ကဗျာ မင်းညွှန့်လှိုင်

မင်းညွန့်လှိုင် – ညာ ပွဲ

 

မင်းညွန့်လှိုင် – ညာ ပွဲ

(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၄

အဖြူရောင်ဘုရင်မရဲ့

လှလှပပ တိုက်ကွက်မှာ

အနက်ရောင်ပြိုင်ဘက်ရဲ့

ရဲတိုက်တွေ မြင်းတွေ နယ်ရုပ်တွေ

တစ်ကောင်ပြီး တစ်ကောင်

ကျကျ ကုန်ပါရဲ့

ပြီးတော့မှ

စစ်တုရင်ခုံပေါ်

တစ်ကောင်ပြီး  တစ်ကောင်

ခုန်တက် လာပြန်ရော ။

အနက်ရောင်ဘုရင်ကြီး

 

သက်ဆိုး ရှည်လွန်းတယ် ။      ။

Photo – Aung Htet


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts