Han Thit Naing ဓာတ်ပုံသတင်း

ဟန်သစ်နိုင် – ကလေးများ လက်သန့်ရှင်းရေး Lifebuoy ဆပ်ပြာက နှိုးဆော်

ဟန်သစ်နိုင် – ကလေးများ လက်သန့်ရှင်းရေး Lifebuoy ဆပ်ပြာက နှိုးဆော်
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၄
“ကမ္ဘာလုံးဆိုင်ရာ လက်သန့်ရှင်းရေးနေ့ (GHD)”  ထောက်ပံ့အားပေးနေသည့် ကျန်းမာရေးဆပ်ပြာ Lifebuoy က “ကလေးတစ်ယောက် အသက် ၅နှစ်ပြည့်ရန် ကူညီကြစို့” လှုပ်ရှားမှုအစိတ်ပိုင်းတစ်ခုဖြစ်သော “ဒို့ကျောင်းတော်ကြီး၏ ထိပ်တန်းသူရဲကောင်း ၅ယောက်” လှုံ့ဆ်ာမှုအကြောင်း ရန်ကုန် အ.ထ.က (၂) စမ်းချောင်းမြို့နယ်တွင်အောက်တိုဘာ ၁၅ရက်နေ့က ရှင်းလင်းပြောကြားခဲ့သည်။
Lifebuoy အစီအစဉ်တွင် မှန်ကန်သော လက်ဆေးခြင်းအကြောင်း ကလေးသူငယ်များ နားလည်သိရှိစေရန် သရုပ်ပြကာတွန်းများ၊ တေးသီချင်းများ၊ ကစားနည်းများနှင့် ဆုချီးမြှင့်ခြင်းများ အသုံးပြုသင်ကြားပေးသည်။ ၎င်းအစီအစဉ်သည် မနက်စာ၊ နေ့လည်စာ၊ ညစာမစားမီ၊ ရေချိုးချိန်နှင့် အိမ်သာအသုံးပြုပြီးချိန် အဓိက ၅ချိန်တွင် ဆပ်ပြာနှင့် လက်ဆေးခြင်းအလေ့အကျင့်များရှိလာစေရန်၊ ရောဂါများကို တိုက်ဖျက်သွားရန်ဖြစ်သည်။ “ဒို့ကျောင်းတော်ကြီး၏ ထိပ်တန်းသူရဲကောင်း ၅ယောက်” အစီအစဉ်အား ရန်ကုန်နှင့် မန္တလေးမြို့များရှိ မူလတန်းကျောင်းများတွင် ပြုလုပ်ခဲ့ပြီး ဆက်လက်၍ အခြားမြို့ကြီးများတွင်လည်း ဆက်လက်ပြုလုပ်သွားဟုဆိုသည်။
“ တကိုယ်ရေသန့်ရှင်းဖို့အတွက် လက်ကိုစင်ကြယ်အောင် ဆပ်ပြာနဲ့ဆေးရေး၊ ထိရောက်တဲ့ပညာပေး အစီအစဉ်တွေ လုပ်ဆောင်ပေးတယ်၊ ၁နှစ်အောက် ကလေးသူငယ်တွေ သေဆုံးမှုလျော့ချမှုအတွက် လက်ဆေးရေးအကျင့်တွေပြန့်ပွားအောင် ၂၀၂၀ခုနှစ်အထိ ဆက်တိုက်လုပ်ဆောင်သွားမယ်” ဟု Unilever ၏ Country Director ဦးဇော်မျိုးလှိုင်ကပြောသည်။
“လက်ဆေးခြင်းအပြုအမူတွေပြောင်းလဲဖို့နဲ့ သန့်ရှင်းကျန်းမာတဲ့ အလေ့အကျင့်ကောင်းတွေ ခိုင်မာအမြစ်တွယ်ဖို့ လူထုပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေနဲ့ အတူတကွပူးပေါင်းဆာင်ရွက်မှုတွေ လိုအပ်ပါတယ်၊ လူထုအသိုင်းအဝိုင်းအနေနဲ့ ကလေးငယ်တွေသေဆုံးခြင်းကို ကာကွယ်တားဆီးဖို့လိုပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ကလေးအထူးကုဆရာဝန် ဒေါက်တာဒေါ်ခင်စောရီမှ ပြောသည်။

 

Lifebuoy မှရည်ရွယ်ချက်သည် တစ်ကြိမ်လျှင်ကျေးရွာတစ်ရွာစီကျ မှန်ကန်သော လက်ဆေးခြင်းဖြင့် အမူအကျင့်များကို ပြုပြင်သင်ကြားပေးခြင်းဖြင့် ၂၀၂၀ခုနှစ်အရောက်တွင် မြန်မာနိုင်ငံရှိလူသန်းပေါင်း ၂၀အား ကူညီပေးရန်ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts