Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) Huawei Ascend Mate7 & Ascend G7 မိတ်ဆက်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ရန်နောင် (ဗိုလ်တထောင်) Huawei Ascend Mate7 & Ascend G7 မိတ်ဆက်ပွဲအခမ်းအနား ကျင်းပပြုလုပ်
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၄

Huawei ကုမဏီ မှ ထုတ်ကုန်ပစ္စည်းအသစ်ဖြစ်သော Huawei Ascend Mate7နှင့်  Ascend G7 မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ Park Royal Hotel၌ ၂၀၁၄ခုနှစ် အောက်တိုဘာလ ၁၀ရက် နေ့လည် ၂နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ Huawei Consumer Business Group ၏ စီအီးအို Richard Yu က ကုန်ပစ္စည်းအသစ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

“ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ အမြန်ဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံးဖြစ်သော Big-screen smart ဖုန်းကို သုံးစွဲသူများနှင့် မိတ်ဆက်ပေးတဲ့ နေ့ဖြစ်ပါတယ်၊ ဒီကုန်ပစ္စည်းထုတ်လုပ်မှုမှာ ကမ္ဘာပေါ်ရှိ လူတိုင်းကို ကျွန်တော်တို့သည် “Make it possible” ဟူသော ဆောင်ပုဒ်ကို အကောင်ထည်ဖော်နေကြောင်း ကျွန်တော်တို့ရဲ့ အရည်အသွေးမြင့်ကုန်ပစ္စည်းကို မိတ်ဆက်ခြင်းအားဖြင့် သက်သေပြခြင်းဖြစ်တယ်” ဟု စီအီးအို ရစ်ချပ်စ်ယု ကပြောကြားခဲ့သည်။

ဆက်လက်၍ Huawei မှတာဝန်ရှိသူများက ကုန်ပစ္စည်းသစ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းမိတ်ဆက်ခဲ့သည်။ Ascend G7 သည် သုံးစွဲသူတို့၏ ကိုယ်ပိုင်ဟန်ကို ပေါ်လွင်စေမည်ဖြစ်ပြီး ၇.၆မီလီမီတာ သာရှိသော အထူနှင့် ၁၆၅ဂရမ်သာ အလေးချိန်ရှိသည်။ လှပသောသတ္တုဒီဇိုင်း၊ ချောမွတ်နေသော ဘေးအနားသတ် ဘောင်တို့ဖြင့် သုံးစွဲရပိုမိုလွယ်ကူစေရန် အထောက်အကူပြုလျှက်ရှိသည်။ 5.5 inch 1280 *720 HD display နှင့် ဖုန်းအရှေ့ပိုင်းနဲ့ အနောက်ပိုင်းတို့ကို ဆက်သွယ်ထားသည့် 7.6 mm သာရှိသော Chassis တို့က  ဖုန်းကို လက်တစ်ဖက်တည်းနှင့် အသုံးပြုရန် လွယ်ကူစေရုံသာမက လှပမှု၊ သက်တောင့်သက်သာရှိမှုတို့ကိုပါ ပေးစွမ်းလျှက်ရှိသည်။ Ascend G7 ကို ခဲရောင်၊ ရွှေရောင်၊ ငွေရောင်စသည့် သတ္တုအရောင်တို့ဖြင့် ရနိုင်သည်။

Ascend Mate သည် အပူဒဏ်ခံနိုင်သော နည်းပညာဖြင့် ပြုလုပ်ထားခြင်းကြောင့် အပူဒဏ်ကိုလျှော့ချနိုင်သည်။ ကိုယ်ထည်သည် 7.9မီလီမီတာသာရှိပြီး အလေးချိန် ၁၈၅ဂရမ်ရှိသည့်အတွက် ဖုန်းနောက်ပိုင်းကို မျဉ်းကွေးသဏ္ဍာန်ပြုလုပ်ထားပြီး ပိုမိုပါးလွှာသော 2.9မီလီမီတာ အနားသတ်တို့နှင့် တည်ဆောက်ထားသည့်အတွက် screen-to-body ratio 83% ဖြင့် သုံးစွဲနိုင်မည်ဖြစ်သည်။ Ascend Mate7ကို မီးခိုးရောင်၊ ရွှေရောင်၊ ငွေရောင်စသည့်အရောင်သုံးမျိုးဖြင့် ရရှိနိုင်မည်ဖြစ်သည်။

၆လက်မရှိသော FHD in-cell LTPS display ကြောင့် ဘက်ထရီသုံးစွဲမှုကို လျှော့ချနိုင်ပြီး အဆင့်မြင့်နည်းပညာကို အသုံးပြုထားသောကြောင့် အံ့သြဖွယ် high contract ratio ကို ရရှိမည်ဖြစ်ကာ မယုံကြည်နိုင်လောက်အောင် ကြည်လင်ပြတ်သားသော ပုံရိပ်များကို ကြည့်ရှုနိုင်မည်ဖြစ် သည်။ နောက်ကင်မရာသည် 13MPရှိပြီး f/2.o aperture ရှိခြင်းကြောင့် အလင်းရောင်နည်းသော နေရာများတွင်ပင် ရုပ်ထွက်ကောင်းသော ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ ထို့အပြင် ရှေ့ကင်မရာသည် 5MPရှိပြီး ဈေးကွက်ထဲတွင်ဦးဆောင်နေသော 5p non-spherical lens နှင့် တည်ဆောက်ထားခြင်းကြောင့် ပိုမိုကြည်လင်ပြတ်သား၍ ပုံရိပ်မှုန်ဝါးခြင်းများကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။

ထို့နောက် အခမ်းအနားမှူး ဆန်းထွဋ်နှင့် Brand Ambassador ဝတ်မှုန်ရွှေရည်တို့ အင်တာဗျူးအစီအစဉ်ကို ပြုလုပ်ခဲ့ပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ပြီးဆုံးခဲ့သည်။

Ascend G7နှင့် Ascend Mate7ကို နောက်နှစ်ပတ်အကြာတွင် ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချမည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts