ကဗျာ ဆောင်းလူ

ဆောင်းလူ – u n t i t l e d


 ဆောင်းလူu n t i t l e d
(မိုးမခ)  နိုဝင်ဘာ ၁၄၊ ၂၀၁၄

လောကမှာ ..

ကောင်းစရာကိစ္စတွေကို ..

ဘာများအားနားစရာရှိလို့လဲ…

အလေးခံ ထမ်းပိုးထားရတဲ့ကမ္ဘာကိုသာ

ကိုယ့်ဘာသာ ပြန် အားနာနေရတာ …

ဖြစ်စဉ်မရှိတဲ့တလျှောက်မှာ

ဘ၀ကိုသာ အခါ အခါ ပြန်အားနာနေရတာ …

ဟေ့ …

ကမ္ဘာကြီး …

တကယ်ဆို

ခင်ဗျားလည်း မူးချင် မူးနေမယ် ..

ကျူပ်လည်း …

ကောင်းချင် ကောင်းနေတယ် …

နက်ဖြန်အတွက် နေသာ ကြယ်သာဖို့က

သဘာဝအလုပ် …

နက်ဖြန်အတွက် နေသာသလိုနေဖို့က

လူ့အတ္တတွေအလုပ် …။

တကယ်ဆို ..

မထူးဇာတ်ခင်းနေတဲ့ခေတ်မှာ

မြေပုံတွေ များများလာတာပဲ

အဖတ်တင်တယ် …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts