Han Thit Naing ဓာတ်ပုံသတင်း

ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးအတွက် သုံးရောင်ခြယ်က တလပြည့် ဆွမ်းကပ်

 

ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးအတွက် သုံးရောင်ခြယ်က တလပြည့် ဆွမ်းကပ်
ဟန်သစ်နိုင်၊ မိုးမခ၊ နိုဝင်ဘာ ၄၊ ၂၀၁၄

သုံးရောင်ခြယ်အဖွဲ့ဝင်၊ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး အသက် (၄၉) နှစ်အား သုံးရောင်ခြယ်မိသားစုမှ တစ်လပြည့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို    ၂၀၁၄ခုနှစ် နိုဝင်ဘာ၂ရက်နေ့ ရန်ကုန် လမ်းမတော်မြို့နယ် ပရိယတ္တိ (အလယ်တိုက်ကျောင်း) သရက်တော်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။

 

 

ABSDF ဥက္ကဌ ကိုသံခဲမှ ကိုပါကြီး၏ သဘောထားအမြင်များကိုပြောပြရာတွင် ကိုပါကြီးသည် ABSDF တပ်ဖွဲ့ဝင်မဟုတ်သော်လည်း လူထုဘက်မှအမြဲရပ်တည်သည့်သူ လွတ်လွတ်လပ်လပ်နေတတ်သည့်သူ အလွတ်သတင်းထောက်တစ်ဦးသာ ဖြစ်ကြောင်း၊ သူသည် လက်နက်ကိုင်ပြီးတိုက်ပွဲဝင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ မြို့ပြမှနိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်သည့်အတွက် မြို့ပြမှာ ရင်ဆိုင်ခဲ့ရသော ပြည်သူ့နစ်နာမှုများကို ဖော်ထုတ်ခြင်းသူဖြစ်ပြီး ဓာတ်ပုံရိုက်ခြင်း၊ မှတ်တမ်းတင်ခြင်းများကို ဝါသနာပါသူတစ်ဦးဖြစ်ကြောင်း၊ သူသည် အဖွဲ့အစည်းကိုကိုယ်စားပြုခြင်းထက် အာဏာရှင်စနစ်ဆန့်ကျင်းရေး၊ ဒီမိုကရေစီရရှိရေးတို့တွင် လူထုဘက်မှအလုပ်တွေကိုလုပ်မည်ဆိုသော ဆန္ဒသဘောထား အပြည့်အဝရှိကြောင်း၊ နောက်ပိုင်းကာလများတွင်လည်း နိုင်ငံရေးတွေ့ဆုံပွဲများတွင် ကင်မရာ တစ်လုံးဖြင့် တွေ့ရှိသော်လည်း မည်သည့်တပ်ဖွဲ့ဝင်မှ ပါဝင်ခြင်းမရှိကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ရင်းနှီးသူတစ်ဦးသာဖြစ်ကြောင်း ပြောပြသည်။

 

 

“နိုင်ငံတကာမှရောက်နေတဲ့ သုံးရောင်ခြယ်အဖွဲ့တွေပဲဖြစ်ဖြစ်၊ ဗကသအဖွဲ့ဝင်တွေပဲဖြစ်ဖြစ် လွတ်မြောက်နယ်မြေရောက်ရင် လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့အတွက် ရင်းရင်းနှီးနှီးစကားများပြောကြတယ်၊ အထူးသဖြင့် ကိုပါကြီးသည် သူများတွေလို အရက်၊ ကွမ်း၊ ဆေးလိပ် ဘာမှသောက်စားခြင်းမရှိ” ဟုပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts