ကဗျာ အောင်ဝေး

ေ အာ င်ေ ၀း – မြ န် မာ့ နို င် ငံေ ရး သ င် ပု န်း ကြီး ဖ တ် စာ

 

ေ အာ င်ေ ၀း – မြ န် မာ့ နို င် ငံေ ရး သ င် ပု န်း ကြီး ဖ တ် စာ

CRITIC ON BURMA’S POLITICS

(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၄

ဘာပဲဖြစ်ဖြစ်

ယနေ့ မုန်တိုင်းထန်သည်

မနက်ဖြန်

စစ်အာဏာရှင်စနစ်ကျဆုံးရမည်။

ငါတို့ ဟာ

လှေကိုကြိုးမဖြေဘဲ

လှော်နေမိတာလား။

ဒါမှမဟုတ်

လှော်တက်ကို

ဒိုက်ပတ်နေလို့ လား။

ယုတ်စွကွာ

တို့ စိတ်တွေ

ရေနဲ့ ငြိနေလို့ များလား။

မစဉ်းစားနဲ့ 

စဉ်းစားရင်း

ရွာသာကြီးရောက်တော့မယ်။

အမှန်အတိုင်းဝန်ခံရရင်

အတိုက်အခံက

အတိုက်အခိုက်မခံရဘဲ

အမှိုက်လို

အလှည်းခံ အကျင်းခံ။

ဘယ်သူဘယ်နှယောက်

တောက်တောက်ပပ

လင်းလက်နိုင်ခဲ့ကြပါသလဲ

အမှောင်ခေတ်ကြီးထဲမှာ။

အဲဒီအမှောင်ခေတ်ကြီးပဲ

ကြယ်တွေကို

ခြွေပြီးရင်း ခြွေခြွေပစ်ခဲ့တာ။

နရသိန်

အိပ်မက်ဆိုးတွေဖွဲ့ 

မိုးမသောက်တဲ့ညတွေ။

ဘာပဲဖြစ်ဖြစ်

ယနေ့ မုန်တိုင်းထန်သည်

မနက်ဖြန်

စစ်အာဏာရှင်စနစ်ကျဆုံးရမည်။

ကျောင်းနံရံတစ်ဝိုက်

ဒေါင်းအလံစိုက်။

အကျဉ်းထောင်အုတ်ရိုး

ဒေါင်းအလံထိုး။

ကတ္တရာလမ်း

ပျံသန်းမြင့်မြင့်

ဒေါင်းအလံလွှင့်။

ငါတို့ ခေတ်မှာ

ငါတို့ ဟာ

စစ်ကိုဖြတ်သန်း

ငြိမ်းချမ်းရေးကိုသာလွမ်း။

ရပ်

စစ်ပွဲတွေရပ်

ငြိမ်းချမ်းရေးကို

လက်တန်းကဗျာစပ်။

တစ်ခန်းမရပ်တဲ့

အလွမ်းဇာတ်ကလည်း

နောက်ထပ်ဘယ်နှခန်း။

ဒေါ်အောင်ဆန်းစုကြည်ကို

အပြည့်အ၀ယုံကြည်တယ်။

ယုံကြည်ချက်က

နှင်းဆီခင်းထဲ

လင်းယုန်ဝဲသလို

ရဲရဲရင့်ရင့် နီနီစွေးစွေး။

ခက်တာက

ဒေါ်အောင်ဆန်းစုကြည်ကို

ချစ်တဲ့သူတွေပဲ

တဖြုတ်ဖြုတ်ကြွေနေရ။

ပါကြီးသေတာနဲ့ 

မှန်ကြီးသေတာ အတူတူပဲ။

သူတို့ တောမှာသေသေ

မြို့ မှာသေသေ

သေမင်းက စစ်အာဏာရှင်စနစ်ပဲ။

ဒဂုန်တာရာကိုလည်း

ဒီသေမင်းကသတ်တာပဲ။

ဟံသာဝတီဦးဝင်းတင်ကိုလည်း

ဒီသေမင်းကသတ်တာပဲ။

မင်းကိုနိုင်

ကိုကိုကြီး

မင်းတို့ သတိတစ်ချက်လွတ်တာနဲ့ 

ဒီသေမင်းက

မင်းတို့ ရင်ဝ ဓားအလွှတ်ပဲ။

ဘာပဲဖြစ်ဖြစ်

ယနေ့ မုန်တိုင်းထန်သည်

မနက်ဖြန်

စစ်အာဏာရှင်စနစ်ကျဆုံးရမည်။

ဗိုလ်ချုပ်အောင်ဆန်းက

သူ့ ကျွန်ခေတ်မှာ

တစ်ခါပဲ လုပ်ကြံခံရတယ်။

တို့ ခေတ်မှာ

ဒေါ်အောင်ဆန်းစုကြည်ခမျာ

အခါခါ လုပ်ကြံခံနေရ။

နယ်ချဲ့ 

ဖက်ဆစ်ထက်ဆိုး

သူခိုးဓားပြ စစ်အစိုးရ။

နွားရိုင်းသွင်းချိန်

မဲလိမ် မဲခိုး

အရပ်သားစစ်အစိုးရ။

ဒီပဲယင်းည

တစ်ကပြန်စ

အကာလလွန်ရင်

ကျိန်စာမိုးမွှန် အရိုးတွန်မယ်။

ရဲဘော်

တိုက်ပွဲခေါ်သံတွေကြားတယ်။

ခေတ်ကြီးက

မာယာများတယ်။

လူတွေ လူတွေ ရှုပ်ထွေး

ဗိုလ်ချုပ်ဈေးမဟုတ်

ဒါ မြန်မာ့နိုင်ငံရေး။

မြန်မာ့အရေး

အန္တရာယ်တွေ

ဓမ္မန္တရာယ်တွေများတယ်။

အရေးထဲ

အေးနေ၀င်းကလည်းတစ်မှောင့်။

စစ်တပ်လော်ဘီကျော်ဝင်းကလည်း

ဖြဲဖြဲ ချောက်။

ရပ်တည်ချက်မမှန်တော့

ကျွန်းပြန်ကြီးလည်း

ကျွမ်းပြန်ပြီး

စစ်ကျွန်ပြန်ဖြစ်။ (ကေအင်ယူ မန်းငြိမ်းမောင်)

မြန်မာ့နိုင်ငံရေးမှာ

ဘယ်တော့မှ မမှားတာ

ကျောင်းသားတွေပဲ။

အဲဒီ ဒေါင်းတွေကို

သွေးကွဲအောင် သွေးခွဲတာ

စစ်အစိုးရပဲ။

ဒေါင်းနဲ့ စု

အကြောင်းဖက်ပြု

ကောင်းတဲ့အမှုပြုမှာကြောက်တာလည်း

ဒီ စစ်အစိုးရပဲ။

မြန်မာ့နိုင်ငံရေးမှာ

ဘယ်တော့မှ မမှန်တာလည်း

ဒီ စစ်အစိုးရပဲပေါ့ ။

ဘာပဲဖြစ်ဖြစ်

ယနေ့ မုန်တိုင်းထန်သည်

မနက်ဖြန်

စစ်အာဏာရှင်စနစ်ကျဆုံးရမည်။

၂၀၁၅ မှာ

ဒေါ်အောင်ဆန်းစုကြည်ကို

သမ္မတဖြစ်ခွင့်ပေးမလား

စစ်တပ်ကို

လွှတ်တော်ထဲမှာ ဆက်ထားခွင့်ပြုမလား။

မိတ်ဆွေ- ခင်ဗျား

ရှဉ့် လည်းလျှောက်သာ

ပျားလည်းစွဲသာ

ဒီမှာ လာမဖြီးနဲ့ ။

ဟိုချီမင်းကဗျာဖွဲ့ သလို

ရေနွေးကျိုရင်

မျက်နှာမသစ်နဲ့ 

မျက်နှာသစ်ရင်

ရေနွေးမကျိုနဲ့ ။

မိုးသီးဇွန်

ဒေါ်စုကိုလည်းသမ္မတဖြစ်ခွင့်က မဖယ်နဲ့ 

တပ်မတော်ကိုလည်း နိုင်ငံရေးက မဖယ်နဲ့ 

မင်းအယူအဆ

သူမနာ ကိုယ်အသုဘ

အစ်ကိုလက်ခံလို့ မရ။

ဆောရီးနော် ညီလေး

မင်းလည်း စစ်သားသားသမီး

ငါလည်း စစ်သားသားသမီး

အခုအချိန်မှာ

စစ်တပ်ဆိုရင်ဆော ရီး ။

မျှော်လင့်မနေနဲ့ 

ဘယ်တော့မှ မမျှော်လင့်နဲ့ 

ကျမဖေဖေထူထောင်ခဲ့တဲ့တပ်က

ကျမပြည်သူတွေကိုသတ်တယ်။

ဒီစစ်တပ်ကြီး

ကျီးထိုးထိုး လောက်ကိုက်ကိုက်

လူသေခေါင်းထဲထည့်

ပင်လယ်ထဲထိုးလွှတ်လိုက်တော့။

ဘာပဲဖြစ်ဖြစ်

ယနေ့ မုန်တိုင်းထန်သည်

မနက်ဖြန်

စစ်အာဏာရှင်စနစ်ကျဆုံးရမည်။

ညီလေး ဝေမှူးသွင်

၂၀၁၅ လွန်ရင်

တို့ ကျွန်ဖြစ်နေရဦးမလား။

မင်းစဉ်းစား

ငါတို့ ဘာလုပ်ကြမလဲ။

ပြီးတော့

အမေရိကားကနေ

ရမ်းကားနေတဲ့

လူကြမ်းကလေး ထက်ရာဇာ

မင်းဘာလုပ်မလဲ။

ဒေါ်အောင်ဆန်းစုကြည်ကို

ရွှေမန်းသဘင်ထဲမှာ ဆက်ကနေတာ

မင်းမြင်ချင်သလား။

ဒုတိယရှစ်လေးလုံး

ဒုတိယရွှေဝါရောင်

ဂုဏ်ရောင်ပြောင်တဲ့အရေးတော်ပုံတွေ

မင်းခိုလှုံချင်သလား။

ထက်ရာဇာ

အငန်တွေလျှော့စား

အသက်ဥာဏ်စောင့်သတဲ့

ကျန်းမာအောင်နေ။

ကျန်းမာမှ

တိုက်ခိုက်နိုင်မယ်

တိုက်ခိုက်မှ

လူပီသမယ်။

မိုးသီးဇွန်

အောင်ဝေး

ထက်ရာဇာ

…   …   …

ဘယ်သူဖြစ်ဖြစ်

သေလို့ မဖြစ်သေးဘူး။

ယုတ်စွအဆုံး

အခုနောက်ဆုံး

ဓားတွေ့ လို့ တရားစွဲခံရ

ငါ့ သူငယ်ချင်းကြီးမြတ်ခိုင်

သူ့ လည်း မသေစေနဲ့ ဦး။

ငါ့ အစ်မ

(ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်)

သရုပ်ဆောင်မင်းသမီး

ခင်ပန်နှင်းလည်း မသေပါနဲ့ ဦး။

တစ်နေ့ ကျရင်

လူဆိုးဗိုလ်ကြီးရွှေရွှေ

နိုင်ငံတကာခုံရုံးတင်တော့

ငါတို့ ပျော်ပျော်ကြီး သက်သေခံဝင်ကြမပေါ့ ။

ဘာပဲဖြစ်ဖြစ်

ယနေ့ မုန်တိုင်းထန်သည်

မနက်ဖြန်

စစ်အာဏာရှင်စနစ်ကျဆုံးရမည်။

ခုတော့

ကိုယ့်တပ်ကိုယ်ပြန်နင်းကြတဲ့

ဖျင်းလှတဲ့ ကမြင်းမအကောင်

ဝီရသူကိုလည်းရှင်း။

မ ဘ သ ဆိုတဲ့

မယောင်ရာဆီလူး

တောင် တီတူးတဲ့အဖွဲ့ ကိုလည်းရှင်း။

ပီအာ- ပီအာနဲ့ 

မသတီစရာ

ကလီကမာ ပလီပလာတွေကိုလည်းရှင်း။

စစ်သားက

၎ ၃ ၆ မပြင်ချင်ဘူး။

အရပ်သားတွေ

လမ်းပေါ်ထွက်ကြတော့။

လွှတ်တော်က

ဖွဲ့ စည်းပုံ မပြင်နိုင်ဘူး။

လွှတ်တော်အမတ်တွေ

လမ်းပေါ်တက်ကြတော့။

လမ်းပေါ်မှာ

ဖွဲ့ စည်းပုံပြင်ကြမယ်။

ဖွဲ့ စည်းပုံကို

လမ်းပေါ်မှာပဲ ပြင်လို့ ရမယ်။

ပြည်သူတွေ

လမ်းပေါ်ထွက်ကြလော့။

သမုဒ္ဒရာ ဒိရေလှိုင်းတွေအလား

လူထုတွေ

လမ်းပေါ်ထွက်ကြလော့။

အကြမ်းဖက်ဝါဒဟာ

အန္တရာယ်ရှိသလို

အကြမ်းမဖက်ဝါဒမှာလည်း

အန္တရာယ်ရှိတာပဲ။

လမ်းပေါ်ထွက်လာတဲ့

ပြည်သူတွေကို မတားနဲ့ ။

လမ်းပေါ်တက်လာတဲ့

လူထုကို မတားနဲ့ ။

လေးကိုင်းကိုကွေးတင်၍

လေးညှို့ ကို ငင်ပြီးပြီ

မြားဦးမှာ မရပ်ချင်ပါနှင့် အရှင်။

ထလော့

အဖိနှိပ်ခံကျောင်းသားတွေ

ထလော့။

ထလော့

အဖိနှိပ်ခံပြည်သူတွေ

ထလော့။

စစ်အာဏာရှင်တွေကို

တိုက်ကြလော့။

ဒေါ်အောင်ဆန်းစုကြည်ကို

ဝန်းရံကြလော့။

ကိုယ်နိုင်တဲ့ဝန်

ကိုယ် ထမ်းကြလော့။

စည်းကမ်းရှိ

ညီညွတ်ကြလော့။

အမှန်တရားနဲ့ 

ကိုက်ညီကြလော့။

ဘာပဲဖြစ်ဖြစ်

ယနေ့ မုန်တိုင်းထန်သည်

မနက်ဖြန်စစ်အာဏာရှင်စနစ်ကျဆုံးရမည်။     ။

ေ အ ာ င္ ေ ၀ း

 

ဒီဇင္ဘာ ၂ – ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts