ဓာတ်ပုံသတင်း အောင်ဒင်

ဟန်သစ်နိုင် – စာရေးဆရာ အောင်ဒင်၏ စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

ဟန်သစ်နိုင် – စာရေးဆရာ အောင်ဒင်၏ စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၄

အောက်တိုဘာ ၂၂ရက် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း Home မီဒီယာခမ်းမ၌ ကျင်းပသော စာရေးဆရာ အောင်ဒင်၏  စာအုပ် ၂ အုပ် ထုတ်ဝေခြင်း မိတ်ဆက်ပွဲ ကျင်းပသည်။ “ဒီမိုကရေစီ၊ ခွဲခြားဆက်ဆံခြင်းနှင့် မြေအောက်လှုပ်ရှား စာတမ်းများ” စာအုပ်ကို KQ စာအုပ်တိုက်မှထုတ်ဝေပြီး၊ “အောင်ဒင်/ဒတ္ထ အနှစ်နှစ်ဆယ် ကဗျာစု” စာအုပ်ကို ခေတ်ပြတိုက်စာပေမှ ထုတ်ဝေသည်။ ၄င်းစာအုပ်မိတ်ဆက်ပွဲတွင် ဦးဇာဂနာ၊ ကာတွန်းဆရာ ဝင်းအောင်၊ ဦးကိုကိုကြီး၊ ကဗျာဆရာသစ္စာနီ တို့မှ အမှတ်တရစကား ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုတွင် ၁၀စုနှစ် တခုကျော် နေထိုင်သော စာရေးဆရာ ကဗျာဆရာ အောင်ဒင်သည် ၂၀၁၂ခုနှစ်တွင် ပါဝင်လှုပ်ရှားခဲ့သောအဖွဲ့အစည်းများမှ အနားယူပြီး စာရေးစာဖတ်ခြင်းသာပြုလုပ်ခဲ့သည်။ မြန်မာပြည်ထုတ် မဇ္ဈိမ၊ TOMORRWသတင်းစာ၊ ခေတ်ရနံ့မဂ္ဂဇင်း၊ ရနံ့သစ်မဂ္ဂဇင်းများတွင် ဆောင်းပါးများရေးသားလာခဲ့သည်ဟု ဆိုသည်။ ရေးသားသည့် စာများမှာ မြန်မာနိုင်ငံကို အားမရ၍ ပြည်ပနိုင်ငံများနှင့်နှိုင်းယှဉ်သော စာများ၊ မြန်မာနိုင်ငံအတွင်းမှ ဖြစ်ပျက်နေသော နိုင်ငံရေးနှင့်ပဋ္ခိပက္ခများအကြောင်းများကို အကြံပေးဆောင်းပါးများ ဖြစ်သည်။ အမေရိကန်နိုင်ငံမှ စီးပွားရေး၊ ဘဏ္ဍာရေးနှင့် နိုင်ငံရေး မူဝါဒများကို မြန်မာနိုင်ငံနှင့် သင့်တင့်လျှောက်ပတ်နိုင်မည့် အကြံပေးဆောင်းပါးများကိုလည်း ရေးသားခဲ့သည်။ အဆိုပါဆောင်းပါးများနှင့် ၁၉၈၀-၁၉၉၀ ခုနှစ် မဂ္ဂဇင်းများတွင်ရေးသားခဲ့သော ကဗျာများကို စုစည်းပြီးနောက် စာအုပ်များအဖြစ် ထုတ်ဝေဖြစ်ခဲ့သည်ဟု သိရှိရသည်။

နိုင်ငံရေးအပေါင်းအသင်းမိတ်ဆွေများနှင့် စာပေအသိုင်းအဝိုင်းမှပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

စာရေးဆရာ ကဗျာဆရာအောင်ဒင်ကို ၁၉၆၃ခုနှစ် မတ်လ ၈ရက် တောင်ဥက္ကလာ ရန်ကုန်တွင်မွေးဖွားသည်။ ဝါရင့်သတင်းစာဆရာကြီး ဦးကျော်ရှိန်(မြေလတ်ဖိုးအောင်)နှင့် မိခင် ဒေါ်လှကြည်တို့၏ အကြီးဆုံးသားဖြစ်သည်။ အမည်အရင်းမှာ ချစ်ကိုကိုဖြစ်သည်။စာရေးဆရာ တာရာမင်းဝေ၏ အကိုဖြစ်သည်။ စက်မှုတက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၈၉တွင် ဖမ်းဆီးထောင်ချခံရသည်။ လွတ်မြောက်လာသောအခါတွင် ကျောင်းပြန်တတ်ခွင့်ရပြီး ၁၉၉၄တွင် ရန်ကုန်စက်မှုတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘွဲ့ရရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စုအခြေစိုက် National Endowment for Democracy (NED) မှချီးမြှင့်သော ၂၀၁၂ခုနှစ် ဒီမိုကရေစီဆု (2012 Democracy Award)ကို ကိုကျော်သူ၊ ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်၊ ဒေါက်တာစင်သီယာမောင်တို့နှင့်အတူ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကြီး ကိုယ်စားပြုရရှိခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts