ကဗျာ ထွန်းဝင်းငြိမ်း

ထွန်းဝင်းငြိမ်း – ကိုပါကြီး

ထွန်းဝင်းငြိမ်း – ကိုပါကြီး
အောက်တိုဘာ ၂၄၊ ၂၀၁၄

12


ခုချိန်မှာ စိတ်ပူတာ
ကျွန်မယောက်ျား လွတ်မြောက်ရေး မဟုတ်ဘူး။
အသက်ရှင်လျက်ရှိသေးလားဆိုတာပါ ….
မသန္တာ (ကိုပါကြီးဇနီး) )၂၂၊ ၂၀၁၊ ၂၀၁၄ – ပဲ့တင်သံ ဂျာနယ်)

ဒါဟာ
ပွင့်လင်းမြင်သာတဲ့ အစိုးရလား။

ဒါဟာ
တိုင်းပြည်ကိုကာကွယ်
စောင့်ရှောက်မယ်ဆိုတဲ့
တပ်မတော်ရဲ့ အကောင်းဆုံး
အားထုတ်မှုတခုလား။

မိသားစု ဘာပြောပြော
ဘယ်သူတွေ ဘာပြောပြော
ထုံးစံအတိုင်း
လုပ်ချလိုက်ပြန်ပြီ

ဒါဟာ
သူတို့ကျင့်သုံးနေတဲ့
လုပ်ထုံးလုပ်နည်း
အစစ်ကြီးပါ။

ဒါဟာ သူတို့အတွက်
အသစ်မဟုတ်ပေမယ့်
အသက်တချောင်းက
အသစ်မရဘူး။

ကျနော့် မိသားစု
မကြုံရသေးလို့
ဒါမျိုးမဖြစ်ဘူးထင်ပါသလား။

မြို့ပြ၊ ကျေးလက်
ရပ်ကွက်၊ တောကြို အုံကြား
တိုင်းရင်းသားတွေလည်း
ခါးစည်းခံနေရတဲ့
ဒီလိုအဖြစ်ဆိုးတွေ
များလှပါပြီ။

သူတို့လုပ်ရပ်ဟာ
ဒီလိုတော့
သမိုင်းတွင်ကျန်ရစ်တာပေါ့။

ဤအဖြစ်သည်ကား
တံလျှပ်ဒီမိုကရေစီ
အရေခြုံငြိမ်းချမ်းရေး
မင်းမဲ့စရိုက်၊ အဖျက်အမှောင့်
သောင်းကျန်းသူ၊ အကြမ်းဖက်သမား
ဥပဒေမဲ့၊ တရားလက်လွတ်
သူခိုးဓါးပြ၊ အမြီးကျက် အမြီးစား
တရုတ်အားကိုး ပုဆိန်ရိုး
အူကြောင်ကြားအစိုးရ
ဂန်ဒူးလွှတ်တော်
မိုက်ခဲတပ်မတော်တို့၏

ခေတ်အဆက်ဆက်
ဖက်ဆစ်အမေါဆက်ခံထားသော
လူလွန်မသားများ၏
ကျင့်ထုံးအလိုတည်း။ ။

ထွန်းဝင်းငြိမ်း
၂၄၊ ၁၀၊ ၂၀၁၄

ထွန်းဝင်းငြိမ်း ဖေ့ဘုတ်ခ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။

မူရင်းကဗျာ

10342920_877254202285478_3263884747296116025_n


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts