တူမောင်ညို သူတို့အာဘော်

တူမောင်ညို – သူတို့၏ တူညီသောလက္ခဏာနှစ်ခု

တူမောင်ညို – သူတို့၏ တူညီသောလက္ခဏာနှစ်ခု
(မိုးမခ) အောက်တိုဘာလ ၉၊ ၂၀၁၄

စစ်အာဏာရှင်စနစ်၊ စစ်အုပ်စု၊ ထောက်လှမ်းရေးတို့နဲ့ပတ်သက်လာရင် “အစာမကြေဘူး၊ ကမ္ဘာမကြေဘူး”ဆိုတဲ့ ဦးဝင်းတင် သဘောထား အတိုင်း သဘောထားကြရမည်။ ဘာကြောင့်လဲ။ စစ်အာဏာရှင်စနစ်၊ စစ်အုပ်စု၊ စစ်ထောက်လှမ်းရေးတို့သည် ယနေ့အခါ ဆက်လက်တည်ရှိနေသောကြောင့်ဖြစ်သည်။

စစ်အာဏာရှင်စနစ်သည် “၂၀၀၈ အခြေခံဥပဒေ”ဟူသော ဝတ်ရုံကို ခြုံ၍လည်းကောင်း၊ စစ်အုပ်စုသည် “တပ်မတော်” ကို  ဂုတ်ခွစီးလျက် ကန့်လန်ကာနောက်ကွယ်မှနေ၍လည်းကောင်း၊ စစ်ထောက်လှမ်းရေးသည် “စရဖ”၊“(SB)” အဖြစ်လည်းကောင်း အသွင် ပြောင်း၍တည်ရှိ နေကြသည်မဟုတ်ပါလား။ လူထုလှုပ်ရှားမှုများကို ပိုပြီးလက်ရဲဇက်ရဲ အကြမ်းဖက်နှိမ်နင်းနိုင်ရန်အတွက် ရဲတပ်ဖွဲ့ကို(EU) ကပင် လေ့ကျင့် သင်တန်းတွေလာရောက် ပေးနေပြီမဟုတ်ပါလား။

ယခုအခါ ထိုရဲများသည် (EU) ကပေးသော အကြမ်းဖက်နှိမ်နင်းရေးပညာသစ်များဖြင့် လက်ပံတောင်းဒေသတွင် ဒေသခံ ပြည်သူများအား ဖိနှိပ်အနိုင်ကျင့်နေပြီး စစ်တပ်ပိုင် ဦးပိုင်လီမီတက်(UMEH) နှင့် ဝမ်ပေါင်အကျိုးစီးပွားကို ပီပီပြင်ပြင် ကာကွယ်ပေးနေကြပြီလည်း မဟုတ်ပါ လား။

ခွင့်လွှတ်ကြေအေးရေးသပြေခက် (သို့မဟုတ်) ပြန်လည်သင့်မြတ်ရေးစကားကို တဖက်သတ် အူယားဖားယား ကမ်းလှမ်း/ခွန်း ဆင့်နေ သူများမှာ ခံရသူများ၏ ဒုက္ခသောကပင်လယ်ပြင်ကြီးထဲမှ အပေါ်ယံရေမြှုပ်နှင့်တူသောလူတချို့သာဖြစ်သည်။ အကြမ်းဖက်ဖိနှိပ်မှုများကို အဓိကကြိုးကိုင်အမိန့်ပေးပြီး လူမဆန်စွာ (ဦးဝင်းတင်စကားနဲ့ ပြောရလျှင် “တိရစ္ဆာန်ဆန်စွာ”) ပြုမူခဲ့ကြသူများက ရက်စက်ခဲ့ပါသည်၊ ရမ်းကားခဲ့ပါသည်၊ မှားယွင်းခဲ့ပါသည်၊ နောင်တရခဲ့ပါပြီ ဟူသောစကားကို “စကားအဖြစ်ပင်” တခွန်းတပါဒမျှ မဟခဲ့၊ မပြောခဲ့ချေ။

ဗိုလ်ခင်ညွန့်ကလည်းမပြောခဲ့။ မကြာခင်က ကြေညာခဲ့သော သမ္မတ(ဗိုလ်)ဦးသိန်းစိန်၏ “သောင်းပြောင်းလွတ်ကျွတ်ပွဲ” ၌ ပါလာသော ယခင် “အရိုးရင့်အမွှေးရှည် ထောက်လှမ်းရေးအကောင်ကြီး” တကောင်ဖြစ်သည့် ဗိုလ်သိန်းဆွေကလည်း မှားခဲ့ပါတယ်/ တောင်းပန်ပါတယ် ဆိုသည့်စကား တခွန်းတပါဒမျှ မဆိုခဲ့ချေ။

ဗိုလ်သန်းရွှေစစ်အုပ်စု (လက်ရှိအာဏာပိုင်စစ်အုပ်စု) က “ဗိုလ်ခင်ညွန့်ဂိုဏ်းထောက်လှမ်းရေးဟောင်းများ”ကို လည်ပင်းနင်းပြီး ခံဝန်ချက်  ၃ ခုတောင်းပုံရသည်။ ထောက်လှမ်းရေးဟောင်းတိုင်းမပေးမနေရသည့် ခံဝန်ချက်လည်းဖြစ်ပုံရသည်။

– “၁၉၈၈ အရေးအခင်းကာလ မှ (နဝတ-နအဖ) စစ်အစိုးရကာလအတွင်း” ဖိနှိပ်အကြမ်းဖက်သတ်ဖြတ်မှု မှန်သမျှနှင့်ပတ်သက်ပြီး မည် သည့်အခါမျှ ဝန်ချတောင်းပန်ခြင်းမပြုပါ။
– စစ်အုပ်စုအပေါ် အစဉ်သစ္စာရှိပါသည်။ ထာဝစဉ်ကျိုးနွံ နာခံပါမည်။
– နိုင်ငံရေးမလုပ်ပါ ဟူသည့် ခံဝန်ချက် ၃ ခု ဖြစ်နိုင်သည်။

ဒီခံဝန်ချက် ၃ ချက်ကို ဗိုလ်ခင်ညွန့်လည်းပေးခဲ့ရသည်ဟု ယူဆသည်။ ဗိုလ်သိန်းဆွေလည်းပေးခဲ့ရမည်။

ဗိုလ်သိန်းဆွေတို့ ဖြေနည်းက တော်တော်တရားကျဖို့ကောင်းသည့် ကြောင်သူတော်လုပ်ရပ်မျိုးဖြစ်သည်။ ဗိုလ်သိန်းဆွေဖြေ သည့် အဖြေ အတိုင်းဖော်ပြလိုက်ပါသည်။

“အဘကတော့ အဲဒီကိစ္စလေးကို ဘာမှ မပြောချင်ဘူး။ မပြောချင်ဘူး ဆိုတာက လူတယောက်မှာ ခံစားချက်အမျိုးမျိုးပဲ။ အဲဒီလို တကယ် တမ်း သူတို့ နာခဲ့ရတယ်ဆိုတာလည်း မှန်ပါတယ်။ အဘကတော့ ဘာသာတရားဘက်ကပဲ ကြည့်ပြီးပြောရင် ငါတို့ တိုင်းပြည်အတွက် ဒီလောက်ထိ လုပ်ပေးခဲ့ပြီး ဝဋ်ကြွေးရှိလို့ ဒီလိုခံစားခဲ့ရတာပဲ။ ဒါတွေနဲ့ ပတ်သက်ပြီး ငါတို့ ပြီးတာတွေ ပြီးခဲ့ပြီ။ ဘာမှ သဘောထားစရာ မလို တော့ဘူး” တဲ့။

ဒီတော့ အာဏာမဲ့အစွယ်ကျိုး ထောက်လှမ်းရေးဟောင်းဆီကတောင် “တောင်းပန်/နောင်တ” စကားမကြားရဘဲ။ အာဏာယူထားသူများထံကပြန်လည်သင့်မြတ်ရေးကိုမျှော်လင့်စောင့်စားနေတာဟာဖြင့် ကိုယ့်ကိုယ်လိမ်ညာနားချပြီး ကြိုးစားပမ်းစား ကျောက်ခဲရေ ညှစ်နေကြ တာပဲဖြစ်မည်။

ဗိုလ်သိန်းဆွေပြောတာက“တိုင်းပြည်အတွက် ဒီလောက်ထိလုပ်ပေးခဲ့ပြီး၊ ဝဋ်ကြွေးရှိလို့ဒီလိုခံစားရတာပဲ”တဲ့။ ထောက်လှမ်းရေးကပြော သလို (တိုင်းပြည်အတွက် ဒီလောက်လုပ်ပေးခဲ့တယ်ဆိုတဲ့) တိုင်းပြည်နဲ့လူထုအပေါ် အကြမ်းဖက် ဖိနှိပ်ညှဉ်းပမ်းသတ်ဖြတ်ခဲ့ကြတာတွေကို ဗိုလ်သန်းရွှေစစ်အုပ်စု (လက်ရှိအာဏာပိုင်စစ်အုပ်စု) ကလည်း အကျေနပ်ကြီးကျေနပ်သည်။

ဒီလိုကျေနပ်လို့ ဒီလို (တိုင်းပြည်အတွက် ဒီလောက်လုပ်ပေးခဲ့တယ် ဆိုတဲ့) လူမဆန်စွာ ( လမ်းမပေါ်၊ စစ်ကြောရေးနဲ့ အကျဉ်းထောင်များ အတွင်း) ဖိနှိပ်အကြမ်းဖက်ခဲ့ကြသော ရာဇဝတ်မှုများကို ထာဝစဉ်ကာကွယ်နိုင်ဖို့ “၂၀၀၈ အခြေခံဥပဒေ” ပုဒ်မ ၄၄၅ ကို အသေအချာ ထည့်သွင်းရေးဆွဲပြဋ္ဌာန်းစေခဲ့တာပဲဖြစ်သည်။ ပုဒ်မ ၄၄၅ သည်  ၁၉၈၈ အရေးအခင်းကာလအတွင်း နှင့် (နဝတ-နအဖ) စစ်အစိုးရအုပ်စိုး စဉ်ကာလအတွင်း အကြမ်းဖက် သတ်ဖြတ်မှုအားလုံးကို အကာအကွယ်ပေးထားသည့်ပုဒ်မ ဖြစ်သည်။ ဒီပုဒ်မ၏ အကျိုးကျေးဇူးကို ဒီ “၂၀၀၈ အခြေခံဥပဒေ” တည်မြဲနေသမျှ ဗိုလ်သန်းရွှေတို့ ဗိုလ်ခင်ညွန့်တို့၊ ဗိုလ်သိန်းဆွေတို့ တဦးချင်းသာကမ စစ်အုပ်စုတခုလုံး၏ အသက်အိုးအိမ်စည်းစိမ်နှင့်အကျိုးစီးပွားများကို အကာကွယ်ပေးနေမှာပဲဖြစ်သည်။

ဗိုလ်သန်းရွှေတို့စစ်အုပ်စုက ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးဂိုဏ်းကို နှိမ်နင်းရခြင်းသည် အာဏာစားခွက် လုယက်လာ၍သာ ဖြစ်သည်။ ဤသည်မှာ စစ်အုပ်စုဓါးပြဂိုဏ်းအတွင်းမှ ဗိုလ်လုမှုသာဖြစ်သည်။ ထိုဗိုလ်လုပွဲတွင် ဗိုလ်ခင်ညွန့်၏ ထောက်လှမ်းရေးဂိုဏ်း နှိမ်နင်းခံရခြင်း သာဖြစ်သည်။ ဗိုလ်လှဆွေကပင် ထောက်လှမ်းရေးဆိုတာ “ပြည့်တန်ဆာမ ပေါင်ပေါ်တင်ထားတာကို” သတင်းယူနေတာလို့ လှောင်ပြောင်ဝံ့ တယ်ဆိုတဲ့ အနေအထားဟာ ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးဂိုဏ်း မရှုမလှကျရှုံးသွားပြီးဆိုတာကို ဖော်ပြနေတဲ့ အချက်အလက်တခုပဲ မဟုတ်ပါလား။

အာဏာရပဲဖြစ်ဖြစ်၊ အာဏာမဲ့ပဲဖြစ်ဖြစ် စစ်အုပ်စုဝင်ဖြစ်ဖူးသူ၊ စစ်အုပ်စုဂိုဏ်းသားတိုင်းမှာ (စစ်တပ်ကပဲဖြစ်ဖြစ်/ထောက်လှမ်းရေးကပဲ ဖြစ်ဖြစ်)  တူညီနေသောလက္ခဏာချက် နှစ်ခုရှိနေတာတွေ့ရပါသည်။

(၁) လက်ရှိ အာဏာရစစ်အုပ်စုအပေါ် ကျိုးနွံနာခံတာခြင်း
(၂) အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်ခဲ့မှုများနဲ့ပတ်သက်ပြီး ပြည်သူလူထုထံဝန်ချတောင်းပန်လိုခြင်း အလျှင်းမရှိတာတို့ပဲဖြစ်ပါသည်။

အဲဒီလက္ခဏာ နှစ်ရပ်နဲ့ ကင်းစင်တဲ့သူဆိုရင်တော့ ပြည်သူလူထုဘက်ရောက်လာတဲ့သူလို့ ပြည်သူ့ဘက်တော်သားလို့ သတ်မှတ်ရလိမ့်မည်။ သဘောထားရလိမ့်မည်။ ကြိုဆိုကြရလိမ့်မည်။ ဤအမျိုးအစားကား ရှားပါးပေစွ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

2 thoughts on “တူမောင်ညို – သူတို့၏ တူညီသောလက္ခဏာနှစ်ခု
  1. Tu Maung Nyo .

    very good.
    very true. Hote Tae.

    We need to . . you need to say more effectively and people must ACT accordingly –

    vietnam is the same – current situation is Vietnam, the same. U Thein Sein copying Vietnam.

    Karaoke, sexually explicit .. so that people will get happy and jolly.

    prostitution , any thing relates to sex. . Yes. this is ‘ human’s favourite. but they use this a ‘ diversion globally ‘ so that people will not focus on their abuse and theft.

    In vietnam, only off springs of Communist Hardcore are air hostess in Vietnam Airline. Crony the same. Many of them are from ‘ Hanoi;’ . Not from south vietnam origin.

    Globally the same ‘ style ‘ in Myanmar . Duplicating the style of Vietnam. ‘ shoot to kill ‘ is more common in Vietnam jail system – than Myanmar. The whole ‘ those bastards ‘ to be obliterated.

    the reasons of jailying those M I officials are ‘ so that they can not divulge ‘ . May be one or two of them will divulge To prevent these, they are still in jail until ‘ the government ascertained their ‘ hush ‘ (not saying words ) . Buying the time ‘ to build up more and more solid in finance and security )

    The main point is ‘ they do not want to be trialed as ‘ Serbia ‘ and ‘ Cambodia ‘ . That is the bottom line. They like to die in natural ways and build up for their off springs to get ‘ RICH ‘ and buy real estates in West Countries which they gossip in newspapers and media. . They tell ‘ bad things ‘ about those people and those countries.. and they are the one who send their children and relative to ‘ settle there ‘ and buy estates. .. smuggle the valuables.

    Those who do not have ‘ brain ‘ .. believe whatever they said. The same in Vietnam. The same.

    In Vietnam, the government called ‘ old South Vietnamese ‘ in Western countries. who ran away in mid 1970s. .. they permit them to come back to Vietnam as ‘ permanent resident ‘ . 5 years at one time. Just like Thein Sein is doing now. They called those ‘ ex south vietnamese’ … you are ‘ integral parts of our Vietnam’ . Because thousands and thousands of Vietnamese in Western countries are sending lots of supporting money to their old relative and people in Vietnam who are still poor. ( But better than Myanmar by the way ) …

    Ask any Vietnamese …..in your surrounding … good historian of Vietnamese.. The same . style and That is what Thein Sein copied exactly from Vietnam after he visited Vietnam in 2010-2011?

  2. ကိုတူမောင်ညို ရေးလိုက်တာက တည့်နေတာပဲဗျာ။

Comments are closed.