ကဗျာ

နိုင်ဝင်းဆွေ – မိုး မခ ဘူး

နိုင်ဝင်းဆွေ – မိုး မခ ဘူး

(မိုးမခ ပြန်လည် ဆန်းသစ်ခြင်း)နို ဝင်ဘာ ၃၀၊ ၂၀၁၄

 

နိုင်ဝင်းဆွေ (၁၉၄၀ – ၁၉၉၅)

နိုင်ဝင်းဆွေ အမှတ်တရ စာအုပ် မျက်နှာဖုံး

ရေးဆွဲသူ – ပန်းချီ မင်းကျော်ခိုင်

Min Kyaw Khine

 

(၁)

ကျနော့်ကို

ရေထဲမှာ ဆွဲ မြှုပ် ထားတဲ့ အခါ

ခဏတာ လေးမှ ပြန် ဖော် မပေး။

ရွံ့နှစ်ရေတွေ

တိုက်ပြေး ဖြတ်ပြေး

အမှိုက် အညစ်အကြေး

ဒိုက်သရောနဲ့ သစ်တုံးဆွေးများ

ကျနော့် ခေါင်းကို တိုက်သွား ရိုက်သွား

ကျနော့် မှာ မူးချာလည်ရင်း

ယိမ်းထိုး ခါနေ။

အသက်ရှုစရာ

လေဟာနယ် တကွက်မရှိ

ကိုယ့် ကိုယ်ခန္ဓာ ထဲမှာပဲ

လေကို ရှုသွင်း ရှိုက်ထုတ်။

“သူရဲကောင်း ဆိုတာ

ကြိုးစင် အတက်၊ မျက်နှာ တကွက်

မပျက်စေနဲ့”။

တူရိုက်တဲ့ အခါ၊ ထုရဲ ရိုက်နှက်

ရဲရဲ ရိုက်ပုတ်၊ မတွန့်ဆုတ်နဲ့

စိတ်ကို အားပေးရင်း။

ကိုယ်ထဲမှာ

အသက်ဟာ

နှေးကွေးစွာ လှည့်နေဆဲလား

“ကျွန်တော် သေသွားပြီလား”

လွတ်မြောက်ရေး အတွက်

အသက်နဲ့ သွေး၊ ပေးလှူ စတေးထား

သွေးခင်း လမ်းထက်က

ပြည်သူ့ တော်လှန်ရေး သမားလေ

“ကျနော် အသက်ရှင်နေဆဲလား”

မသေချာ မရေရာတော့ဘူး။

တရက် နှစ်ရက် သုံးလေးရက်

တလ နှစ်လ သုံးလေးလ

ရေထဲမှာ နှစ်မြုပ်နေရ။

(၂)

ချိန်ခါတန်တော့လည်း

ဖုံးလွှမ်းရေများ၊ ကျသွား ထွက်ပြေး

မိုးမခ ပင်ဟာ

ရွှံ့နွံထဲက ကုန်းရုန်းထ

လှပ နေခြည်သစ်အောက်မှာ

ရွက်သစ်စိမ်းတွေ ဖားလျား ဖြန့်ဝေ။

အနည်းအပါးတော့ ယိုင်နဲ့ သွားခဲ့၊

အနည်းအပါးတော့ ညှိုးနွမ်းသွားခဲ့ရ၊

အနည်းအပါးတော့ ကျိုးပျက် ပဲ့ရွဲ့သွား။

“အသေးအနှုတ် အဖွဲ့ကလေးတွေ

ရေက တိုက်စားသွားခဲ့၊ သွားပါစေလေ”

ဒဏ်ရာတွေနဲ့

ဒါပေမဲ့ ပြုံးနေတဲ့ မျက်နှာကို

မိုးထက် ဝဠာ သို့ မော့လို့။

(၃)

လောကဓာတ် တခွင်လုံးမှာ

သစ်ပင်မှန်သမျှ

တရွက် မကျန် ကြွေကျ

ရိုးတံ ပြိုင်းရိုင်း သစ်ကိုင်းညွတ်ကိုင်း

တေဇာ ကသိုဏ်းမှာ

စိမ်းလန်းမှုများ လောင်ကျွမ်းသွားကြ

ကန္တာရ တံလှပ်တွေ

မီးလျှံတွေလို မြူးကခုန်နေ။

အဲသည် နွေလည်ခေါင်မှာ

မြစ်ကမ်းယံ မိုးမခ တန်း ဟာ 

အရွက်တွေ ဖားလျားချ

ဝေဆာပြလိုက်ရဲ့

အပွင့် ဖွေးဖွေး ဖွေးဖွေး လှုပ်လှုပ်။

နေခြည်ရဲ့ တံလှပ်ထဲမှာ

စိမ်းမြ နဒီထက်က လေညင်းကို

သီချင်းကလေး တဖွဲ့ နှစ်ဖွဲ့

ကျနော် နှုတ်ခွန်းတော် ဆက်လိုက်ရဲ့။

နိုင်ဝင်းဆွေ

Moe Ma Ka Plant

 

By Naing Win Swe. Edited by Melissa Tuckey. Contributors include Kyi May Kaung, February 14, 2012.

That time when they

submerged my head

in water

they did not

not even

one moment

let me

raise it up

to breathe.

Thick cream of mud

essence of mud

water

rushes over

runs over

my head.

Flotsam Jetsam

Dirt Excrement

Floating weeds.

Old rotting logs

falling

apart

hit my head

bump my head

I turn like a top

dizzy

dizzy.

I lurch

a drunken

yein

dancer.

To breathe

no air

pocket

no vacuum

to breathe.

No air.

Just within

my own

body

I breathe

IN . . .

OUT . . .

A hero

climbing

the gallows

to be hanged

does not

flinch

change

expression.

Keep smiling

every inch.

I make

myself

brave

telling myself

when you use

the hammer

strike

boldly

do not

pull bak.

In my

body

is

my

life

slowly

revolving.

Am I still alive. Am I still alive?

Ah, the great

peoples’ revolutionary

hero

who

has given his life

for freedom

has walked

the bloody

streets

for

freedom.

Am I still alive.

I am not

quite

sure.

One day

two days

three days – oh.

One month

Two months

three months — oh.

Oh.

In the water

I am

drowned.

ii.

When the time

is right

water over-

whelmed

water runs off.

Moe Ma Kha plant

out of muck

struggles up

bent over.

Beautiful sunlight

under trees.

Moe Ma Kha plant

spreads

dangling

leaves.

Moe Ma Kha plant

a little shakey

Moe Ma Kha plant

slightly

wilted.

Moe Ma Kha plant

a little broken

a little, crooked.

Little things, minor things

let them all

be washed away.

With wounds, with scars, with marks

Smiling I look up

at sky. Universe

far

away.

Naing Win Swe (1940-1995) was a prominent Burmese writer and poet. Translator Kyi May Kaung is a Foreign Policy In Focus contributor, poet, and artist. Melissa Tuckey is the poetry editor for FPIF. The poem is copyright Naing Win Swe; the translation is copyright Kyi May Kaung.

မြန်မာ မူရင်း ကဗျာကို မောင်လွမ်းဏီ (ABSDF)၊ မင်းမင်းဦး (DPNS)၊ ဒေါင်းနီ တို့ စီစဉ်၍ နိုင်ဝင်းဆွေ အမှတ်တရ စာအုပ် ထုတ်ဝေရေးအဖွဲ့ (လွတ်မြောက်နယ်မြေ) က ဧရာဝတီ ညီနောင် စာပေ၊ ဘန်ကောက်၊ ထိုင်းနိုင်ငံ မှတဆင့် ဖြန့်ချိ ထုတ်ခဲ့သည့် နိုင်ဝင်းဆွေ အမှတ်တရ ကဗျာများ စုစည်းမှု စာအုပ် ရေဆန်လမ်းသို့ အပြန် (ပ ကြိမ်၊ ၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီ) စာအုပ် ကနေ ကူးယူ တင်ဆက်ခြင်း ဖြစ်သည်။  ဆရာမ (ဒေါ်) ကြည်မေကောင်း ဘာသာပြန်ကို http://fpif.org/moe_ma_kha_plant/  အင်တာနက် စာမျက်နှာ ကနေ ယူပါသည်။

မူပိုင်ခွင့် ချိုးဖောက်လိုစိတ် ရိုးသားစွာ မရှိပါ။  မိုးမခ က စီးပွား ဖြစ် အလို့ငှာ မဟုတ်ဘဲ ဆရာ နိုင်ဝင်းဆွေ အမှတ်တရ နှင့် မျက်မှောက် နိုင်ငံရေး အခြေအနေ တွင် စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး၊ ပေါင်းမစားရေး အတွက် တပ်လှန့် တော်လှန်ရေး အသိ၊ တော်လှန်ရေး သတိပေးလိုခြင်း အကြောင်းများကြောင့် ပြန်လည် တက်ဆက်လိုခြင်းသာ ဖြစ်ပါသည်။  ဆရာ နိုင်ဝင်းဆွေ ၏ အနုပညာ စာများကို မူပိုင်ခွင့် ဆက်ခံသူများ၊ ဘာသာပြန် ဆရာမ (ဒေါ်) ကြည်မေကောင်း၊ မျက်နှာဖုံး ပန်းချီ ကို လိုလိုချင်ချင် သုံးခွင့်ပေးခဲ့သည် ပန်းချီ ဆရာ မင်းကျော်ခိုင် (နယူးယောက်) နှင့် သက်ဆိုင်ရာ စီစဉ်ခဲ့သူများ ကို ကျေးဇူး တင်ရှိပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts