ကဗျာ

သျှ င် မိုးေ ပြး – ဇာ တ် လ မ်း တွဲ

သျှ င်  မိုးေ ပြး  – ဇာ တ် လ မ်း တွဲ
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၄

အမှောင်ကာလတွေ ပြီးဆုံးပါပြီလို့ 
အမှောင်ထဲကနေ လှမ်းအော်တယ်
လက်အေးကြီးက ခေတ်ကိုစွဲပြီး
အိပ်မက်လှလှ မက်ချင်ကြောင်းပြောတုန်း
လွယ်အိပ်ထဲက လွမ်းသူ့ ပန်းစာတွေ
မြို့တော်အနှံ့ကို လမ်းလျှောက်ထွက်တယ် …။

ပလုံစီတတ်နေတဲ့ အပူကို အပူနဲ့ ပက်ကြ
မရိုးသားတဲ့အသံတွေ ထပ်မလွတ်စေနဲ့ 
အဲ့ဒီအဆိပ်ကြောင့် ရာစုတစ်ရာသေရတယ် …။

ဖုန်းလိုင်းတွေ သိပ်မကောင်းဘူး
ကောင်းကင်ကို ခေါ်မရ ၊ ငရဲကိုခေါ်မရနဲ့ 
ကလိမ်ကကျစ်တွေဟာ အနုပညာသည်ကို
ဆို က ရေး တီး ပြန်သင်တယ်
အမြဲနောက်ကျနေတဲ့ အမှန်တရား
ညှော်နံ့ ထွက်မှ အရှက်နဲ့ ပြန်ယက်ပြီးလုရ
တရားလည်းကျ သိက္ခာလည်းကျ
ယောင်ကားနေတဲ့ ညနေသတင်းမှာ
ပညာမတတ်တဲ့ အနာဂါတ်ကို
မြန်မာစာတမ်းထိုးပါ။

သျှင်မိုးပြေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts