Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – စိမ်းမို့မို့ ရဲ့ အချစ်နွေ မိုး ဆောင်း တေးဂီတ ဖျော်ဖြေပွဲ ကျင်းပပြီးစီး

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

ရန်နောင်(ဗိုလ်တထောင်) – စိမ်းမို့မို့ ရဲ့ အချစ်နွေ မိုး ဆောင်း တေးဂီတ ဖျော်ဖြေပွဲ ကျင်းပပြီးစီး
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၄

စတီရီယို ခေတ်ဦးကာလနှင့် မြန်မာ့အသံ ရုပ်မြင်သံကြားပေါ်ထွန်းစကာလ ကတည်းက နာမည်ကြီး လူကြိုက်များခဲ့သော အဆိုတော် စိမ်းမို့မို့ ၏ အချစ်နွေ မိုး ဆောင်း ဟု အမည်ပေးထားသော ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်(စနေနေ့)  ည ၇ နာရီတွင် ကျင်းပခဲ့သည်။

ခင်မောင်ထူး စိမ်းမို့မို့

 

စိမ်းမို့မို့ ဘိုဘိုဟန်

စိမ်းမို့မို့ပွဲမှာ သူချစ်ခင်သော ပရိသတ်တို့ လာရောက်ကြသည်။ သူဖိတ်ကြားထားသော လုပ်ဖော်ကိုင်ဖက် မြန်မာ့ ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၊ အဆိုတော်များ ကိုလည်း တွေ့ခဲ့ရသည်။ Love Tone ကို ပီပြင်စွာ ဆိုနိုင်သော အဆိုတော် များထဲတွင် တယောက်ပါသည့် အဆိုတော် စိမ်းမို့မို့ သည် (သီချင်းဆိုတဲ့ စတိတ်ရှိုး) သီချင်းဖြင့် ပွဲလေးအားသေသပ်စွာ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် (ချစ်တာလေးမပြောတော့ဘူး)၊ (ရင်ထဲကမေတ္တာ)၊ (အမြဲတမ်းရှိနေမယ်) သီချင်းများကို ဆက်ဆိုပြီး အဆိုတော်ခင်မောင်ထူးနှင့် တွဲဖက်၍ (စတော်ဘယ်ရီချစ်သဲရှင်)၊ အဆိုတော် ဘိုဘိုဟန်နှင့် တွဲဖက်၍ (ကြားစကားများ မယုံနဲ့) သီချင်းများကို ဆိုခဲ့သည်။ ဘိုဘိုဟန် မှ ဒီသီချင်းကို တေးရေးပုဏ္ဏက ရေးဖွဲ့ပြီး ထိုခေတ်က ငွေအစိတ်ပေးရကြောင်းအမှတ်တရပြောခဲ့ပါသည်။

အောင်နိုင်စန်း တင်မိုးလွင်

အစီအစဉ်တင်ဆက်သူ ကိုအောင်နိုင်စန်း နှင့် မတင်မိုးလွင် တို့ကလည်း ပရိတ်သတ်မငြီးငွေ့ရအောင် တမျိုးပြီးတမျိုး ပြောရင်း ပွဲ ထိန်းကောင်းသူများ ဖြစ်ခဲ့သည်။ တေးရေး ကိုအောင်နိုင်စန်း သည် မြန်မာ့အသံဝန်ထမ်းဟောင်းတစ်ဦး လည်းဖြစ်ခဲ့သဖြင့် သီချင်းနောက်ကြောင်းရာဇဝင်လေးများကိုပြောပြခဲ့သည်မှာ လည်း မှတ်ဖွယ်သိဖွယ်လေးများပင် ဖြစ်သည်။

စိမ်းမို့မို့ တက္ကသိုလ် လဲ့လဲ့

ဆက်လက်၍ တေးရေး ဟင်္သာတမြင့်ငွေ ရေးစပ်ခဲ့သော (မောင့်ကိုချစ်ဖို့ မွေးဖွားလာပါတယ်) သီချင်းကိုသီဆိုသောအခါ မူရင်းအဆိုရှင် တက္ကသိုလ် လဲ့လဲ့ မှလည်း ပန်းစည်းတက်ပေးရင်း ဝင်ရောက်သီဆိုပေးပြန်ပါသည်။ ထို့နောက် အဆိုတော် ဇော်ဝင်းရှိန် နှင့် တွဲဖက်၍ (သူပဲ) သီချင်းကို ဆက်လက်သီဆိုသည်။

အင်္ဂလန်စိန်

အဆိုတော်အင်္ဂလန်စိန်(ငြိမ်းငြိမ်းအိ) နှင့်တွဲဖက်၍  (ကိုကိုမူပိုင်) သီချင်းကို သီဆိုပြီး  အင်္ဂလန်စိန် တယောက်တည်း (ရနံ့ပြယ်သစ္စာ) သီချင်းကို သီဆိုခဲ့သည်။

ယုဇန

ထို့နောက် အဆိုတော်ယုဇန မှ (ဟေ့–မောင်) သီချင်းကို တစ်ယောက်တည်းသီဆိုကာ (မေ့–မောင်သီချင်း) ကို အဝတ်အစား နောက်တစုံလဲကာ ထွက်လာသော စိမ်းမို့မို့ နှင့် တွဲဖက်ကာ သီဆိုခဲ့သည်။ ထိုသီချင်းများကို စိမ်းမို့မို့ ၏ ခေါင်းကိုင်ဖခင်ဖြစ်သူ  ဟင်္သာတမြင့်ငွေ က ရေးစပ်သီကုံးပေးခဲ့ ပါသည်။ ဟင်္သာတမြင့်ငွေ သည် စိမ်းမို့မို့ အတွက် သီချင်းများ အမြောက်အမြား ရေးဖွဲ့ခဲ့သူဖြစ်သည်။

ထို့နောက် အဆိုတော် နေဇော်အောင်နှင့်တွဲဖက်၍ (ဆက်ပြီး ဆက်ပြီး ချစ်) ကို သီဆိုခဲ့သည်။ ထို့နောက်စိမ်းမို့မို့ တယောက်တည်း (ချစ်သူတို့ဘဝဝယ်) သီချင်းကို သီဆိုပြန်သည်။

လိဒ် နိုင်ဇော်

(အပြုံးကို အပြီးငှားခဲ့) သီချင်းကို သီဆိုသောအခါ လေးဇီးကလပ် တီးဝိုင်းမှ လိဒ်ဂစ်တာ နိုင်ဇော်မှ လိဒ်ဝင်တီးပေးခဲ့သည်။ ထိုနေ့ည ဖျော်ဖြေပွဲတွင် တေးဂီတ ပိုင်းကို မိုးသောက်ပန်း တေးဂီတ အဖွဲ့မှ တီးခတ်ပေးခဲ့ပြီးအသံပိုင်းဆိုင်ရာကို အမှိုင်းမှပြုလုပ်ပေးခဲ့သည်။

ရှမ်းအကနဲ့ စိမ်းမို့မို့

ဆက်လက်၍ (တောင်ပြာတန်းက ပါးအို့နီလေး) သီချင်းနှစ်ပုဒ်ကိုပေါင်းစပ်သီဆိုသောအခါ ရှမ်းအက အဖွဲ့ နှင့် တွဲဖက်ဖျော်ဖြေပြန်ပါသည်။  တေးစီးရီး အဖြစ် ပထမဆုံးထွက်ရှိခဲ့သော (အလွမ်းငှက်ငယ်မလေး) သီချင်းနှင့် (ရေခဲတုံး)ကို သီိဆိုခဲ့သည်။

အိုင်ရင်းဇင်မာမြင့်

အိုင်ရင်းဇင်မာမြင့်နှင့် တွဲဖက်၍လည်း (ရင်ထဲကကောင်လေး) ကို သီဆိုပြီး အဝတ်အစားလဲရန် ဝင်ရောက်ခဲ့သည်။ အိုင်းရင်းဇင်မာမြင့်မှ ထပ်မံ၍  (မချူခင်က ယိမ်းနှင့်သည်) ကို ဆက်လက်သီဆိုခဲ့သည်။

ဇော်ပိုင်

 

စိမ်းမို့မို့ ဇမ်နူး

ဇော်ပိုင်က (မင်းရှိရင်) ကိုသီဆိုခဲ့ပြီး ဇမ်နူး မှ (ချစ်သူ) သီချင်းကို သီဆိုခဲ့သည်။ အဝတ်အစားတစုံ ထပ်မံလဲလာသော စိမ်းမို့မို့ နှင့်တွဲဖက်၍လည်း (ဟားခါးမြို့) သီချင်းကို ချင်းအက အဖွဲ့နှင့် ဖျော်ဖြေခဲ့သည်။

ဖြိုးကြီး စိမ်းမို့မို့

(နေနိုင်သူရယ်)၊ (ဆွေး)၊ (ရထားလေးနဲ့ အိမ်ပြန်ချိန်) သီချင်းများကို ဆက်သီဆိုကာ ဖြိုးကြီးနှင့် တွဲဖက်၍ (ငပလီက မျှော်နေမယ်) ကို သီဆိုခဲ့သည်။

စိမ်းမို့မို့ ဟေမာနေ၀င်း

ဟေမာနေဝင်း နှင့်တွဲကာ (အချစ်နွေမိုးဆောင်း) ကို သီဆိုပြီး   ဟေမာနေဝင်းက  (မောင်သိရဲ့လား) သီချင်းကို ဆက်၍ သီဆိုခဲ့သည်။

တူးတူး
စိမ်းမို့မို့ ချောစုခင်

တူးတူး က (အကြင်နာရဲ့သီချင်း)၊ ချောစုခင်က  (ချစ်သူလာရင်) သီချင်းများကို သီဆိုပြီးသောအခါ အဝတ်အစား နောက်တစုံဖြင့် စင်ပေါ်သို့ စိမ်းမို့မို့ ပြန်လည်ရောက်ရှိလာပြီး (ချိုနေတာတွေ အားလုံးခါး) သီချင်းကို ချောစုခင်နှင့် တွဲဖက်၍ သီဆိုခဲ့သည်။

စိမ်းမို့မို့ တင်တင်မြ

ထို့နောက်မြန်မာသံစဉ် တေးသီချင်းများကို ဂီတမှူး ကိုထွန်းမင်းဦးစီးသော ဝတ်မှုန်တေးဂီတ အဖွဲ့နှင့် ထပ်မံသီဆိုသည်။ (ပင်တိုင်စံ) သီချင်းကို သီဆိုသောအခါ မူရင်းတေးသံရှင် တင်တင်မြ မှ ပန်းစည်းပေးအပ်ရင်း အနည်းငယ် ဝင်သီဆိုပေးခဲ့သည်။ထို့နောက် (ကြင်စဦး)၊ (လွမ်းငွေ့ဝေဝေ) သီချင်းများကို သီဆိုခဲ့သည်။

 

နီနီခင်ဇော်

နီနီခင်ဇော် နှင့်တွဲ၍ (မျက်ဝန်းစကား)ကို သီဆိုပြီး နီနီခင်ဇော် တစ်ကိုယ်တည်း (အချစ်ကြောင့်)၊ ကော်နီ တစ်ကိုယ်တည်း (သတိရပါနော်) သီချင်းများကို သီဆိုခဲ့သည်။

ကော်နီ စိမ်းမို့မို့

ထို့နောက် အဝတ်အစားနောက်တစုံ လဲလာသောစိမ်းမို့မို့ နှင့်တွဲဖက်ကာ (မင်းမျက်နှာများတယ်) ကိုသီဆိုခဲ့သည်။ သူ၏ နာမည်ကြီးသီချင်း (မိုး) ကိုတော့ တစ်ယောက်တည်းဆိုကာ  (ကမ္ဘာကိုလှပါစေ) သီချင်းကို ကော်နီ နှင့် တွဲကာသီဆိုရင်း ဖျော်ဖြေမှု အစီအစဉ်အားပြီးဆုံးခဲ့သည်။

ဇော်ဝင်းရှိန် စိမ်းမို့မို့

စိမ်းမို့မို့ သည် ဂီတလောကတွင် အနှစ်သုံးဆယ်ကျော် ကျင်လည်ခဲ့ပြီး  မည်သူ့အသံနှင့်မျှမတူပဲ သီးခြားဆိုနိုင်သော အဆိုတော်ဖြစ်သည်။ ထိုည ဖျော်ဖြေပွဲတွင် တေးရေး ဟင်္သာတမြင့်ငွေ၊ အောင်ကိုလတ်၊ ဂီတလုင်ဦးကိုကို၊ အောင်နိုင်စန်း၊ ဇော်တင်၊ စန်းချိုလင်း တို့ ရေးသားပေးခဲ့သော သီချင်းများကိုသီဆိုခဲ့သည်။

အယ်လ်ခွန်းရီ၊ တေးရေး မေသော်
မေသန်းနု

စတီရီယို ခေတ်ဦး အဆိုတော်များကို ငယ်မူငယ်သွေးပြန်စေရန်စီစဉ်သူကတော့ ဦးပီးပေါ် ဖြစ်ပြီး ထိုအစီအစဉ်ကို မြန်မာနိုင်ငံတဝှမ်းပြည်သူများ တီဗီဖန်သားပြင်မှနေ၍ ကြည့်နိုင်ရန် Sky Net ရုပ်သံက ပြသပေးခဲ့သည်။ ဝင်ကြေးများမှာ သုံးသောင်းကျပ်၊ နှစ်သောင်းကျပ်၊တသောင်းကျပ် နှင့် ခုနစ်ထောင်ကျပ်တို့ ဖြစ်သည်။ လွန်ခဲ့သော အနှစ်သုံးဆယ်မှ ပရိသတ်များ စိမ်းမို့မို့ နှင့်အပြိုင် သီချင်းတွေ သီဆိုခဲ့ကြသော ပျော်ရွှင်စရာပွဲကောင်းလေးတပွဲ အဖြစ်မြင်တွေ့ခဲ့ရသည်။

 

 

ပရိသတ်များ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “ရန်နောင်(ဗိုလ်တထောင်) – စိမ်းမို့မို့ ရဲ့ အချစ်နွေ မိုး ဆောင်း တေးဂီတ ဖျော်ဖြေပွဲ ကျင်းပပြီးစီး

Comments are closed.