Han Thit Naing ဓာတ်ပုံသတင်း

မြန်မာ မြင်းစီးကလပ်ပိုင်ရှင်၊ မြင်းပိုင်ရှင်များ တွေ့ဆုံဆွေးနွေး

 

မြန်မာ မြင်းစီးကလပ်ပိုင်ရှင်၊ မြင်းပိုင်ရှင်များ တွေ့ဆုံဆွေးနွေး
ဟန်သစ်နိုင်၊ မိုးမခ၊ ဒီဇင်ဘာ ၂၊ ၂၀၁၄

ရုပ်ရှင်မင်းသမီး ခင်သီတာထွန်း

မြင်းစီးအားကစားနှင့် မြင်းစီးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ မြင်းစီးကလပ်ပိုင်ရှင်များနှင့် မြင်းပိုင်ရှင်များ တွေ့ဆုံဆွေနွေးပွဲတခုကို လှည်းခူးမြို့နယ်ရှိ ကြည်သာအေးမြမြင်းစီးကပ်တွင် ပြုလုပ်ကျင်းပခဲ့သည်။

မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်ဥက္ကဌ ဦးပြုံးမောင်မောင်မှလည်း ဖြတ်သန်းလာသော အတွေ့အကြုံများနှင့် မြင်းစီးအားကစားများအတွက် လိုအပ်သည်များကိုပြောပြရာတွင် မြင်းစီးအားကစားကို ပထမအကြိမ်အဖြစ် ၁၉၈၅ခုနှစ်တွင် အစိုးရထံမှတင်ပြတောင်းဆိုခဲ့သည်။ ၁၉၈၈ခုနှစ်နောက်ပိုင်းတွင် တရားဝင်မြင်းစီးမှတ်ပုံတင်များ မရှိတော့ကြောင်း၊ ၁၉၉၃ ခုနှစ်တွင်မှ ပြန်ပြီးတင်ပြတောင်းဆိုခဲ့ရာ မြင်းစီးကောင်စီမှ အသိအမှတ်ပြု ပြန်လည်ရရှိခဲ့သည်။ ၂၀၁၀ခုနှစ် မြင်းစီးအဖွဲ့ချုပ်တွင် အရပ်သားဥက္ကဌများ လွှဲပြောင်းခြင်းများရှိခဲ့သည်။

ဆက်လက်ပြောကြားရာတွင် –

မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်သည် FEI နိုင်ငံတကာမြင်းစီးအားကစားအဖွဲ့ဝင်ဖြစ်ပြီး မြင်းစီးကလပ်များသည်လည်း FEI ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ မြင်းစီးကလပ်များထူထောင်ရာတွင် တရားဝင်မှတ်ပုံတင်များ ပြုလုပ်ထားသင့်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်အောင် လက်ရှိမွေးမြူထားသော မြင်းများသည် အရည်အချင်းပြည့်ဝ ကောင်းမွန်သောမြင်းများ ဖြစ်ရပြီး မြင်းများ၏ကျန်းမာရေးကိုလည်း နေ့စဉ် စစ်ဆေးလေ့ကျင့်ပေးသင့်ကြောင်း၊ မြင်းစီးအားကစားသမားများကလည်း ကျန်းမာသန်စွမ်းကျွမ်းကျင်သူများဖြစ်ရပြီး မျိုးဆက်သစ်များလည်းမွေးမြူရမည်ဖြစ်ကြောင်း၊ မြင်းစီးဝါသနာရှင်များသည်လည်း ပညာရှင်များနှင့်ပူးပေါင်းပြီး လုပ်ဆောင်သင့်ကြောင်း၊ မြင်းစီးကလပ်များကိုလည်း မြင်းစီးအကယ်ဒမီကျောင်းမှ ပံ့ပိုးကူညီသွားမည်ဟု ပြောသည်။

မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်တွင် အတွင်းရေးမှူးနှင့် ကြည်သာအေးမြမြင်းစီးကလပ်တွင် အတွင်းရေးမှူးအဖြစ်လုပ်ကိုင်သူ ဦးဇော်လွင်ဦး မှ ပြောပြရာတွင်  မြန်မာနိုင်ငံနယ်အရပ်ရပ်မှရောက်ရှိလာသော မြင်းစီးဝါသနာရှင်များနှင့် ပညာရှင်တို့၏ မြင်းစီးအားကစားနှင့်ပတ်သက်ပြီး ပထဆင့်အနေဖြင့် အနာဂတ်တွင် အောင်မြင်ဖွံ့ဖြိုးတိုးတတ်အောင် တွေ့ဆုံရကြောင်း၊ မြင်းစီးအတတ်ပညာများသည် ရှေးဘုရင်များ လက်ထက်မှစပြီး ယခုထိတိုင် ရှိနေခဲ့သဖြင့် ဝါသနာရှင်များ၊ ပညာရှင်များနှင့် ပူးပေါင်းပြီး နိုင်ငံတကာအဆင့်မီ ယှဉ်ပြိုင်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ မြင်းကောင်းများပေါ်ထွန်းနိုင်ရေးအတွက်လည်း နိုင်ငံတကာမှ မြင်းများကိုဝယ်ယူပြီး မျိုးပွားခြင်းများလည်း  ပြုလုပ်ရကြောင်း၊ ပြည်တွင်းပြည်ပမြင်းများဝယ်ယူရာတွင် မြန်မာငွေကျပ် သိန်းပေါင်း(၆၀)ဝန်းကျင်ရှိကြောင်း ပြောပြသည်။

၎င်းဆွေးနွေးပွဲတွင် အနယ်နယ်အရပ်ရပ်မှ တတ်ရောက် လာသော မြင်းစီးကလပ်ပိုင်ရှင်များ၊ မြင်းစီးဝါသနာရှင်များ၊ မြင်းစီးပညာရှင်များ၊ မြင်းကျန်းမာရေးအတွက် ဆရာဝန်များနှင့် မြင်းပိုင်ရှင်များသည် မြင်းစီးအားကစားနှင့်ပတ်သက်ပြီး အနာဂတ်တွင် မျှော်မှန်းချက်များနှင့် လိုအပ်သော ကိစ္စအဝဝကို workshorp ပုံစံများဖြင့် မိမိတို့ဖြစ်ချင်သည်များကို တင်ပြဆွေးနွေးဖလှယ်ခြင်းများပြုလုပ်ခဲ့သည်။

ယခုဆွေးနွေးပွဲမှ တင်ပြထားသောအကြောင်းအရာများကို ဒုတိယအကြိမ် အဖြစ် ဒဂုန်မြောက်ပိုင်းမြင်းစီးကွင်းတွင် ဇန်နဝါရီ နောက်ဆုံးပတ် သို့မဟုတ် ဖေဖော်ဝါရီ ပထမအပတ်တွင် ဆက်လက်ဆွေးနွေးအကောင်အထည်ဖေါ်သွားမည်ဟု သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts