ကဗျာ မင်းညွှန့်လှိုင်

မင်းညွန့်လှိုင် – ဥ ပ မာ အ လ င်္ကာ

မင်းညွန့်လှိုင် – ဥ ပ မာ အ လ င်္ကာ

(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၄
အမှန်တရားဆိုတာ မော့နေတဲ့ဦးခေါင်း

သံတိုင်ကြားက ဦးဝင်းတင်လို။အမှန်တရားက အမှောင်ထဲလည်း မွှေးတယ်

ဒဂုန်တာရာချစ်တဲ့ ဆိတ်ဖလူးရနံ့လို။

အမှန်တရားဟာ ပန်းပန်လျက်ပဲ

ဗေဒါပျံနဲ့ ဒေါ်အောင်ဆန်းစုကြည်လို။

အမှန်တရားက ခပ်ရဲရဲပြုံးလို့

တရားရုံးရောက် ဖြူနှင်းထွေးလို။

သို့သော် …

နှစ်သစ်အလွန် ပိတောက်ပန်းလို

ေ နောက်မကျပါစေနဲ့ အမှန်တရားရေ ။         ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts