြစ်သည်။ ၁၉၃၅ အသက်၄၇နှစ်အရွယ်တွင် မိမိဇာတိ အမေရိကန်သို့ ပြန်ပြီး၊ အမေရိကန်လူမျိုးများကို မြန်မာပြည်အကြောင်းပြောပြသည်။ မြန်မာစကား၊ မြန်မာပုဆိုးဝတ်ဆင်ကာ ပြောပြခြင်းကို အမေရိကန်လူမျိုး တစ်ဦးက အင်္ဂလိပ်ဘာသာပြန်ပေးရသည်အထိ မြန်မာမှုပြုနိုင်ခဲ့သူ အမေရိကန်လူမျိုးဖြစ်သည်။ 
● ဆရာယုဒဿန် ဘ၀ဖြစ်စဉ် TO THE GOLDEN SHORE 
စာမျက်နှာ ၅၃၀ ရှိသော အင်္ဂလိပ်ဘာသာ စာအုပ်ကို ဗိုလ်မှူးကြီး မောင်မောင်ရှင် ( အငြိမ်းစား ) မှ ရွှေပြည်တော် ကမ်းခြေသို့ အမည်ဖြင့် မြန်မာဘာသာပြန်ဆို ရေးသားခဲ့သည်။ ၂၀၁၃ ဆရာယုဒသန် မြန်မာပြည်ရောက်ရှိခြင်း အနှစ်၂၀၀ပြည့်အမှတ်တရာအဖြစ် ထုတ်ဝေပြီးဖြစ်ပါသည်။ ရန်ကုန်တွင်ဝယ်ယူရရှိ၊ဖတ်ရှုနိုင်ပါသည်။ (by Ko Thet in Facebook)
● ခရစ်ယာန်ဘာသာရေး (ဝိညာဉ်ရေးရာ) မေတ္တာရှင်
ဆရာယုဒသန် ၃၅နှစ်ကြာ မြန်မာပြည်ခရီးစဉ်တွင် မြန်မာ၊ကရင် ၇၀၀၀ ကျော် နှစ်ခြင်းခံပြီး ခရစ်တော်ယုံကြည်ခြင်းနှင့် ထာဝရအသက်ကို ရရှိခဲ့ကြသည်။ သိက္ခာတင်ပွဲတော် ၆၃ကြိမ်ကို မစ်ရှင်အဖွဲ့ပေါင်း ၁၆၃ခုဖြင့် လုပ်ဆောင်နိုင်ခဲ့သည်ခြင်းဖြင့် ဒေသခံ ဓမ္မဆရာ၊လက်ထောက်ဓမ္မဆရာ များစွာ မွေးထုတ်နိုင်ခဲ့သည်။ အခြားအသင်းတော်များဖြစ်သော မက်သဒစ်၊ ပရက်ဘာတာရီယန်၊ စသည့် အသင်းတော်များနှင့် ပူးပေါင်းဆောင်းရွက်ခြင်းများ .. စသည့် ဆရာကြီးယုဒသန်၏ ဘ၀ခရီးစဉ်၊ သူ၏ ဘ၀ဒဏ်ခံနိုင်ခြင်း၊ အတူးသဖြင့် အင်းဝနေပြည်တော်တွင် အကျဉ်းခံရခြင်း နှင့် ဧ၀ံဂေလိခရီးစဉ် အားလုံးတို့သည် ခရစ်တော်အားဖြင့်သာ ဖြစ်ပါသည်။ ထောင်များ၊ ဆေးရုံများတွင် စိတ်ပင်ပမ်းဒုက္ခရောက်သူများကို သွားရောက်အားပေးရာတွင် လူပေါင်းများစွာကို သတ်ဖြတ်၊ထောင်ကျနေသူ ကိုသာဖြူ (ကရင်အမျိုးသား) ကို အတူခေါ်ယူပြီး မြန်မာစာ၊ ကရင်စာများသင်ကြားက ခရစ်တော်၏မေတ္တာပြခဲ့သည်။ ကိုသာဖြူ ပထမဆုံး ခရစ်ယာန်ဖြစ်လာပြီး ကရင်ခရစ်ယန်များက ကိုသာဖြူကျမ်းစာကျောင်းကို ပုသိမ်မြို့တွင် တည်ဆောက်ထားသည်။ ပထမဆုံးသော မြန်မာလူမျိုး ဆရာဝန်ကိုလည်း ဆရာယုဒသန်အားဖြင့် အမေရိကန်တွင် ဆေးပညာသင်ကြားစေခဲ့သည်။ ထိုဆရာဝန်သည် ဆေးပညာဘွဲ့ရပြီး မြန်မာပြည်ချက်ချင်းပြန်လာက သေသည့်တိုင်းမြန်မာ့ပြည်တွင် လုပ်ကိုင်သွားခဲ့သည်။
ဆရာယုဒသန်အကြောင်းရေးမကုန်နိုင်ပါ။ 
*********
● နှစ်အလိုက် ဆရာယုဒသန်၏ ဘ၀ဖြစ်စဉ်
၁၇၈၈ သြဂုတ် ၉ ရက်နေ့၊ အမေရိကန် မက်ဆာချူးဆက်ပြည်နယ်၊ မောဒန် မြို့တွင် မွေးဖွားခဲ့သည်။ ဖခင်သည် မြို့ငယ်လေးမှ ခရစ်ယန်သင်းအုပ်ဆရာတဦးဖြစ်သည်။
၁၈၀၄ ၁၆နှစ် ဘရောင်း တက္ကသိုလ်မှ ပညာသင်ကြားခဲ့သည်။
၁၈၀၇ ၁၉နှစ် ဘီအေဘွဲ့ စက်တင်ဘာ ၂ရက်နေ့တွင် ရရှိခဲ့သည်။
၁၈၀၇ ၁၉နှစ် အင်္ဂလိပ် သဒ္ဒါစာအုပ်တအုပ် နှင့် သင်္ချာစာအုပ်တအုပ် ပြုစုပြီးစီးခဲ့သည်။ တက္ကသိုလ် လောကီပညာသင်ကြားအောင်မြင်ခဲ့ပြီး ဘုရားသခင်ကို သံသယဖြစ်ခဲ့သည်။ မိသားစုနှင့် ဆန့်ကျင်ပြီး နယူးယောက်ြ မို့ကြီးသို့ ဘ၀အောင်မြင်ရေးခရီးထွက်ခဲ့သည်။
၁၈၀၈ ၂၀နှစ် ခရီးသွားရင်း မြို့ငယ်လေးတည်းခိုခန်းတခန်းမှ ညည်းညူသေဆုံးသွားသူ လူငယ်တဦးသည် တက္ကသိုလ်တက်စဉ်က ပညာတော်သူ မိမိသူငယ်ချင်းဘာသာမဲ့တဦးဖြစ်သည်ကို အံ့သြဘွယ် ကြုံခဲ့ရပြီး မိမိ မိသားစုထံ ပြန်လာခဲ့သည်။ ကျမ်းစာသင်တန်းAndover Seminary တွင်ဆက်လက်တက်ခဲ့သည်။
၁၈၀၉ ၂၁နှစ် Plymouth အသင်းတော်တွင် ပါဝင်ပြီး ဧ၀ံဂေလိခရီးစဉ်အတွက် အသင်းတော်များနှင့် ညှိနှိုင်း လုပ်ဆောင်နိုင်ခဲ့သည်။ အသင်းတော်များမှာ လူငယ်များမစ်ရှင်လုပ်ငန်းအတွက် နှစ်နှင်ချီပြီးဆွေးနွေးတိုင်ပင်၊ ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။
၁၈၁၁ ၂၃နှစ် လန်ဒန်မြို့သို့ သင်္ဘောစီးပြီး လန်ဒန်မစ်ရှင်အဖွဲ့နှင့် ထောက်ပံမှုရရေးအတွက် ညှိနှိုင်းသည်။
၁၈၁၂ ၂၄နှစ် အန်းနှင့် လက်ထပ်သည်။ သိက္ခာရဘုန်းတော်ကြီးအဖြစ် ဘိသိတ်ပေးခံရသည်။ ဘော့စတွန်မြိုမှာ သင်္ဘောဖြင့် အိန္နိယပြည်၊ ကာလကတ္တားမြို့ အမေရိကန်နှစ်ခြင်းအသင်းတော်သို့ ရောက်ရှိသည်။
၁၉၁၃ ၂၅နှစ် ရန်ကုန်မြိုသို့ ဇူလိုင် ၁၃ရက်နေ့တွင် ရောက်ရှိသည်။
၁၈၁၆ ၂၈နှစ် မြန်မာစကား၊စာပေ ကို ၆လခန့်အပြင်းအထန် ဟိန္နူလူမျိုးတဦးထံမှသင်ယူသည်။ ၃နှစ်ခန့်အကြာ မြန်မာစကား၊ စာပေကို မြန်မာပညာရှင် တဦးကဲ့သို့ တတ်မြောက်ခဲ့သည်။ မြန်မာ – အင်္ဂလိပ် အဘိဓာန်၊ ပါဠိ – မြန်မာ အဘိဓာန်ကို စတင်ပြုစုရင်း မြန်မာကျမ်းစာအုပ် ရှင်မဿဲခရစ်ဝင် ကို ဟေလသ (ဂရိ) ဘာသာမှ ဘာသာပြန်ဆို ပြီးစီးခဲ့သည်။
၁၈၁၉ ၃၁နှစ် လူထုတရားပွဲများ ရွေဓိဂုံဘုရားအနီး ဇရပ်တွင် စတင်လုပ်ဆောင်ခဲ့သည်။ မောင်နောသည် ပထမဆုံးသော နှစ်ခြင်းခံယူသည့် မြန်မာလူမျိုးဖြစ်သည်။ (၁၉၁၉ ဇွန် ၂၇)။ ထို့နောက် မောင်သာလှ၊ မောင်ဗြေ တို့နှစ်ခြင်းခံခဲ့သည်။ မြန်မာဘုရင် ဘကြီးတော် မင်းတရားထံသွားရောက်ပြီး ရွှေမြန်မာ ကျမ်းစာအုပ်လက်ဆောင်ပေးအပ်ရင်းသာသနာပြုခွင်တောင်းဆိုခဲ့ရာ ညင်းပယ်ခံရသည်။
၁၈၂၀ ၃၂နှစ် ထို့နောက် သာသနာပြုခြင်းမျာ နှေးကွေးသွားခဲ့သည်။ နှစ်ခြင်းခံသူ ၁၀ဦးခန့်ဖြင့် အသင်းတော်ငယ် စတင်ခဲ့သည်။ ကာလကတ္တားမြို့သို့ ဇနီးသည် ဆေးကုရင်း မြန်မာပြည်မှထွက်ခွာခဲ့သည်။ နှစ်လအကြာ ပြန်လာခဲသည်။ မြန်မာပညာတတ် မောင်ရွှေဂုံး နှင့် ကြွယ်ဝချမ်းသာသော မိတ်ဆွေ ၂ ဦးတို့ နှစ်ခြင်း ခံခဲ့သည်။ မောင်ရွှေဂုံးသည် မြန်မာကျမ်းစာဘာသာပြန်လုပ်ငန်းကို အထူးကူညီ သူဖြစ်သည်။
၁၈၂၃ ၃၅နှစ် ဓမ္မသစ် မြန်မာကျမ်းစာအုပ်ဘာသာပြန်ခြင်း ပြီးစီးခဲ့သည်။
၁၈၂၄ ၃၆နှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲဖြစ်ခဲ့ပြီး အင်္ဂလိပ်များ အအောက်မြန်မာပြည်ကို သိမ်းယူခဲ့သည်။ ဆရာယုဒသန်မောင်နှံကို မြန်မာဘုရင် ဘကြီးတော်မင်းတရားက အင်းဝနေပြည်တော်သို့ သူလျှိုအဖြစ် စွတ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။
၁၈၂၆ ၃၈နှစ် သမီး မေရီအဲလစ်စဘက် မွေးဖွားပြီး၊ ရန်ကုန်သို့ပြန်လည်ရောက်ရှိသည်။ ရန်ကုန်အသင်းတော်မှာ ပျက်စီးသွားခဲ့ပြီး၊ မော်လမြိုင်မြို့သို့ ပြောင်းရွှေ့နေထိုင်ရင်း အသင်းတော်ထူထောင်သည်။ ကျမ်းစာ ဘာသာပြန် ဆက်လုပ်သည်။ ပထမဇနီးသည် ကွယ်လွန်သည် (၁၈၂၆) ။ ဖခင်ဖြစ်သူ ကွယ်လွန်သည် (၁၈၂၇)။
၁၈၃၄ ၄၆နှစ် ဒုတိယဇနီးသည် မစ္စစ် ဗော့ဒမန် နှင့် အိမ်ထောင်ပြုသည်။
၁၈၃၅ ၄၇နှစ် ဓမ္မဟောင်းကျမ်းစာ မြန်မာဘာသာပြန်မှု ပြီးဆုံးသည်။ (ဒီဇင်ဘာ ၂၉)။
၁၈၃၅ ၄၇နှစ် အမေရိကားသို့ သင်္ဘောဖြင့်ပြန်ရာလမ်းတွင် ဇနီးသည် ကွယ်လွန်သည်။ (၁၈၃၅)
ဘော့စတွန်မြို့သို့ အောက်တိုဘာ ၁၅ – ၁၈၃၅ တွင် ရောက်ရှိသည်။ အမေရိကန် အသင်းတော် များတွင် အမေရိကန် စကားဖြင့် မြန်မာသာသနာပြု ခရီးစဉ်ကို တင်ပြ၊ ပြောကြားခဲ့သည်။
၁၉၄၅ ၅၇နှစ် မစ္စအမ္မလီချူးဗက် နှင့် အိမ်ထောင်ပြုသည်။ ၁၉၄၆ ဇူလိုင်၁၁တွင် မြန်မာပြည်သို့ ပြန်လာကြသည်။
၁၈၄၆ ၅၈နှစ် အင်္ဂလိပ်-မြန်မာ အဘိဓါန် ပြီးစီးခဲ့သည်။
၁၈၅၀ ၆၂နှစ် ဆေးကုသရန် အမေရိကားသို့ ပြန်ရာ သင်္ဘောပေါ်တွင် ကွယ်လွန်သည်။ (၁၂ ဧပြီ ၁၈၅၀)
End of Judson Biography…
● အယ်ဒီတာမှတ်ချက်။

Christian Heroism in Heathen Lands by Galen B. Royer မှတဆင့် မြန်မာမှုပြုသည်။ To the Golden Shore စာအုပ်သည် ဆရာကြီးယုဒဿန်ဘ၀ဖြစ်စဉ်ကို Latest Book အဖြစ် ၂၀၀၂ တွင် ထုတ်ဝေခဲ့ပါသည်။ မြန်မာပြန်ထားသော စာအုပ်ရှိ ရန်ကုန်တွင် စုံစမ်းရနိုင်ပါသည်။ စင်ကာပူတွင် http://www.sksbooks.com/ 315 Outram Road, Tan Boon Liat Building, #09-03 Tel: 62279700 တွင်ရနိုင်ပါသည်။ အမေရိကန်တွင် Online Purchase ဖြင့် US$10.00 ခန့်ဖြင့် ၀ယ်ယူနိုင်ပါသည်။ အမေရိကန်တွင် ဂျပ်ဆင်အမည်ဖြင့် လူမှုရေးအဖွဲ့http://judsoncenter.org/ နှင့် Judson Memory Church စသဖြင့်များစွာရှိပါသည်။ မြန်မာပြည်နှင့် နိုင်ငံရပ်ခြား မြန်မာခရစ်ယာန်များလည်း ဆရာယုဒဿန် နှစ်၂၀၀ပြည့် အထိမ်းအမှတ်ကို ကျင်းပရန်ရှိပါသည်။ ယုဒဿန်မြန်မာ သမ္မာကျမ်းစာ ကို ယခုအချိန်ထိ မြန်မာများ လက်မလွတ်နိုင် – ကျေးဇူးတော်ကြီးလှပေသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts