ကဗျာ မင်းညွှန့်လှိုင်

မင်းညွှန့်လှိုင် – သေချာတဲ့ကဗျာ


မင်းညွှန့်လှိုင် – သေချာတဲ့ကဗျာ
နိုဝင်ဘာ ၆၊ ၂၀၁၄

မိုးကြီးရွာမလား ….
မီးကြီးလောင်မလား ….
တောင်ကြီးပြိုမလား ….
မြစ်ကြီးကောမလား …
စစ်ကြီးဖြစ်မလား ….
ခေတ်ကြီးပျက်မလား ….
ဘေးအထွေထွေမှာ
ဘာမှမရေရာ
ဘာမှမမြဲ
တံစက်မြိတ်က မိုးရေစက်လို
တဲတဲလေးမှ တဲတဲလေးရယ်
သေချာတာတခုတော့ရှိတယ်
အရာရာ
အကောင်းပကတိပြန်ရဖို့
ငါတို့ရဲ့ချစ်မေတ္တာ
စင်္ကြာဝဠာရဲ့ဝင်ရိုးသဖွယ်
ဒါဟာ သိပ်ကိုသေချာတယ်။       ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts